Latest News

Monday, July 10, 2017

ခွင့်မပြုဆိုးဆေး အသုံးပြုထားခြင်း ရှိ မရှိ စမ်းသပ်နည်း ငါးပိလုပ်ငန်းရှင်တွေကို သင်တန်းပေးဖို့ စီစဉ်နေ

ခွင့်မပြုဆိုးဆေး အသုံးပြုထားခြင်း ရှိ မရှိ စမ်းသပ်နည်း ငါးပိလုပ်ငန်းရှင်တွေကို သင်တန်းပေးဖို့ စီစဉ်နေ

နေပြည်တော်က ငါး ပိအရောင်းဆိုင်တွေကို လိုက်လံစစ်ဆေး ရာမှာ အများစုဟာ ခွင့်မပြုဆိုးဆေးတွေ  အသုံးပြုထားတာကြောင့် ရောင်းချသူ ကိုယ်တိုင် စစ်ဆေးမှုပြုလုပ်နိုင်ရန် သင်တန်းပို့ချပေးဖို့  အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စီစဉ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်ရှိ ဈေးတွေမှာရောင်းချ နေတဲ့ ငါးပိတွေကို လိုက်လံစစ်ဆေးရာမှာ  အများစုမှာ ခွင့်မပြုဆိုးဆေးများ အများဆုံးအသုံးပြုထားတာဖြစ်ပါတယ်။ အဲသည်လိုခွင့်မပြုဆိုးဆေးများ အသုံးပြုထားခြင်းကို ငါးပိရောင်းချနေတဲ့လုပ်ငန်း ရှင်ကိုယ်တိုင်မသိတာကြောင့် ပင်ရင်းက ဝယ်ယူတဲ့အခါမှာ စစ်ဆေးပြီးမှ ဝယ်ယူ နိုင်ဖို့အတွက် သင်တန်းပို့ချပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က ‘အမြန် စစ်ဆေးလို့ရတဲ့စက်နဲ့ သင်ကြားပေးပြီး စက်တွေကိုလဲ ရောင်းချပေးမယ်၊ သင်တန်းပေးဖို့  ဆရာတို့ဘက်က ရယ်ဒီပဲ၊ စစ် မယ့်ပစ္စည်းကလဲရှိပြီးသားပဲ၊ ငါးပိရောင်းတဲ့လုပ်ငန်းရှင်တွေတက်မယ့်စာရင်းကို ဈေးခေါင်းတွေကို ကောက်ခိုင်းထားတယ်” လို့  ပြောပါတယ်။

ငါးပိရောင်းချတဲ့လုပ်ငန်းရှင်ကိုယ် တိုင် ပင်မငါးပိဒိုင်က ဝယ်ယူကတည်းက အဲသည်ငါးပိမှာ ခွင့်မပြုဆိုးဆေးအသုံးပြု ထားခြင်းရှိ မရှိကို စစ်ဆေးနိုင်ဖို့အတွက် နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ လုပ်ငန်း ရှင်တွေကို သင်တန်း နှစ်ရက် ပို့ချပေး သွားမှာဖြစ်ပါတယ်။

‘တကယ်တမ်းတော့ ဈေးကွက်ထဲမှာ ငါးပိတွေက ဒါတွေပဲလေ၊ ဒါတွေက ဆိုး ဆေးတွေနဲ့ မရောင်းရဘူးဆိုတော့ ဒိုင်မှာ ဝယ်လာကတည်းက ပါလာတာလေ၊ အဲဒီ တော့ အခုလိုစမ်းသပ်နည်းသင်ပေးမယ်ဆိုတော့ ကောင်းပါတယ်၊ ကိုယ့်ပစ္စည်းလဲ မဆုံးရှုံးတော့ဘူးပေါ့”လို့ ကင်ပွန်းတန်း ဈေးအတွင်းမှာ ငါးပိလက်ကားရောင်းချ နေတဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စမ်းသပ်တဲ့စက်မှာ Rabid  Test (အ မြန်စစ်ဆေးနိုင်တဲ့စက်ကိရိယာ) ဖြစ်ပြီး အ သုံးပြုရမယ့်ပုံစံမှာ ဖန်ပြွန်ထဲကို ငါးပိထည့် မီးအပူပေးပြီး အဲသည်အထဲမှာ  အစလေး တစ်စပါရှိမှာဖြစ်ပါတယ်။ သတ်မှတ်တဲ့အ ချိန်ပြည့်ရင် အဲသည်အစလေးကို ရေပြန်ဆေးလိုက်တဲ့အခါမှာ အစမှာ ပန်းရောင် ကျန်ခဲ့မယ်ဆိုရင် ခွင့်မပြုဆိုးဆေးအသုံးပြုထားတာဖြစ်တယ်လို့လည်း သိရပါ တယ်။

‘ဥပမာ ငါးပိလက်ကားဝယ်ရင် ကား အစင်းလိုက်ဝယ်တယ်၊ အဲဒါဆိုရင် စစ် လိုက်၊ စစ်လို့ negative (အနုတ်လက္ခဏာ) ဆိုရင် သူ့အမှတ်တံဆိပ်ကပ်ပြီး ရောင်း၊ လက်ကားကြီးက သန့်သွားရင် လက်လီတွေ သွားစစ်စရာမလိုတော့ဘူး ပေါ့˘လို့ ဒေါက်တာထွန်းလင်းအောင်က ပြောပါတယ်။အက်ဖ်ဒီအေက တစ်နိုင်ငံလုံးအနေနဲ့ ဈေးကွက်အတွင်းရှိ ထုတ်ကုန်တွေကို စစ်ဆေးရာမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဓာတ်ပစ္စည်းများ ပါဝင်ပါက ရောင်းချခွင့် ပိတ်သိမ်းတာ၊ အရေးယူတာတွေ ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။
မိုးမိုး/Kumudra

No comments:

Post a Comment