မအေးသောင်းတစ်ယောက် အသားအရေ ဘယ်လိုထိန်းသိမ်းလဲဆိုတာ
မန်မာဝတ်စုံလေးတွေနဲ့ လှချင်တိုင်း လှနေတဲ့ မအေးသောင်း(အေးဝတ်ရည်သောင်း) ရဲ့အသားအရေ ထိန်းသိမ်းတဲ့ ပုံစံလေးတွေကို မိုမိုလေး ပရိသတ်အတွက် စပ်စုပေးထားပါတယ်။
မေး။ ။ အသားအရေထိန်းသိမ်းတဲ့ ပုံစံလေးပြောပေးပါဦး။
ဖြေ။ ။ ပေါက်စီ ညဘက်အိပ်ရင် မိတ်ကပ်မဖျက်ဘဲနဲ့ ဘယ်တော့မှ မအိပ်ဘူး။ ပြီး၇င်ရေချိုးခါနီးတိုင်း ခြေဖဝါးကို ဆားနဲ့ပွတ်ပြီးတော့ ရေချိုးတယ်။ ရေများများသောက်တယ် ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်တယ်။ အစားအသောက်ကတော့ အဓိကက အချိုရှောင်တယ်။ အဆီရှောင်တယ်။ ပြင်းပြင်းထန်ထန်တော့ ဘာမှမလုပ်ဘူး။ မနက်မိုးလင်းတာနဲ့ အပြင်သွားမယ်ဆိုရင် မိတ်ကပ်လိမ်းတယ်။ လိုးရှင်းလိမ်းတယ်။ Sunblock 50ကျော်တာလိမ်းတယ်။ ရေလဲ များများသောက်တယ်။ ဖျားချင်သလို ဖြစ်နေရင်တောင် ရေများများသောက်လိုက်ရင် လူကနေလို့ ကောင်းသွားတယ်လေ လို့ သူမရဲ့ အသားအရေ ထိန်းသိမ်းတဲ့ ပုံစံကိုပြောပါတယ်။
မေး။ ။ ကျန်းမာရေးရော ဘယ်လိုထိန်းသိမ်းဖြစ်လဲ။
ဖြေ။ ။ ပေါက်စီ(မအေးသောင်း)တို့မိသားစုလိုက် တစ်နှစ်တစ်ခါ Medical check up လုပ်တယ်။ မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့ ပုံစံမျိုးနဲ့နေပါတယ်။ ကျန်းမာခြင်းသည် လဘ်တစ်ပါးပါ။ ဖြစ်မှသာလူတွေက ကုကြတာလေ။ ပရိသတ်တွေ အနေနဲ့ မဖြစ်ခင်ထဲက ကြိုတင် ကာကွယ်ပြီးတော့ ဂရုစိုက်စေချင်ပါတယ်။
မေး။ ။လတ်တလော အနုပညာ လှုပ်ရှားမှုတွေ ပြောပါဦး။
ဖြေ။ ။မင်္ဂလာရှိတဲ့ အရပ် ဇာတ်လမ်းတွဲလေးရိုက်နေတယ်။ ရတနာပုံ ဇာတ်လမ်းတွဲလေးကတော့ MNTV မှာပြနေပါတယ်။ ပရိသတ်ကြီး အားပေးကြပါဦးနော် လို့ ပြောသွားပါတယ်။
Credit - momolay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment