Latest News

Saturday, July 1, 2017

ရမှတ် ၃၆၀ နဲ့ အထက်ရရှိပါက နည်းပညာတက္ကသိုလ် တွေ လျှောက်ထားနိုင်

ရမှတ် ၃၆၀ နဲ့ အထက်ရရှိပါက နည်းပညာတက္ကသိုလ် တွေ လျှောက်ထားနိုင်

အမျိုးသား ၆၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၀ ရာခိုင်နှုန်း သတ်မှတ်ကာ ၀င်ခွင့်ပေးသွားမှာဖြစ်ပါတယ်။တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ နည်းပညာတက္ကသိုလ် တွေကို လျှောက်ထားမယ်ဆိုရင် တက္ကသိုလ်ဝင်တန်းရမှတ် ၃၆၀ နဲ့အထက်ရရှိမယ်လို့ သိရပါတယ်။

နည်းပညာတက္ကသိုလ် တွေရဲ့ ယခုနှစ် ပထမနှစ်ဘွဲ့ကြိုတန်း အတွက် အမျိုးသား ၆၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၀ ရာခိုင်နှုန်း သတ်မှတ်ကာ ၀င်ခွင့်ပေးသွားမှာဖြစ်ပါတယ်။



နည်းပညာတက္ကသိုလ် တွေကို လျှောက်ထားမယ့် ကျောင်းသားတွေအနေနဲ့ မိမိ တို့ တက်ရောက်မယ့် တက္ကသိုလ်ရဲ့အမည်နဲ့ နည်းပညာတက္ကသိုလ် တည်ရှိရာမြို့တွေကို ဦးစားပေးအစဉ်လိုက် ထည့်သွင်းလျှောက်ထားရမှာလည်း ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိဦးစားပေး လျှောက်ထားတဲ့ ကျောင်း တွေမှာ အမှတ်မမီခြင်း၊ သတ်မှတ်အရေအတွက် မပြည့်မီမှုတွေကြောင့် တက်ရောက်ခွင့်မရမှုတွေရှိပါက ဦးစားပေ အစဉ်လိုက် အမှတ်မီတဲ့ နည်းပညာတက္ကသိုလ် တွေမှာ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအနေနဲ့ နည်းပညာတက္ကသိုလ် ပေါင်း ၃၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၃၀၀၀၀ ကျော် ပညာသင်ယူလျက် ရှိတယ်လို့ သိရပါတယ်။

Photos & Source: Democracy Today

No comments:

Post a Comment