Latest News

Friday, July 21, 2017

မစ္စယန်ဟီးလီက စိတ်ပျက်ရတဲ့ခရီစဉ်လို့ပြော

မစ္စယန်ဟီးလီက စိတ်ပျက်ရတဲ့ခရီစဉ်လို့ပြော

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက သူရဲ့ မြန်မာနိုင်ငံ ၁၂ ရက်ကြာ ခရီးစဉ်အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို လာခွင့်မပြုခဲ့သလို သူ့ခရီးစဉ်ကိုလည်း ကန့်သတ်ဖို့ကြိုးစားတယ်လို့  ပြောပါတယ်။

သွားလိုတဲ့နေရာတွေကိုလည်း အချိန်တိုအတွင်းမှာ မို့လို့ လုံခြုံရေး အကြောင်းပြချက်နဲ့ ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

သူ့ရဲ့ခရီးစဉ်ကို ကန့်သတ်ရုံမက သူကိုလာတွေ့သူတွေကိုလည်း ဓါတ်ပုံရိုက်တာ မေးခွန်းထုတ်တာနဲ့ လိုက်လံ စောင့်ကြည့်တာတွေ လုပ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် လက်ရှိအစိုးရလက်ထက် တတိယအကြိမ်ဖြစ်တဲ့ ဒီခရီးစဉ်ဟာ စိတ်ပျက်စရာ ခရီးစဉ်လို့ ပြောပါတယ်။

လက်ရှိအစိုးရဟာ အရင်အစိုးရတွေလိုပဲ ပြုမူနေတယ်လို့ မစ္စစ်ယန်ဟီးလီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment