Latest News

Wednesday, July 5, 2017

မြန်မာလုပ်သားများကို အတတ်နိုင်ဆုံး အကာအကွယ်ပေးရန် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ညွှန်ကြားထား

မြန်မာလုပ်သားများကို အတတ်နိုင်ဆုံး အကာအကွယ်ပေးရန် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ညွှန်ကြားထား

နိုင်ငံတော်အနေ ဖြင့် ရွှေ့ပြောင်းအလုပ်သမားများ နှင့်ပတ်သက်၍ တရားဝင်သည် ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အ တတ်နိုင်ဆုံး အကာအကွယ်ပေး ရန် နိုင်ငံတော်သမ္မတနှင့် အတိုင် ပင်ခံပုဂ္ဂိုလ်တို့က ညွှန်ကြားထား သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

‘‘ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံတော် ရဲ့ ပေါ်လစီပေါ့။ နောက်သမ္မတ ကြီးနဲ့ အတိုင်ပင်ခံတို့ရဲ့ ပေါ်လစီ ကတော့ ကိုယ့်နိုင်ငံသားတွေ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ် စေ နိုင်ငံတော်အနေနဲ့ အတတ် နိုင်ဆုံး စောင့်ရှောက်ရမယ်။ အ ကာအကွယ်ပေးရမယ်။ ဒါကို သက်ဆိုင်ရာသံရုံးအသီးသီးကို လည်း ထုတ်ပြန်ထားပါတယ်’’ဟု ဇူလိုင် ၅ ရက်က မြန်မာရွှေ့ ပြောင်းအလုပ်သမားများနှင့်ပတ် သက်၍ နေပြည်တော်ရှိ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန် ကြီးက ပြောကြားသည်။

သက်ဆိုင်ရာနိုင်ငံများသို့ သွားရောက်ရာတွင် ယင်းနိုင်ငံ၏ ဥပဒေကို မြန်မာနိုင်ငံသားများအ နေဖြင့် လေးစားလိုက်နာရန်နှင့် ပြည်တွင်း၌  အလုပ်အကိုင်အခွင့် အလမ်းပေါများစေရေး   ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ဦးသိန်းဆွေက ဆက်လက်ပြော ကြားသည်။

သမ္မတညွှန်ကြားထားသည့် အတိုင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် စနစ်များ ပြောင်းလဲခြင်း၊ ရွှေ့ပြောင်းအ လုပ်သမားများ စိစစ်ခြင်းကို ပြည် ထဲရေး၊ လဝကတို့နှင့် ပူးပေါင်း၍ အမြန်ဆုံးစိစစ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေကြောင်း ပြည် ထောင်စုဝန်ကြီးက ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်လုပ်ကိုင်နေ သည့် အလုပ်သမားများအား CI ထုတ်ပေးရေးစခန်းများတွင် ပတ်စ်ပို့ထုတ်ပေးရေး အကုန်အကျသက်သာစွာဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ညွှန်ကြားထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

‘‘ဒီလို ရုတ်တရက်ကြီး ဖမ်း လိမ့်မယ်လို့ ကျွန်တော့်ဘက်က လည်း မမျှော်လင့်ထားဘူး။ အဲဒီ လို မမျှော်လင့်တဲ့အချိန်မှာ သူတို့ ဘက်က ဆောင်ရွက်လာတဲ့အ တွက် ဆောင်ရွက်တဲ့အချိန်ကျမှ ချက်ချင်းတုံ့ပြန်ပြီးတော့ ဒီလိုပြင်း ပြင်းထန်ထန်ဆောင်ရွက်တာ မသင့်တော်ဘူး။ ဥပဒေပြုတဲ့အခါ မှာ ဒီလိုဆောင်ရွက်မယ်လို့ သူတို့ မှာ ရည်ရွယ်ချက်တော့ ရှိကောင်း ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်သမားတွေအတွက် ကို အသက်သာဆုံးဖြစ်အောင်နဲ့ အဆင်ပြေဆုံးဖြစ်အောင် နှစ်နိုင်ငံညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါတယ်’’ဟု ဝန်ကြီးက ပြောသည်။

တရားမဝင်နိုင်ငံသားများအ တွက် ထိုင်းနိုင်ငံတွင် အသစ်ထုတ် ပြန်သည့် အလုပ်တာဝန်စီမံခန့်ခွဲ ရေး အက်ဥပဒေအရ တရားမဝင် မြန်မာလုပ်သားများသည် ဖမ်းဆီးခံရမည်စိုး၍ နေရပ်သို့ ဇွန်လကုန်က စတင်၍ ဆက်တိုက်ပြန်လာနေ ကြသည်။

ထိုင်းနိုင်ငံမှ အသစ်ထုတ် ပြန်ထားသည့် နည်းဥပဒေကို နှစ် နိုင်ငံညှိနှိုင်းမှုအရ ဇူလိုင်လဆန်း ကစ၍ ထိုင်းရောက် တရားမဝင် လုပ်သားများအား ဖမ်းဆီးအပြစ် ပေးအရေးယူခြင်းကို ရက်ပေါင်း ၁၂၀ (လေးလ)ဆိုင်းငံ့ထားရာမှ ရက်ပေါင်း ၁၈၀ (ခြောက်လ)အ ထိ ဆိုင်းငံ့ရန် ထပ်မံတိုးမြှင့်ထား သည်။

ထိုင်းနိုင်ငံရှိ  စက်ရုံများအ နေဖြင့် အလုပ်သမားများမရှိပါက စက်ရုံလည်ပတ်နိုင်တော့မည် မဟုတ်ကြောင်းနှင့် ၎င်းတို့နိုင်ငံ၏ အကျိုးစီးပွားဖြစ်နေ၍ နှစ်နိုင်ငံအ တွက် အကျိုးရှိစေရန် ပြန်လည် သုံးသပ်ကာ ယခုကဲ့သို့ ဖြေလျှော့ ပေးခဲ့ခြင်းဟု ထင်မြင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော သည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နေ သည့် မြန်မာရွှေ့ပြောင်းလုပ်သား သုံးသောင်းကျော် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီဖြစ် ကြောင်း ဇူလိုင် ၅ ရက်တွင် အလုပ်သမား။ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

7Day News

No comments:

Post a Comment