Latest News

Monday, July 10, 2017

ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှတဆင့် ခိုးဝင်ဘင်္ဂါလီများ ဖမ်းမိ

ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှတဆင့် ခိုးဝင်ဘင်္ဂါလီများ ဖမ်းမိ

ကော့သောင်းမြို့မှာ ထိုင်းနိုင်ငံကတဆင့် ဝင်ရောက်လာတဲ့ ခိုးဝင်ဘင်္ဂါလီလူမျိုး ၇ ဦးနဲ့ ထိုင်းလူမျိုး ၁ ဦး၊ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲက ပြောပါတယ်။

ကော့သောင်းမြို့မှာ ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းက နယ်မြေလှည့်ကင်း ဆောင်ရွက် နေရာမှာ ပိတောက်ရွှေဝါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ ပိတ်ထားတဲ့ ကွမ်းယာဆိုင်ခုံပေါ်မှာ အိပ်နေကြတဲ့ ထိုင်းနိုင်ငံကတဆင့် ဝင်ရောက်လာတဲ့ ခိုးဝင်ဘင်္ဂါလီလူမျိုး ၇ ဦးနဲ့ ထိုင်းလူမျိုး ၁ ဦး၊ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ်သက်ပိုင်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ အာဇီဇူလာ(၄၀-နှစ်)နဲ့ တခြား ၆ ဦးဟာ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ဖြတ်ပြီး ကရင်ပြည်နယ်ကတဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့တာပါ။ တောထဲမှာ ၄ ရက် ကြာခဲ့ပြီး အစားအသောက်နဲ့ သောက်ရေ ပြတ်လပ်ခဲ့တာကြောင့် ထိုင်းရဲဆီမှာ အဖမ်းခံခဲ့ပြီး ထိုင်းရဲအချုပ်မှာ ၁၂ ရက် ကြာခဲ့ပါတယ်။ ထိုင်း လ.ဝ.က အချုပ်မှာ ၃၄ ရက် စုစုပေါင်း ၄၆ အချုပ်ခံခဲ့ရပြီး ဇူလိုင်လ ၆ ရက်နေ့မှာ ပြန်လွတ်ခဲ့တယ်လို့ သိရပါတယ်။

သူတို့နဲ့အတူ ပါလာသူ မီဇာနုရေ(၂၁-နှစ်)က ထိုင်းနိုင်ငံသားတဦးဖြစ်ပြီး ထိုင်းမှတ်ပုံတင် ပျောက်ဆုံးသွားခဲ့တာကြောင့် ထိုင်းရဲက စစ်ဆေးချိန်မှာ မပြသနိုင်ဘဲ ရနောင်းအချုပ်မှာ ကျခံနေရချိန် ဇူလိုင် ၆ ရက်နေ့က သူတို့ ၇ ဦးနဲ့အတူ ပြန်လွတ်ခဲ့ပြီး ရနောင်းလှေဆိပ်တခုကတဆင့် ကော့သောင်းမြို့ကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။

ပိတောက်ရွှေဝါရပ်ကွက် စွန္နီဂျမေဗလီမှာ နေ့ပိုင်း အများနဲ့ ရောနေခဲ့ပြီး ညပိုင်းမှာ ဗလီက လက်မခံခဲ့တဲ့အတွက် ဗလီအနီး ပိတ်ထားတဲ့ ဈေးဆိုင်ခုံတွေမှာ အိပ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ခိုးဝင် ၈ ဦးကို ကော့သောင်းရဲတပ်ဖွဲ့စခန်းက (ပ)၁၀၁၆/၂၀၁၇ လ.ဝ.က အက် ၁၃(၁) အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ ကော့သောင်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ရဲနိုင်ဝင်းက ပြောပါတယ်။
DVB

No comments:

Post a Comment