Latest News

Sunday, July 9, 2017

ဘဏ္ဍာနှစ်ကို အောက်တိုဘာ - စက်တင်ဘာ ပြောင်းလဲ သတ်မှတ်သင့်ကြောင်း သမ္မတ ပြောကြား

ဘဏ္ဍာနှစ်ကို အောက်တိုဘာ - စက်တင်ဘာ ပြောင်းလဲ သတ်မှတ်သင့်ကြောင်း သမ္မတ ပြောကြား

နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် အတွက် ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းလဲ သတ်မှတ် သင့်ကြောင်း သမ္မတ ဦးထင်ကျော်က ဇူလိုင် ၇ တွင် နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေး ကော်မရှင်( ၂/၂၀၁၇) အစည်းအဝေးတွင် ပြောကြားလိုက်သည်။

နိုင်ငံတော်တွင် ဘဏ္ဍာရေးနှစ် သုံးမျိုး ကျင့်သုံးပြီး ပြက္ခဒိန်နှစ် အတိုင်း သတ်မှတ် ထားသည့် ဘဏှာရေးနှစ်၊ ဧပြီ ၁ ရက် မှ မတ် ၃၁ ရက် အထိ သတ်မှတ်ထားသည့် ဘဏှာရေးနှစ်၊ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် အထိ သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်တို့ ဖြစ်ကြောင်း၊

လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ဘဏ္ဍာရေးနှစ်မှာ ဧပြီ ၁ ရက်မှ မတ် ၃၁ ရက် အထိ ဖြစ်ကြောင်း၊ ဘဏ္ဍာရေး နှစ်သည် ဧပြီ ၁ ရက်တွင် စတင်သည့် အတွက် ဆောက်လုပ်ရေး လုပ်ငန်း အချို့သည် မိုးရာသီတွင် ဆောင်ရွက်ရသည့် အတွက် အခက်အခဲ ရှိစေနိုင်ကြောင်း

ပြက္ခဒိန်နှစ် ဆိုလျင်လည်း ဘဏ္ဍာရေးနှစ်သည် ဇန်န၀ါရီလ တွင် စတင်ခြင်း ဖြစ်သည့် အတွက် Project များကို လုပ်ကိုင်ရန် ၊ ဆွေးနွေးရန်၊ တင်ဒါခေါ်ရန်၊ တင်ဒါ ခေါ်ပြီးသည့် နောက် မိုးရာသီနှင့် တိုက်ရိုက် တန်းတွေ့သည့် အခါ အလုပ် မလုပ်နိုင်ဘဲ လေးလလောက် ကုန်ဆုံး သွားသည့် အတွက် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတား ဖြစ်စေကြောင်း

ပြက္ခဒိန်နှစ်နှင့် ယှဉ်လျင် အောက်တိုဘာ - စက်တင်ဘာ ဘဏ္ဍာရေး နှစ်သည် ပို၍ ဆီလျော်သည့် အပိုင်း ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် တစ်ဆက် တစ်စပ်တည်း လုပ်ကိုင်ရမည့် ပွင့်လင်းရာသီသည် ကာလ အရှည်ဆုံး ဖြစ်ကြောင်း၊

တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေနိုင် သော်လည်း စတင် ဆောင်ရွက်သည့် အချိန်တွင် လက်ရှိ ကျင့်သုံးနေသည့် ဘဏာရေးနှစ်နှင့် ပြင်ဆင် သတ်မှတ်လိုက်သည့် ဘဏာရေးနှစ် တို့၏ ကာလ အပိုင်းအခြား သတ်မှတ်ချက် မတူညီသဖြင့် စာရင်း ပြုစုရာတွင် အနည်းငယ် အခက်အခဲ ရှိစေမည့် ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ ဘဏာရေးနှစ် ပြင်ဆင် သတ်မှတ်ခြင်းကို ၀ိုင်းဝန်းစဉ်းစားကြရန်၊ ဆွေးနွေးကြရန် တိုက်တွန်းလိုကြောင်း သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

Ref - နိုင်ငံပိုင် သတင်းစာ

The Ladies News

No comments:

Post a Comment