Latest News

Wednesday, June 14, 2017

လပွတ္တာမြို့နယ်၏ လူစည်ကားရာ ရေဆိပ်၊ ဈေးရုံ၊ ကျောင်းများတွင် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူ

လပွတ္တာမြို့နယ်၏ လူစည်ကားရာ ရေဆိပ်၊ ဈေးရုံ၊ ကျောင်းများတွင် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၏ လူစည်ကားရာ ရေဆိပ်၊ ဈေးရုံ၊ ကျောင်းများတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ သဘာဝဘေး ဒုက္ခစီမံခန့်ခွဲရေးဌာန၏ လမ်းညွန်မှုဖြင့် ဇွန် ၁၃ ရက်တွင် သဘာဝဘေး အသိပညာပေး ဆိုင်းဘုတ်များ၊ ဗီနိုင်းပိုစတာများ စိုက်ထူနေကြောင်း လပွတ္တာခရိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါဗီနိုင်းစိုက်ထူခြင်းမှာ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ လပွ တ္တာမြို့နယ်ကြက်ခြေနီအသင်း နှင့် လပွတ္တာခရိုင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦး စီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

”ဒီနေ့မနက် ဗီနိုင်းတွေ၊ ပိုစတာတွေကို စိုက်ထူလိုက်ကပ်ပါတယ်။သဘာဝ ဘေးနဲ့ပတ်သက်လို့ ပြည်သူတွေ အသိပညာဗဟုသုတရှိသထက်ရှိ၊ သိသထက်သိဖို့ပါ။ အခုလိုလုပ်လို့ အကျိုးကျေးဇူးတွေ အများကြီးရပါ တယ်။ ကျန်ခဲ့တဲ့နှစ်က ဘင်္ဂလားမှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းက လပွတ္တာ ဘက်နဲ့ အရမ်းနီးကပ်နေလို့ ရေဒီယိုတို့၊ တီဗီတို့ကနေကြေညာတော့ လပွတ္တာမှာရှိတဲ့ ဆိုင်ကလုန်းရှယ်တာကို သူတို့ဘာသာ သွားရောက် ခိုလှုံတာ တွေ့ရတယ်။ ဒါဟာ ကျွန်တော်တို့ ဒီနေ့ပြုလုပ်တဲ့ ဗီနိုင်း၊ ပိုစတာတွေ စိုက်ထူကပ်ပေးရင်း ဟောပြောပေးခဲ့တဲ့ အကျိုးကျေးဇူး ကြောင့်လို့ ပြောရပါမယ်။”ဟု လပွတ္တာခရိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာက ပြောသည်။

အဆိုပါ လှုပ်ရှားမှုတွင် လပွတ္တာခရိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်စွာ၊ လပွတ္တာမြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းမှူး ဦးဇော်မျိုးဌေး နှင့် အဖွဲ့ ဝင်(၆)ဦး၊ လပွတ္တာမြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှ ဒုတိယ မြို့နယ်တပ်ဖွဲ့မှူး ဦးထွန်းထွန်းဦးနှင့် အဖွဲ့ဝင်(၅)ဦး တို့က ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

”မိသားစုတစ်စုမှာ စာဖတ်တတ်တဲ့သူ တစ်ဦးရှိရုံနဲ့ သဘာဝဘေးကို ကြိုတင်ရှောင်ရှားလို့ရနေပါပြီ။ အကြောင်း အရာ၊ ရုပ်ပုံလေးတွေနဲ့ နှိုင်းယှဉ်ပြီး သဘာဝဘေးပေါင်းစုံကို လေ့လာဖတ်ရှုလို့ရအောင် ခုလိုလုပ်ပေးနေတာ တွေ့ရတဲ့အတွက် အသိပညာတွေရတယ်။ ကျွန်မတို့အနေနဲ့ သဘာဝဘေးနဲ့ပတ်သက်လာရင် ဟိုတုန်းကလို အသိပညာတွေ နည်းပါးမှုမရှိတော့ပါဘူး။ မဖြစ်အောင်တားဆီးလို့မရ ပေမယ့် ဖြစ်လာရင် တုန့်ပြန်ဖြေရှင်းဖို့ အသိတွေရှိပါတယ်။”ဟု လပွတ္တာဒေသခံ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

လပွတ္တာခရိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနအနေဖြင့်လည်း သဘာဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အမြဲမပြတ်လုပ်ဆောင်နေပြီး လပွတ္တာ မြို့နယ်၊ ကြက်ခြေနီအသင်းအနေဖြင့်လည်း သဘာဝဘေးအသိပညာ ပေးစာစောင်၊ ဗီနိင်းပိုစတာများ ကပ်ခြင်း၊ ဟောပြောခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment