Latest News

Thursday, July 6, 2017

ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၉၄၀၀၀ ၀န်းကျင်တွင် ဆက်ရှိနေ

ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၉၄၀၀၀ ၀န်းကျင်တွင် ဆက်ရှိနေ

ယခင်ရက်များနှင့် နှိုင်းယှဉ်ပါက ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့ရွှေဈေးအနည်းငယ် ပြန်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၉၄၀၀၀ ၀န်းကျင်၌ ဆက်ရှိနေကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့ခြင်းကြောင့် ဇူလိုင် ၃ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အောက်ပြန်ရောက်လာခြင်း ဖြစ်သည်။  ပြီးခဲ့သည့်လ ကမ္ဘာ့ရွှေဈေးနှုန်း ကိုပြန်ကြည့်ပါက ဇွန် ၁ ရက်တွင် ၁၂၆၆ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် ဇွန်လအတွင်း အမြင့်ဆုံးနှုန်းအဖြစ် ဇွန် ၆ ရက်တွင် ၁၂၉၄ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ဇွန်လလယ်မှ ဈေးနှုန်းပြန်ကျလာရာ ဇွန်လအတွင်းအနိမ့်ဆုံးနှုန်းအဖြစ် ဇွန် ၂၆ ရက်တွင် ၁၂၄၀ ဒေါ်လာအထိ ဈေးကျဆင်းခဲ့ကာ ဇွန် ၃၀ ရက်တွင် ၁၂၄၂ ဒေါ်လာ ၀န်းကျင်ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဇူလိုင်လအတွင်း ဆက်တိုက်အားပျော့ခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ၁၂၃၅ ဒေါ်လာ၊ ဇူလိုင် ၄ ရက်တွင် ၁၂၁၇ ဒေါ်လာ၊ ဇူလိုင် ၅ ရက်တွင် ၁၂၂၀ ဒေါ်လာ၊ ဇူလိုင် ၆ ရက်တွင် ၁၂၂၄ ဒေါ်လာ ၀န်းကျင်တွင် ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့်အထိ ကွာခြားလျက်ရှိသည်။ ပြီးခဲ့သည့်ဇွန်လအတွင်း အမြင့်ဆုံးနှုန်းသည် ၁၂၉၄ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးနှုန်းသည် ၁၂၄၀ ဒေါ်လာဖြစ်သည်။

ဧပြီလအတွင်း ပြည်တွင်း ရွှေဈေးအနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်)ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည်ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်သည်။ မေလအတွင်း ပြည်တွင်း ရွှေဈေးအနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၁၂၀၀ (မေ ၅ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၀၀၀ (မေ  ၁၈ ရက်) ဖြစ်ခဲ့သည်။

ပြည်တွင်းရွှေဈေးနှုန်းသည် မေ ၁၆ ရက်မှစပြီး ဇူလိုင် ၂ ရက်အထိ ကျပ် ၉၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကြောင့် ဇွန် ၇ ရက်တွင် ပြည်တွင်းရွှေဈေး ကျပ် ၉၁၃၄၀၀ အထိ စံချိန်တင်ခဲ့ပြီးနောက် ဈေးပြန်ကျခဲ့ရာ ဇွန် ၂၉ ရက်တွင် ကျပ် ၉၀၄၄၀၀  ဇွန် ၃၀ ရက်တွင် ၉၀၀၆၀၀ အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၃ ရက် တွင် မေ ၁၆ ရက် နောက်ပိုင်းပထမဦးဆုံး အကြိမ်အဖြစ် ကျပ် ၈၉၅၅၀၀ အထိကျဆင်း ခဲ့ကြောင်း သိရသည်။ ထို့နောက် ဇူလိုင် ၄ ရက်တွင် ကျပ် ၈၉၀၀၀၀ အောက်အဖြစ် ကျပ် ၈၈၉၃၀၀ အထိ ဆက်ကျခဲ့ပြီး ဇူလိုင် ၅ ရက်တွင် ကမ္ဘာ့ရွှေဈေးအနည်းငယ်ပြန်တက် မှုကြောင့် ကျပ် ၈၉၅၃၀၀၊  ဇူလိုင် ၆ ရက်တွင် ကျပ် ၈၉၅၂၀၀ ၀န်းကျင်အထိ ဖြစ်ပေါ်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ၈၉၃၀၀၀ ကျော် အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment