Latest News

Thursday, July 13, 2017

သူငယ်တန်းနှင့် ပထမတန်း စာမေးပွဲစစ်ဆေးပါက အရေးယူမည်

သူငယ်တန်းနှင့် ပထမတန်း စာမေးပွဲစစ်ဆေးပါက အရေးယူမည်

သူငယ်တန်းနှင့် ပထမတန်းတွင် ပညာသင်ယူနေသော ကျောင်းသား များကို စာမေးပွဲစစ်ဆေးပါက ဆရာ၊ ဆရာမနှင့် ကျောင်းအုပ်ကြီးများကို အရေးယူမည် ဟု အခြေခံပညာဦးစီးဌာနက ညွှန်ကြား ထားသည်။

စနစ်သစ်၊ သင်ရိုးညွှန်းတမ်းအသစ် များဖြင့် သင်ကြားနေသောသူငယ် တန်း နှင့် ပထမတန်းတွင် ကျောင်းသားများ၏တတ်မြောက်မှုကို စာမေးပွဲ စစ်ဆေးရန် မလိုအပ်ကြောင်း၊ စစ်ဆေးပါက အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး နှင့် ပြည်နယ်ပညာရေးမှူးရုံးများမှတစ် ဆင့် မြို့နယ် ပညာရေးမှူးများ၊ ကျောင်း အုပ်ကြီးများနှင့် ဆရာ၊ ဆရာမများသိရှိ စေရန် ညွှန်ကြားထားခြင်းဖြစ်သည်။‘‘စနစ်သစ် သင်ရိုးကို အကောင်အထည် ဖော်နေတာဖြစ် လို့ သူငယ်တန်းနဲ့ ပထမတန်းက စာမေးပွဲစစ်ဖို့ မလိုပါဘူး’’ဟု ရန် ကုန်တိုင်းဒေသကြီးပညာရေးမှူး ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး (ပညာ)ဒေါ်ဆွေဆွေလဲ့က ပြော သည်။

KG+12 စနစ်အရ ယခင် ၂၀၁၆-၁၇ ပညာသင်နှစ်က သူ ငယ်တန်းမှ ယခု ၂၀၁၇-၁၈ ပညာသင်နှစ်၌ ပထမတန်းတွင် ကျောင်းသား၊ ကျောင်းသူ များကို သင်ရိုး ညွှန်းတမ်းအသစ်ဖြင့် စတင်သင် ကြားနေခြင်းဖြစ်သည်။

 ‘‘အခု သင်ရိုးသစ်မှာက ကလေးကိုယ်တိုင် လက်တွေ့လုပ် တာကို ဦးစားပေးထားတယ်။ တ ကယ်တတ်ဖို့ကို ဦးတည်တာပါ။ အလွတ်ကျက်မှတ်ပြီး ဖြေတာကို ဦးမတည်ပါဘူး။ သင်ရိုးတစ်ခု ပြောင်းလဲတယ်ဆိုရင်  သင်ရိုးမှာပါတဲ့ အကြောင်းအရာတင် ပြောင်းလဲတာမဟုတ်ဘူး။ ချဉ်း ကပ်နည်းလည်း ပြောင်းလဲတယ်။ သင်နည်းလည်း ပြောင်းလဲတယ်။ စစ်ဆေးခြင်းလည်း ပြောင်းလဲ တယ်’’ ဟု မူလတန်းသိပ္ပံသင်ရိုး ရေးဆွဲရေးအဖွဲ့မှ ဒေါက်တာ ကေသီမော်က ပြောသည်။

ယင်းသင်ရိုးသစ်အရ သူငယ် တန်းနှင့် ပထမတန်းတွင် သီးခြားစာမေးပွဲ ထပ်မံကျင်းပရန် မလိုဘဲ သင်ကြားနေစဉ် စာသင်ခန်းအ တွင်း အမေး၊ အဖြေလုပ်ကာ စစ် ဆေးမှုမျိုးဖြင့် တတ်မြောက်မှု တိုင်းတာခြင်းသည် လုံလောက်သည်ဟုဆိုသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က သူငယ်တန်းကို သင်ရိုးညွှန်းတမ်း အသစ်ဖြင့် စတင်သင်ကြားရာ စာမေးပွဲ စစ်ဆေးရန် မလိုအပ် သော်လည်း အချို့ဒေသများတွင် စာမေးပွဲ စစ်ဆေးမှုများ ရှိခြင်း ကြောင့် ယခုကဲ့သို့ ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း အခြေခံပညာ ဆရာ၊ ဆရာမအချို့က သုံးသပ် သည်။
7Day News

No comments:

Post a Comment