Latest News

Wednesday, June 14, 2017

YBS ပြေးဆွဲသည့် အများပိုင်ကုမ္ပဏီများ စည်းကမ်းလိုက်နာမှုကို အမှတ်ပေးစနစ်ဖြင့် စောင့်ကြည့်နေဟုဆို

YBS ပြေးဆွဲသည့် အများပိုင်ကုမ္ပဏီများ စည်းကမ်းလိုက်နာမှုကို အမှတ်ပေးစနစ်ဖြင့် စောင့်ကြည့်နေဟုဆို

YBS ယာဉ်လိုင်းများ ပြေးဆွဲနေသည့် အများပိုင်ကုမ္ပဏီများ၏ စည်းကမ်းပိုင်းဆိုင်ရာ လိုက်နာကျင့်သုံးမှုများကို အမှတ် ပေး စနစ်ဖြင့် စောင့်ကြည့်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

YBS ဘတ်စ်ကားများ စည်း ကမ်းချိုးဖောက်မှုကို အရေးယူ ဆောင်ရွက်နေသကဲ့သို့ ယင်း ဘတ်စ်ကားများကို တာဝန်ယူ ထားသည့် ကုမ္ပဏီများ၏ စွမ်း ဆောင်မှုများကို အမှတ်ပေးစနစ် ဖြင့် မှတ်တမ်းများရယူထားသည် ဟု သိရသည်။

‘‘ကုမ္ပဏီတွေက စည်းကမ်း ပိုင်းဆိုင်ရာ အားနည်းချက်တွေ  များလာမယ်ဆိုရင်တော့ တစ်ချိန် အစိုးရက ပံ့ပိုးပေးမယ့် အစီအစဉ် တွေ ပါဝင်ခွင့်ရမှာမဟုတ်ဘူး။ အ မှတ်ပေး မှတ်တမ်းတွေကိုတော့ ထုတ်ပြန်သွားဦးမှာ မဟုတ်ဘူး’’ ဟု ၎င်းက ပြောသည်။

လက်ရှိတွင် YBS ယာဉ်များ ကို တာဝန်ယူပြေးဆွဲနေသည့် အ များပိုင် ကုမ္ပဏီရှစ်ခုရှိပြီး စည်း ကမ်းလိုက်နာမှု ဆိုးရွားပါက ကုမ္ပဏီဖျက်သိမ်း ခံရသည်အထိ အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဇန်နဝါရီက သတိပေးပြောကြားထားသည်။

‘‘ဝန်ကြီးချုပ်က အစောကြီး ကတည်းကလည်း  ပြောထားတယ်။ စီမံခန့် ခွဲမှုညံ့တဲ့ Opertor တွေကို ခရီးသည်တွေ လက်မခံရင် ခရီးသည်လက် ခံတဲ့ကုမ္ပဏီ အောက် လွှဲထည့်မယ်လို့ သတိ ပေးထားပြီးသားပါ။ အဲဒီလိုစောင့် ကြည့်ကြပ်မတ်တဲ့ အစီအစဉ်ကို ကျွန်တော်တို့ကတော့ သဘော ကျတယ်။ YBS စနစ်မှာ ကုမ္ပဏီ တွေရဲ့ တာဝန်ယူစီမံခန့်ခွဲမှု ညံ့ရင်အဲဒီစနစ်အောင်မြင်ဖို့က ခက်ပါ တယ်’’ဟု Power Eleven အများ ပိုင်ဘတ်စ်ကားကုမ္ပဏီ တာဝန်ခံ ကိုတရုတ်လေးက ပြောသည်။

အများပိုင် ကုမ္ပဏီများက ပြေးဆွဲနေသည့် ဘတ်စ်ကားများ စည်းကမ်းလိုက်နာမှု၊ ခရီးသည် များအပေါ် ဝန်ဆောင်ပေးနိုင်မှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန် ထားသော သတ်မှတ်ချက်များကို လိုက်နာနိုင်မှု စသည့်အချက်များ ကိုကြည့်ကာ အမှတ်ပေး အကဲ ဖြတ်မှုပြုလုပ်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုး ရသည် အဆိုပါ အများပိုင်ဘတ်စ် ကားကုမ္ပဏီများထံသို့ ရှယ်ယာထည့်ဝင်၍ ဘတ်စ်ကားပို့ဆောင် ရေးစနစ်၌ ပါဝင်ပံ့ပိုးဆောင်ရွက်မည်ဟု  သတင်းထုတ်ပြန်ထား သည်။

သို့သော် လက်ရှိအချိန်အထိ မည်သည့်ကုမ္ပဏီများသို့ ပါဝင်ပံ့ပိုးမှု ပြုလုပ်မည်ကို ထပ်မံ၍ သတင်းထုတ်ပြန်ထားခြင်း  မရှိ သေးပေ။

7Day News Journal

No comments:

Post a Comment