Latest News

Sunday, June 25, 2017

တိုင်း​ဒေသကြီးနှင့်​ ပြည်​နယ်​ဝန်​ကြီးချုပ်​များ၏ စွမ်း​ဆောင်​ရည်​များကို NLD ပါတီသုံးသပ်​​နေ

တိုင်း​ဒေသကြီးနှင့်​ ပြည်​နယ်​ဝန်​ကြီးချုပ်​များ၏ စွမ်း​ဆောင်​ရည်​များကို  NLD ပါတီသုံးသပ်​​နေ

အစိုးရသစ်​သက်​တမ်းတစ်​နှစ်​​ကျော်​ကာလသို့​ ရောက်​ရှိလာချိန်​တွင်​ တိုင်း​ဒေသကြီးနှင့်​ ပြည်​နယ်​ဝန်​ကြီးချုပ်​များ၏ စွမ်း​ဆောင်​ရည်​များကို သုံးသပ်​​နေ​ကြောင်း အာဏာရအမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်​ပါတီမှ ဗဟိုအလုပ်​အမှူ​ဆောင်​ အဖွဲ့ဝင်​ ဦးဝင်းထိန်​က​ပြောကြားသည်​။

ဇွန်​လ ၂၅ရက်​က ရန်​ကုန်​မြို့၊ ​ရွှေဂုံတိုင်​ရှိ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီ (NLD) ရုံးချုပ်​၌ ကျင်းပခဲ့​သော ပထမဗဟို​ကော်​မတီ သတ္တမအကြိမ်​​မြောက်​အစည်းအ​ဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင်​ ဦးဝင်းထိန်​ကသတင်းမီဒီယာများကို ​ပြောကြားခြင်းဖြစ်​သည်​။

ထိုကဲ့သို့အားနည်းချက်​၊ အားသာချက်​များကို သုံးသပ်​ရာမှ ​တွေ့ရှိချက်​များကို ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့သို့တင်​ပြဖြစ်​ပြီး သတင်းမီဒီယာများကို ​ပြောကြားမည်​မဟုတ်​ဟု ၎င်းက ဆိုသည်

" အခု ကျွန်​​တော်​တို့သုံးသပ်​​နေပြီ။ အဲဒီသုံးသပ်​ချက်​ဟာကို အပြင်​ကိုမ​ပြောဘူး။ အဲဒီကရတဲ့အချက်​အလက်​​တွေကို ဗဟိုအလုပ်​အမှူ​ဆောင်​​ကော်​မတီကိုပဲ ပြန်​ပြီးတင်​ပြမယ်​။ တင်​ပြ​ပြီး​တော့မှ အဲဒီ အားသာချက်​၊ အားနည်းချက်​​တွေကို ပြင်​စရာရှိတာ ပြင်​မယ်​။ပြင်​ပြီး​တော့မှ၊ ဥပမာဆိုပါ​တော့ မွန်​ပြည်​နယ်​က ဝန်​ကြီးချုပ်​ကို အ​ရေးယူလိုက်​တယ်​။ အ​ရေးယူဖိုဖြစ်​​နေတာဖြစ်​စဉ်​က လွန်​ခဲ့တဲ့ နှစ်​လ သုံးလ​လောက်​ကတည်းကဖြစ်​​နေပြီ၊ ဦးဥာဏ်​ဝင်းတို့ ကျွန်​​တော်​ ကိုယ်​တိုင်​ စုံစမ်းတာရှိတယ်​ ဒါ​ပေမယ့်​အဲဒီစုံစမ်းတဲ့အချိန်​မှာ ဘယ်​သူမှ ​ပြောလို့မဖြစ်​ဘူး၊ ဆုံးဖြတ်​ပြီးဆို​တော့မှ သူ့ ကိုဖယ်​ပြီး တစ်​ခြားပုဂ္ဂိုလ်​နဲ့ အစားထိုးတာ။

အလားတူပဲ ကျွန်​​တော်​တို့ အစီရင်​ခံစာမှာပါပါတယ်​၊ လယ်​/ဆည်​ဝန်
ကြီးဌာနက ဒုဝန်​ကြီးတစ်​​ယောက်​ကိုအ​ရေးယူတဲ့ကိစ္စ သူကိုအ​ရေးမယူခင်​ကတည်းက လွန်​ခဲ့တဲ့ တစ်​လ နှစ်​လ​လောက်​ကတည်းက ဖြစ်​​နေပြီ ကျွန်​​တော်​တို့စုံစမ်းတယ်​ ​ဆွေး​နွေးတယ်​ညှိနှိုင်းတယ်​ ဘယ်​လိုမှ ညှိနှိုင်းလို့မရလို့ ပယ်​လိုက်​ရတာ၊ အဲလိုလုပ်​ဖို့ ဆုံးဖြတ်​ချက်​တစ်​ခုကို ဆုံးဖြတ်​ဖို့်အတွက်​တာစူတဲ့အခါမှာ ဆုံးဖြတ်​တဲ့အချိန်​မှာ ခင်​ဗျားတို့ကို အသိ​ပေးမယ်​၊ မဆုံးဖြတ်​ခင်​ကိစ္စ​တော့ အသိမ​ပေးဘူး"ဟု ဦးဝင်းထိန်​က ​ပြောကြားသည်​။

ထို့အတူပင်​ အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်​(NLD) မှ အစိုးရအဖွဲ့ဝင်​များနှင့်​လွှတ်​​တော်​ကိုယ်​စားလှယ်​များ၏ စွမ်း​ဆောင်​ရည်​ကို သုံးသပ်​ရန်​လည်း အဖွဲ့တစ်​ခုဖွဲ့စည်းထားပြီး ​တွေ့ရှိချက်​များကိုဗဟိုအလုပ်​​ဆောင်​အဖွဲ့သို့ တင်​ပြမည်​ဖြစ်​​ကြောင်းနှင့်​ ပြည်​​ထောင်​အဆင့်​ဝန်​ကြီး ၊ ဒုဝန်​ကြီးများ၏ စွမ်း​ဆောင်​ရည်​ကို​မူ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ကိုယ်​တိုင်​သုံးသပ်​မည်​ဟု ဦးဝင်းထိန်​က​ပြောကြားသည်​။

 "ပြည်​​ထောင်​စုအစိုးရကို​တော့ ​ဒေါ်​အောင်​ဆန်းစုကြည်​ သုံးသပ်​ပြီး​တော့​ဆောင်​ရွက်​မှာ၊ ကျွန်​​တော်​တို့ သုံးသပ်​တဲ့ အထဲမှာ မပါဘူး၊ ပြည်​​ထောင်​စု ဝန်​ကြီး ဒုဝန်​​တွေကို ​ဒေါ်​အောင်​ဆန်းစုကြည်​ကိုယ်​တိုင်​ပဲ သုံးသပ်​ပြီး သူကဆုံးဖြတ်​မှာပါ'' ဟု ၎င်းက ​ပြောသည်​။

NLD ပါတီ ပထမဗဟို​ကော်​မတီသတ္တမအကြိမ်​​မြောက်​ အစည်းအ​ဝေးတွင်​ ပြည်​​ထောင်​စုသ​ဘောတူစာချုပ်​ အစိတ်​အပိုင်း (၁) ကို​ထောက်​ခံ​ကြောင်းနှင့်​အဆင့်​ဆင့်​​သော လိုအပ်​သည့်​ ​ရေးရာကော်​မတီများပြန်​လည်​ဖွဲ့စည်းမည့်​ အချက်​အပါအဝင်​ အချက်​​ပေါင်းခုနှစ်​ချက်​ကို အစည်း​ဝေးဆုံးဖြတ်​ချက်​အဖြစ်​ချမှတ်​ခဲ့သည်​။

အောင်​ရဲ​နောင်
The Ladies News

No comments:

Post a Comment