Latest News

Tuesday, June 27, 2017

NLD နာယက သူရ ဦးတင်ဦး အာဇာနည်နေ့ မတိုင်မီ ဆေးရုံက ဆင်းနိုင်မည်

NLD နာယက သူရ ဦးတင်ဦး အာဇာနည်နေ့ မတိုင်မီ ဆေးရုံက
ဆင်းနိုင်မည်

ဇွန်၊ ၂၇၊ ရန်ကုန်

သူရ ဦးတင်ဦး ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်လာပြီး အာဇာနည်နေ့ မတိုင်မီ ဆေးရုံက ဆင်းနိုင်လောက်မယ်လို့ ရန်ကုန် ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောပါတယ်။

NLD နာယက သူရ ဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်နေပြီး ကိုယ်ခန္ဓာ သန်စွမ်းဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်နေပြီ လို့ သိရပါတယ်။

“အရင်က အခြေအနေတွေ ထက်ကို အများကြီး ကောင်းပါတယ်။ ညာဘက် ခြေလက်တွေ သန်လာအောင် လေ့ကျင့်ခန်းတွေကို လုပ်ခိုင်းပါတယ်။ ဆေးရုံ ဆင်းဖို့ကို ကျွန်တော်တို့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဦးမယ်။ အာဇာနည်နေ့ မတိုင်မီ ဆင်းရမယ်လို့တော့ ထင်ပါတယ်။” လို့ ဒေါက်တာ အေးကိုကို က ပြောပါတယ်။

လတ်တလော အခြေအနေမှာ အစားအသောက် များကို ကောင်းကောင်း စားသောက်နိုင်နေပြီ ဖြစ်ပြီး အခန်းပြင်ပ ထွက်ကာ လေကောင်း လေသန့်ရှုတာကို ဆရာဝန်များ၊ သူနာပြုများနဲ့ အတူ ကောင်းမွန်စွာ ပြုလုပ်နိုင်နေပြီ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုခဲ့ပြီး ကျန်းမာရေး အမြန်ဆုံး ကောင်းမွန်လာတာကို မြင်ချင်တယ် ဆိုတဲ့ အကြောင်း ထည့်သွင်း မှာကြားခဲ့ပါတယ်။

ဝင်းနန္ဒာ/Kumudra

No comments:

Post a Comment