Latest News

Sunday, June 25, 2017

MMAပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်မည့် ကစားသမားစာရင်းထုတ်ပြန်

MMAပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်မည့် ကစားသမားစာရင်းထုတ်ပြန်

လာမယ့်ဇွန်လ ၃၀ ရက် ရန်ကုန်မှာ ကျင်းပမယ့် MMA ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်မူပြိုင်ပွဲမှာ ပါဝင်ထိုးသတ်မယ့် ကစားသမားတွေကို ထုတ်ပြန်လိုက်ပါတယ်။

အဓိကတွဲဆိုင်းအဖြစ် မြန်မာနိုင်ငံက အောင်လအန်ဆန်က ရုရှားနိုင်ငံသား ဗစ်တယ်လီဘစ်ခ်ျဒက်ရှ်နဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရ မှာပါ။အောင်လအန်ဆန်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ စိန်ခေါ်ပွဲမှာ အမှတ်နဲ့ ရှုံးခဲ့တာကြောင့် ဒုတိယအကြိမ် စိန်ခေါ်ထိုး သတ်တာပါ။

စုစုပေါင်းတွဲဆိုင်း ၁၁ ပွဲ ပါဝင်ပြီး ပြည်တွင်းတွဲဆိုင်း ၆ ပွဲ၊ ရိုးရာလက်ဝှေ့ တွဲဆိုင်းတပွဲနဲ့ နိုင်ငံတကာတွဲဆိုင်း ၄ ပွဲ ပါဝင်ပါတယ်။

ပြည်တွင်းတွဲဆိုင်းတွေထဲမှာ ဖလိုင်းဝိတ်တန်း ချန်ပီယံရွှေခါးပတ်လုပွဲလည်း ပါဝင်ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်နှစ်ပွဲအဖြစ် စောမင်းမင်းနဲ့ ထွန်းလွင်မိုး၊ ရဲသွေးနီနဲ့ ပတ်ကျော်လင်းနိုင်တို့ ယှဉ်ပြိုင်ထိုးသတ်မှာပါ။

ဘင်ဝိတ်တန်းပွဲစဉ်အဖြစ် သပြေညိုနဲ့ ထက်အောင်ဦး၊ ကတ်ခ်ျဝိတ်တန်းမှာ စောရန်ပိုင်နဲ့ စောဘဦး၊ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအဖြစ် သွေးသစ်ဝင်းလိုင်နဲ့ စိုးထက်ဦးတို့ ထိုးသတ်မှာဖြစ်ပါတယ်။

နိုင်ငံတကာတွဲဆိုင်းတွေမှာတော့ တရုတ်နိုင်ငံက ဇောင်ကွမ်နဲ့ တောင်ကိုရီးယားက ကီဗင်ချမ်း၊ ဘရာဇီးကဘရူနိုပက်စီနဲ့ ဖိလစ်ပိုင်က ဂျင်မီရာဘို၊ အမျိုး သမီးတွဲဆိုင်းအဖြစ် တရုတ်တိုင်ပေက ဂျင်နီဟောင်နဲ့ ဂျပန်က ယာမာဂူချီတို့ရဲ့ ပွဲစဉ်တွေလည်းပါဝင်ပါတယ်။

လက်မှတ်ဈေးနူန်းတွေအဖြစ် ကျပ်နှစ်သိန်းကနေ တစ်သောင်းကျပ်အထိ သတ်မှတ်ထားပါ တယ်။

DVB

No comments:

Post a Comment