Latest News

Thursday, July 6, 2017

တာမွေမြို့နယ် ၁၅၇ လမ်းတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး

တာမွေမြို့နယ် ၁၅၇ လမ်းတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး


တာမွေမြို့နယ် ၁၅၇ လမ်းတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးမှု ဇူလိုင် ၆ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

သေဆုံးခဲ့သည့် အမျိုးသမီးမှာ အသက် ၂၄ နှစ်အရွယ်ခန့်ဖြစ်ပြီး ၎င်းမှာ ၀ဲပါးစောင်ကွဲဒဏ်ရာနှင့် လည်ပင်းပြတ်ရှဒဏ်ရာများ ရရှိကာ သျှင်ပါကူ ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် အသက် ၆၀ ခန့် အမျိုးသမီးတစ်ဦး၊ ယောက်ျားလျာ တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှ စတင် လာရောက် နေထိုင်ခြင်းဖြစ်ပြီး သေဆုံးခဲ့သည့်အမျိုးသမီးမှာ အဆိုပါ နေအိမ်သို့ အခင်းဖြစ်သည့်နေ့တွင် လာရောက် လည်ပတ်ရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်အား အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိများ၊ သက်ဆိုင်ရာ ရဲစခန်းနှင့် စီအိုင်ဒီမှ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

သီဟ
Eleven Media Group

No comments:

Post a Comment