Latest News

Monday, June 12, 2017

စင်ကာပူမှာ IS လို့ ယူဆရသူ ပထမဆုံး အမျိုးသမီးတစ်ဦးအား ဖမ်းဆီး



စင်ကာပူနိုင်ငံက ကလေးထိန်းအမျိုးသမီးတဦးကို ဆီးရီးယားမှာရှိတဲ့ စစ်သွေးကြွအဖွဲ့ဝင်တယောက်ကို သူ့ခင်ပွန်းအဖြစ်ရှာတာရော၊ ISIS အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်ဖို့ ကြိုးစားတယ်ဆိုတဲ့ သံသယနဲ့ပါ ဖမ်းထားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ဒီနေ့ပြောလိုက်ပါတယ်။ သူ့ကို တရားရုံးမတင်ပဲဖမ်းဆီး ချုပ်နှောင်နိုင်တဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေနဲ့ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် အန်ဆာရီဆိုတဲ့အမျိုးသမီးဟာ သူ့ကလေးနဲ့အတူ ဆီရီးယားကိုသွားဖို့ ရည်ရွယ်ခဲ့တဲ့အတွက် ဒီလထဲမှာ ထိန်းသိမ်းလိုက်တယ်လို့ စင်ကာပူပြည်ထဲရေးဌာနက ပြောပါတယ်။

သူဟာ နေ့ကလေးထိမ်းကျောင်းမှာ လက်ထောက်ဝန်ထမ်းတယောက်အဖြစ် အလုပ်လုပ်နေခဲ့ပြီး၊ ၂၀၁၃ ခုနှစ်အစောပိုင်းကစလို့၊ အင်တာနက်အွန်လိုင်းမှာ အစွန်းရောက်အဖွဲ့ကို ထောက်ခံတာတွေ၊ သူတို့ဘက်က ဝါဒဖြန့်စာတွေကို ပြန်ဝေမျှနေတာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

သူရေးခဲ့တဲ့စာထဲမှာ၊ တကယ်လို့ သူ့ယောက်ျားက ISIS အကြမ်ဖက်အဖွဲ့ဝင်တယောက်အနေနဲ့တိုက်ပွဲဝင်ခဲ့ပြီး သေဆုံးသွားမယ်ဆိုရင်တောင် သူ့ကို သူရဲကောင်းအနေနဲ့ တသက်လုံးကိုးကွယ်သွားမယ်၊ သူရဲကောင်းရဲ့ ကျန်ရစ်သူမုဆိုးမတယောက်အနေနဲ့ နောက်ထပ် ISIS တိုက်ပွဲဝင်တယောက်ကိုလဲ လက်ထပ်ဦးမယ်လို့ ရေးသားပြောဆိုတယ်လို့ စင်္ကာပူအာဏာပိုင်တွေကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment