Latest News

Wednesday, July 5, 2017

"မြို့တော်ရန်ကုန်ရဲ့ အနာဂတ် ရာသီဥတု စိန်ခေါ်မှုများ"

"မြို့တော်ရန်ကုန်ရဲ့ အနာဂတ် ရာသီဥတု စိန်ခေါ်မှုများ"

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဖြစ်တဲ့ မဟာရန်ကုန်ဟာ ရာသီဥတုပြောင်းလဲမှုကြောင့် စိန်ခေါ်မှုတွေရှိလာနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် (၅၁,၄၁၉,၄၂၀ ဦး) ရှိပြီး မြို့နေလူဦးရေမှာ ၁၄ သန်း ကျော် (၁၄,၈၆၄,၁၁၉ ဦး) ရှိနေပါတယ်။ မြို့နေလူဦးရေမှာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၂၉ ဒသမ ၆ ရာ ခိုင်နှုန်း ရှိပါတယ်။ အဆိုပါမြို့နေ လူဦးရေ အများဆုံးဟာ ရန်ကုန်မြို့တွင် နေထိုင်ကြပြီး မြို့နေလူဦးရေအားလုံးရဲ့ ၇၀ ဒသမ ၁ ရာခိုင်နှုန်း ရှိနေပါတယ်။ မြို့နေလူဦးရေအချိုးအစား အနည်းဆုံး တိုင်းဒေသကြီးမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်း မြို့နေလူဦးရေရဲ့ ၁၄ ဒသမ ၁ ရာခိုင်နှုန်းသာ မြို့နေလူဦးရေဖြစ်ပါတယ်။

ရန်ကုန်မြို့လူဦးရေမှာ လျင် မြန်စွာတိုးနေပါတယ်။ ရန်ကုန်မြို့နေလူဦးရေမှာ ၂၀၁၃ တွင် ငါးသန်းကျော်ရှိနေရာမှ သက္ကရာဇ် ၂၀၅၀ မှာ ရန်ကုန်မြို့လူဦးရေမှာ သန်း ၂၀ ခန့်အထိ ရှိလာမယ်လို့ ခန့် မှန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ် ရာသီဥတုစိန်ခေါ်မှုတွေအနေနဲ့ တွေ့ ရှိထားတာတွေကတော့ -

(၁) ယေဘုယျအားဖြင့် တစ်နိုင်ငံလုံးမှာ အပူချိန်တွေ တိုးနေပါ တယ်။ တစ်နိုင်ငံလုံးမှာ အပူချိန်တိုးနေပြီး အထူးသဖြင့် ဒီဇင်ဘာမှ မေလအထိ (အေးပြီးခြောက်သွေ့ သော ရာသီနဲ့ ပူပြင်းခြောက်သွေ့ သောရာသီ) ကာလဟာ အသိသာ ဆုံးဖြစ်ပါတယ်။ အပူချိန်တိုးမှုကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက် ပိုင်းဒေသတွေမှာ အသိသာဆုံးနဲ့ အများဆုံးဖြစ်ပါတယ်။ ပူတဲ့နေ့ တွေ၊ အအေးပေါ့တဲ့ညတွေ၊ အပူပေါ့တဲ့နေ့တွေ လျော့နည်းလာနေ ပါတယ်။

(၂) တိမ်ကင်းစင်သောနေ့တွေ (သို့မဟုတ်) ခြောက်သွေ့တဲ့နေ့ တွေဟာ တိုးလာနေပါတယ်။ ဒါဟာ ခြောက်သွေ့သောရာသီကာလတွေ၊ မိုးနည်းသောရာသီကာလ တွေ တိုးလာနေတာကို တွေ့နေရ ပါတယ်။ ခြောက်သွေ့မှုအညွှန်း ကိန်း (Drought Index)ကို တွက်ချက်ကြည့်ရာမှာ မြန်မာနိုင်ငံတွင် ၁၉၇၈ ကစတင်ကာ လက်ရှိကာလအထိ မှန်မှန်တိုးလာနေပါတယ်။

(၃) မိုးရေချိန်အပြောင်းအလဲ မတည်ငြိမ်မှုတွေ ပိုများလာပါ တယ်။  မြန်မာနိုင်ငံတစ်ဝန်း ရွာ သွန်းသော မိုးရွာသွန်းမှုပုံစံဟာ မျှ တတဲ့မိုးရေချိန်ရရှိမှု မတွေ့ရတော့ ဘဲပို၍ ခြောက်သွေ့သော (Drier) နဲ့ ပို၍စွတ်စိုသော (Wetter) မိုးရေ ချိန်ရရှိမှုပုံစံသာ တွေ့နေကြရပါ တယ်။ တစ်နည်းအားဖြင့် မိုးရေ ချိန်ရရှိမှုပုံစံဟာ လွန်ကဲရာသီဥတု ပုံစံ (Extreme Events)ကိုသာ တွေ့နေရပါတယ်။

(၄) ရေကြီးမှုဘေးအန္တရာယ်ကျ ရောက်နိုင်မှု အလားအလာတွေ တိုးနေပါတယ်။ ၂၀၁၅-၁၆ ရေ ကြီးမှုများအရ မြန်မာနိုင်ငံတွင် ရေကြီးမှုဘေးကို တောင်ကျရေများ ကြောင့် ပိုမိုဆိုးရွားမှုများ ကြုံတွေ့ လာရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ဆိုးရွားစွာဖြစ်ပေါ်နေသော သစ်တောပြုန်းတီးမှုကြောင့် ကုန်းမြင့်ဒေသတွေ၊ တောင်ကုန်း  ဒေသတွေမှာ ရေကိုထိန်းသိမ်းနိုင် သော ဂေဟစနစ်များ ပျက်စီးကုန် သဖြင့် မိုးအနည်းငယ်ရွာသည်နှင့် ပင် မြေအနိမ့်ပိုင်းတွေမှာ ရေဖုံး လွှမ်းမှုကို ကြုံတွေ့လာကြရပါ တယ်။ ရေကြီးမှုကို နှစ်စဉ်ကြုံတွေ့ ရပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်တို့တွင် မြေအနိမ့်ပိုင်းဒေ သများ ရေဖုံးလွှမ်းခြင်းကို နှစ်စဉ် ကြုံတွေ့ရလေ့ရှိပါတယ်။

(၅) လွန်ကဲရာသီဥတုဖြစ်စဉ်များတွင် ဖြစ်ပွားရာ အကြိမ်ပေါင်း၌ သာမက ပြင်းထန်မှုအင်အားတွင်ပါ တိုးလာနေပါတယ်။ မုန်တိုင်းကျရောက်ခြင်း၊ ကျယ်ပြန့်ရေကြီး ခြင်း၊ မုန်တိုင်းဒီရေတက်ခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ မိုးခေါင်ခြင်း၊ မိုး ကြီးခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း စတာတွေအပြင် မိုးတိမ်တောင်ဖြစ်ပေါ်မှု များလာမှုကြောင့် မိုးတိမ်တောင်ရာသီဥတု များဖြစ်ကြသည့် လေပြင်းတိုက် ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း စတဲ့ ဖြစ်စဉ်များ တိုးပွားနေရပါတယ်။ မိုးကြိုးပစ်ခံရတဲ့ အရေအတွက် ဟာ အချို့နှစ်များမှာ သေဆုံးသူ တစ်ရာကျော်အထိ မြင့်မားနေတတ်ပါတယ်။

(၆) အပူဒဏ်ကျရောက်မှု မြင့်မားလာခြင်း၊ လွန်ကဲသောအပူချိန်များ (Extreme Temperatures) ကျရောက်ခြင်း၊ အပူဒဏ် (Heat Stress) သင့်ခြင်း၊ ခန္ဓာကိုယ်ခံစား ရသောအပူချိန် (Feel Temperature or Heat Index) မြင့်မားပြီး အလွန်အန္တရာယ်ရှိတဲ့ အဆင့် (Extreme Danger) အဆင့်ကို မကြာမကြာ ရောက်ရှိလာနေပါတယ်။ ခရမ်းလွန်ရောင်ခြည်အ ညွှန်းကိန်းတွေလည်း အန္တရာယ်အလွန်မြင့်မားတဲ့အခြေအနေကို နွေရာသီကာလတွေမှာ ရောက်ရှိ နေတဲ့ရက်တွေ တိုးလာနေပါ တယ်။

(၇) မြေငလျင်အန္တရာယ် မြင့်မား လာခြင်း။မြန်မာနိုင်ငံဟာ မြေငလျင်လှုပ်ရှားမှုများပြားသော နိုင်ငံတစ်ခုဖြစ်ပြီး ပြင်းထန်သော မြေငလျင်ကြီး အများစုဟာလည်း ပြန်လည်လှုပ်ရှားမည့် ကာလ (Return Period)ကို ကျော်လွန်လာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အင်အား ရစ်ခ်ျတာစကေး ၆ အထက် ပြင်းထန်သော မြေငလျင်များ အချိန်မရွေး လှုပ်ရှားနိုင် ကြောင်း မြေငလျင်ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရစ်ခ်ျတာစကေး ၉ ခန့်ရှိတဲ့ အလွန်ပြင်းထန်တဲ့ မြေငလျင်ကြီးတစ်ခု မကြာမီ လှုပ်ရှားနိုင်ကြောင်းကို အမေရိကန် မြေ ငလျင်ပညာရှင်များက ခန့်မှန်း ထားကြပါတယ်။ အထပ်မြင့် အ ဆောက်အအုံများ (High Rise Buildings)များ တစ်နိုင်ငံလုံးတွင် အများဆုံးရှိသောမြို့မှာ ရန်ကုန်မြို့ဖြစ်ပြီး အများအားဖြင့် (High Rise Building Code)နှင့် ဆောက်လုပ်ထားသော အဆောက်အအုံများ မဟုတ်ကြသဖြင့် မြေငလျင်အန္တရာယ်ကျရောက်နိုင်မှု (Risk) သည် ရန်ကုန်မြို့ကြီးတွင် အလွန် မြင့်မားနေပါတယ်။

(၈) ယခုအခါတွင် မကြာမီကျ ရောက်လာတော့မယ့် သက္ကရာဇ် ၂၀၅၀ နှင့် ၂၁၀၀ တွင် ဖြစ်လာနိုင်မည့် ရာသီဥတုအခြေအနေနှင့် ထိခိုက်မှုများကို ကြိုတင်တွက်ချက် ကြည့်ရာတွင် မြန်မာနိုင်ငံဟာ ထိခိုက်မှုများနိုင်သော ဒေသဖြစ်နေသည်ကို တွေ့နေရပါတယ်။ ယူကေနိုင်ငံ၊ Hadley Centre ရဲ့ တွက်ချက်မှုအရ သက္ကရာဇ် ၂၁၀၀ တွင်မြန်မာနိုင်ငံရဲ့ ပျမ်းမျှအပူချိန်ဟာ 5°C ခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အခြားသော အာဆီယံနိုင်ငံများဟာ ပျမ်းမျှအပူချိန် 4°C ခန့်သာ မြင့်တက်နိုင်ကြတဲ့အတွက် မြန်မာနိုင်ငံက အာဆီယံနိုင်ငံတွေထဲမှာ အမြင့်ဆုံးဖြစ်နေပါတယ်။ အလားတူပဲ UK Met Office မှ South-east Asia Climate Analysis and Modelling Framework ဆန်းစစ်ချက်တွင် မြန်မာနိုင်ငံ၏ ပျမ်းမျှအပူချိန်ဟာ သက္ကရာဇ် ၂၀၃၁-၂၀၅၀ အတွင်း 2°C ခန့် မြင့်တက်လာနိုင်ပြီး သက္ကရာဇ် ၂၀၅၁-၂၁၀၀ အတွင်း 4°C အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

(၉)ကမ္ဘာ့အပူချိန်များ 2°C မြင့် တက်လာပါက အပူကြောင့် ရေ များပွလာခြင်း၊ အာတိတ်ရေခဲများ အရည်ပျော်ခြင်း၊ ဂရင်လန်ကျွန်း ရေခဲများအရည်ပျော်ခြင်း၊ အန္တာတိကရေခဲများ အရည်ပျော်ခြင်းစတဲ့အကြောင်းများကြောင့် ပင် လယ်ရေများဟာ လာမယ့် သက္ကရာဇ် ၂၀၅၀ တွင် လက်ရှိပင်လယ် ရေအမြင့်များအထက် ခြောက်မီ တာ (သို့မဟုတ်) ပေ ၂၀ ခန့် မြင့် တက်လာမည်ဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားခဲ့ကြပါ တယ်။ မြန်မာနိုင်ငံရဲ့ အပူချိန်မြင့် တက်နိုင်မှုမှာ 2°C to 5°C အထိရှိ နေသဖြင့် ပေ ၂၀ မြင့်တက်နိုင်သည့် အပူချိန် 2°C ထက် နှစ်ဆ ကျော်ခန့် ကျော်လွန်နေပါတယ်။ အကယ်၍ ပင်လယ်ရေအမြင့် လက်ရှိထက် ပေ ၂၀ မြင့်တက်လာပါက ရေဖုံးလွှမ်းခံရမှုဘေး ကြုံ တွေ့နိုင်သော ဒေသများတွင် မြန် မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသနဲ့ မွန်ပြည်နယ်တို့ ပါဝင်နေပါတယ်။

ပင်လယ်ရေမျက်နှာပြင် ပေ ၂၀ မြင့်တက်လာပါက ရေဖုံးလွှမ်းခံရမည့် ပထမဦးစားပေးမြို့ ၂၀ နဲ့ အရန်ခုနစ်မြို့တို့ကို တွက်ချက် ဖော်ပြရာမှာ ရန်ကုန်မြို့သည် အ ရန်ခုနစ်မြို့တွင် ထိပ်ဆုံးမှ ပါဝင် နေပါတယ်။

မျက်မှောက်ခေတ် မြို့ပြဖွံ့ ဖြိုးတိုးတက်မှုများအရ ရန်ကုန်မြို့ဟာ လူဦးရေထူထပ်တိုးပွားနေ ခြင်း၊ အပူရှိန်ဒဏ်မြင့်မားနေခြင်း၊ မြို့ပြအပူချိန်မြင့်တက်မှု (Heat Island Effect) ရှိနေခြင်း၊ ပူပြင်းမှုဒဏ်ကြောင့် မီးလောင်မှုဘေး (Urban Fire)၊ ရေစီးရေလာပိတ်ဆို့မှုပြဿနာ (Drainage Pro-blem) ရှိနေခြင်း၊ မြေအောက်ရေစီးရေလာကွန်ရက်များ ပျက်စီးခြင်း၊ ရေစီးရေလာမြောင်းများ တည်ဆောက်ရာတွင် ရေထွက်ပေါက် Drain Direction အားနည်းခြင်း စသည်တို့ကြောင့် အနာဂတ်ရန်ကုန်မြို့ဟာ ရာသီဥတုစိန်ခေါ်မှုများ များစွာရင်ဆိုင်နေရပါကြောင်း မြို့ပြစီမံကိန်းရေးဆွဲကြသူများ၊ ပြင်ထိန်းလုပ်ငန်းဆောင်ရွက်ကြသူများအနေဖြင့် အထူးသတိထား ဆောင်ရွက်ကြ မှသာ အရှည်တည်တံ့နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဖြစ်ပါကြောင်း တွေ့ရှိရပါတယ်။

—Ref: Provisional Census Re-port 2014; Yangon City deve-lopment Committee; NAPA Report; UN HABITAT
7Day News

No comments:

Post a Comment