Latest News

Thursday, July 6, 2017

မန္တလေး၌ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၈ လုံးပျက်စီး၊ ကျပ်သိန်းတစ်ရာခန့် ဆုံးရှုံး

မန္တလေး၌ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၈ လုံးပျက်စီး၊ ကျပ်သိန်းတစ်ရာခန့် ဆုံးရှုံး


မန္တလေးမြို့ချမ်းမြသာ စည်မြို့နယ်ထွန်တုံးရပ်ကွက်တွင် ဇူလိုင် ၆ ရက်က မီးလောင်ကျွမ်း မှုဖြစ်ပွားပြီး အိမ်ခြေ ၂၈ လုံးမီး လောင်ကျွမ်းကာ ကျပ်သိန်းတစ် ရာခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

နံနက် ၁၁ နာရီခန့်တွင်နံကပ်နှစ်ထပ်တိုက်မှ စတင်လောင်ကျွမ်းခဲ့ပြီး  ၄၅ မိနစ်အကြာ၌မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး    မီးသတ်ဦးစီးဌာန  တာဝန်ရှိသူတစ်ဦးက ပြောသည်။ မီးလောင်မှုကြောင့် နေအိမ် ၂၈လုံးနှင့်အတူ လိုက်ထရပ်ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးမီးလောင်ကျွမ်းခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် ၉၉ သိန်းရှိကြောင်းမန္တလေးတိုင်းဒေသကြီးမီးသတ် ဦးစီးဌာနက သတင်းထုတ်ပြန် သည်။ မီးလောင်ကျွမ်းမှုတွင် ဒဏ် ရာရရှိသူ သုံးဦးရှိပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘဲ မန္တလေး ပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထား သည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားရ သည့် အကြောင်းရင်းကို ဇူလိုင်လ၆ ရက် ညနေ ၅ နာရီအထိ စုံစမ်း သိရခြင်းမရှိသေးပေ။

‘‘မီးလောင်တဲ့နေရာမှာ အိမ် ခြေကစိပ်တယ်။ လမ်းကကျဉ်း တော့ မီးသတ်ကားကလည်း ဝင်ဖို့ခက်သွားတယ်’’ ဟု မီးဘေးသင့် ရပ်ကွက်အတွင်းနေထိုင်သူတစ် ဦးကပြောသည်။

မီးဘေးသင့်အိမ်ထောင်စု ၂၈ စုမှ လူဦးရေ ၁၈၀ ကို ထွန် တုံးရပ်ကွက်    ရွာလယ်လမ်း ၅၂×၅၃ လမ်းကြားရှိ ထွန်တုံး ရွာဦးကျောင်း ထွန်တုံးအေးငြိမ်း သီတာ ဓမ္မာရုံတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ကာထားသည်။

7Day News Journal

No comments:

Post a Comment