Latest News

Tuesday, June 13, 2017

YBS ၈၃ ယာဉ်လိုင်းသစ်တွင် Foton ကားသစ်များဖြင့် ပြေးဆွဲမည်

YBS ၈၃ ယာဉ်လိုင်းသစ်တွင် Foton ကားသစ်များဖြင့်ြေေပြေးဆွဲမ
ည်

လာမည့်ရက်သတ္တပတ်တွင် စတင်ပြေးဆွဲတော့မည့် YBS ၈၃ ယာဉ်လိုင်းသစ်တွင် Foton ဘတ်စ်ကားသစ်များဖြင့် ထည့်သွင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ဇွန် ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ၈၃ ယာဉ်လိုင်းကို  လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးမှ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်း၊ ရှစ်မိုင် ယင်းမှတစ်ဆင့် ဧရာဝဏ်လမ်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ထိ   ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ကားသစ် အစီး၇၀မှ ၈၀ အကြား တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်သည်။

အဆိုပါယာဉ်လိုင်းသစ်အား ယာဉ်စီးခနှုန်းထားကို ၂ဝဝ ကျပ် သတ်မှတ်ထားကာ ယခုတစ်ပတ်အတွင်း ပြေးဆွဲသွားမည်ဖြစ်ပြီး ယခင်ရှိသည့် ယာဉ်ဟောင်းများဖြင့်လည်း ၈၅ ယာဉ်လိုင်းကို လှိုင်သာယာမြို့နယ် အခြေပြုကာ ပြေးဆွဲလျက်ရှိကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်မြို့တွင်းပတ်ယာဉ်လိုင်းများဖြစ်သည့် ၅၆၊ ၅၇ နှင့် ၅၈ ယာဉ်လိုင်းများအား အသစ်စက်စက် ကားသစ်များဖြင့်သာ ပြေးဆွဲတော့မည်ဖြစ်သည်ဟု သိရပြီး ယခုလက်ရှိတွင် မေလ ၂၅ ရက်နေ့ကစ၍ မြို့တွင်းပတ်လိုင်းဖြစ်သည့် ၅၆ ယာဉ်လိုင်းတွင် ၂၀၁၇ မတ်လထုတ် ဒေါ်လာ ၈သောင်း၈ထောင်တန် ဖိုတွန်(Foton) အမှတ်တံဆိပ် ကားအသစ်စက်စက်ဖြင့် ပြောင်းလဲပြေးဆွဲနေသည်။

"မြို့တွင်းကတော့ နောက်ပိုင်းကျရင် Brand New (ကားအသစ်) တွေချည်းပဲ ပြေးဖို့ ကျွန်တော်တို့ အစီစဉ်ရှိပါတယ်။ အခုလောလောဆယ်ကတော့ တချို့ကားတွေက တော်တော်လေး မကောင်းဘူးပေါ့နော်"ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောထားသည်။


Mizzima

No comments:

Post a Comment