Latest News

Monday, June 12, 2017

သတင်းလွတ်လပ်ခွင့် ရရှိရေး ဟောပြောချက် ။ (မောင်မျိုးထက်)(ပုသိမ်)


သတင်းလွတ်လပ်ခွင့် ရရှိရေး ဟောပြောချက် ။
(မောင်မျိုးထက်)(ပုသိမ်)
သတင်း မီဒီယာ သမား စစ်စစ်ဆိုတာ လက်နက် အာဏာ အားကိုး သွေးဆိုး သားဆိုး
အကြမ်းဖက် သမား လူရမ်းကားတွေ မဟုတ်။
လောကပါလ တရား အတွက် ယုံကြည်ချက် ခံယူချက် ကျင့်ဝတ် စည်းကမ်းနဲ့
လူယဉ်ကျေး တော်လှန်ရေး သမားတွေဖြစ်တယ်။
သေနပ် ကိုင်စွဲ ဗုန်းထောင်ချောက်ဆင် တိုက်ပွဲဝင်သူတွေ လည်း မဟုတ်။
ကလောင်တစ်လက် မင်ရည်တစ်စက်
ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်မည့်။
ထောင်တံခါး ကို ခေါက် သေနပ်မကြောက် ဓါးမကြောက် အာဏာရှင် အောက် ဘယ်တော့မှ ဒူးမထောက် ငါတို့ တပ်ဦး ရှေ့ယွန်းယွန်းမှာ ရောင်နီကွန့်မြူး စေတော့ အံ့...။
သတင်း မီဒီယာ လွတ်လပ် ခွင့် ပြသနာဟာ အစိုးရသစ် ရဲ့ ပေါ်လစီ နဲ့
ထိပ် တိုက်တွေ့နေခြင်း မျိုး၊ သို့တည်း မဟုတ် အစိုးရသစ် ပြုတ်ကျရေး မျိုး ၊
အစိုးရသစ်ကို အကျပ်အတည်း ဖြစ်စေလို တဲ့ အခြေအနေမျိုး တွေကို သ
တင်းမီဒီယာ သမားများ က ဖန်တီးနေခြင်းမျိုး မဟုတ်ပါဘူး..။
some one some thing above the law . ဖြစ်နေတာ လွတ်လပ်ခြင်း
ညီမျှခြင်း တရားမျှတ ခြင်းဆိုတဲ့ လောကပါလ တရား မရှိတာ ၊ တရားစီရင်
မှု နဲ့ ပတ်သက်ပြီး တစ်ကျောင်းတဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဖြစ်နေတာ
ပြီးတော့ မှန်ကန်တဲ့ လမ်းကြောင်း လမ်းဖြောင့် ပေါ်က ရိုးဖြောင့်တဲ့ ပြည်သူ
တွေ အတွက် အခက်တွေစေ နိုင်တဲ့ လက်နက်လို အသုံးချနေတဲ့ ၆၆ ဃ လို
ပုဒ်မ မျိုးတွေ နဲ့ပတ်သက်ပြီး ဆင်ခြင် သင့်တာ ပြင်သင့် ဖျက်သိမ်း သင့်တာ
တွေ လုပ်ဖို့.ပါ.။
သတင်းမီဒီယာ သမား တွေ ကျင့်ဝတ် စည်းကမ်း နဲ့ အညီ မည်သူ မည်သည့်
အဖွဲ့အစည်း ကမဆို မည်သူ မည်သည့် အဖွဲ့အစည်း ၏ ဖြစ်ရပ်မှန် သတင်း
များ ကိုမဆို သတင်းရယူ ပိုင်ခွင့် ပြီးတော့ လူမှူကွန်ယက် စာမျက်နှာ( face
book) ပုံနှိပ်စာမျက် တွေမှာ စာပေပုံသဏ္ဍန် အမျိုးမျိုးနဲ့ ရေးသားတင်ပြ ခွင့်
ရုပ်သံ ထုတ်လွင့်မှူ ပုံ သဏ္ဍန် အမျိုးမျိုး ( TV ,VIDEO, FACEBOOK.
YOUTUBE ) တိုကနေ ရိုက်ကူးထုတ်လုပ် ပြသခွင့် စတဲ့ သတင်းလွတ်
လပ်ခွင့် တွေ ရရှိဖို့ ဖြစ်ပါတယ်။
သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုတာ မှာ ပြည်သူတွေ ရဲ့ နားထောင်ခွင့် ပြော
ဆိုခွင့်မြင်နိုင်ခွင့် နဲ့ တိုက်၇ီုက် အချိုးကျနေပါတယ်။ ပြောချင်တာက သတင်း
မီဒီယာ မဏ္ဍိုင် ဆိုတာ ပြည်သူတွေ အတွက် နား မျက်စီ ပါးစပ် ဖြစ်ပါတယ်။
ဒီတော့ ပြည်သူအစိုးရ က တာဝန်ရှိသူတွေ အနေ နဲ့ ငါရန် ခွဲခြားတတ် ဖို့လိုအ်ပ်
ပါတယ် ..။
အချို့သော အစိုးရပိုင်း ကလူတွေ ရဲ့ မီဒီယာ အပေါ် ဆက်ဆံ မှုမှာ ငါရန် ကွဲပြားမှု
မရှိဘူး ဖြစ်နေတယ်၊
လူတွင်ကျယ် လုပ်လိုစိတ် နဲ့ အပြန်အလှန် လေးစား လိုစိတ် မ၇ှိ ဘဲ လက်လွတ်
စပယ် ပြောဆိုမှု တွေရှိနေပါတယ်။
လက်ရှိ အရပ်သား အစိုးရ နဲ့ ပတ်သက်သူ အချို့ တွေဟာ တစ်ပါးသူဓါးနဲ့ လက်
အငှား လိုက်ပြီး သတင်းမီဒီယာ မဏ္ဍိုင် ခုတ်လှဲ နေတာ မျိုးဖြစ်နေပါတယ်။
မီဒီယာ ဟာ အစိုးရ နဲ့ ပြည်သူကြား။ပြည်သူများ အချင်းချင်းကြား ဆက်သွယ်
ပေးတဲ့ ကြားခံနယ်ဖြစ်တယ် သဘော သဘာဝအရ ပြည်သူတွေ အတွက် မီဒီ
ယာ ဆိုတာ မရှိမဖြစ် လိုအပ်ချက် တစ်ခုပါ ။
တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင် ဖြစ်တဲ့ သတင်းမီဒီယာ မဏ္ဍိုင်ကို ဖိနှိပ်တာ ဟာ ပြည်သူတစ်ရပ်လုံးကို ဖိနှိပ်တာ သတင်း မီဒီယာ မဏ္ဍိုင် လွတ်လပ်ခွင့် ပိတ်ပင်
တာဟာ ပြည်သူတွေ ကို အမှောင်တိုက် ထဲထည့်ပိတ် လိုက်သလို ဘဲ ဖြစ်ပါ
တယ် ။
သတင်းမီဒီယာ ဟာ ဒီမိုကရေစီ အစိုးရ မျိုး အတွက် မိတ်ဖက်ပါ ရဲဘော် ရဲဘက်
ပါ ၊အာဏာရှင် ကို ချေမှုန်း ဖို့ စွမ်းအား ကြီးတဲ့ အနူးညံ့ဆုံး လက်နက် ဖြစ်ပါတယ်။
သတင်း မီဒီယာ သမား စစ်စစ်ဆိုတာ အကြမ်း ဖက် သမား လူရမ်းကားတွေ မ
ဟုတ်ဘူး ယုံကြည်ချက် ခံယူချက် ကျင့်ဝတ် စည်းကမ်းနဲ့လောကပါလ တရား
အတွက် စွမ်းဆောင်နေတဲ့ လူယဉ်ကျေး တော်လှန် ရေးသမားတွေ ဖြစ် တယ်။
ပုဒ်မ ၆၆ ဃ ကို ဦးသိန်းစိန် အစိုးရ လက်ထက် မှာ ၂၀၁၃ ခုနှစ်က အသက်သွင်း
အတည်ပြု ခဲ့တာဖြစ်ပါတယ် အာဏာရှင် ကို ဝေဖန်သူတွေ အတွက် ပုဒ်မ ၅ည
လို ဖမ်းနိုင် ဖို့ အတွက် စီစဉ်ခဲ့တာပါ ။
ဒီပုဒ်မ ဟာ ဒိမိုကရေစီ စနစ် နဲ့ ဖွံ့ဖြိုးလာတဲ့ IT ခေတ် ကို ထိန်းချုပ် လက်ဝါးကြီး
အုပ် ဖို့ လက်နက်ကောင်း တစ်ခု ဖြစ်သလို ပြည်သူတွေ တစ်ဦးနဲ့ တစ်ဦး အကြား
ဒီဥပဒေ ပုဒ်မကို လက်နက် သဖွယ် အသုံးပြုပြီး အပြန် အလှန် လက်စားချေ နေကြ
တာ တွေ့လာရပါတယ်။
ဒီပုဒ်မနဲ့ ဦးသိန်းစိန် လက်ထက်မှာ အမှုပေါင်း ၇ မှု တရားဆွဲဆို ခဲ့ပြီး ဒီအစိုးသစ် ရဲ့ လက်ထက်မှာ ၆၁ မှု ဖြစ်ပါတယ် ၊။
အမှူ ၆၈ မှု မှာ သတင်း မီဒီယာ သမား တွေ စွဲဆို ခံရတဲ့ အမှုက ၉ မှု ဖြစ်ပါတယ်
ကျန်တာ တွေ က အခြားပြည်သူ တွေ့ကြုံနေရတာ ဖြစ်ပါတယ်။
အခုဆိုရင် ၆၆ ဃ ကို လက်နက် သဖွယ် အသုံးပြုပြီး အကောင့်တုတွေနဲ့ လုပ်ကြံ
နေတာတွေ ရှိနေပါတယ် သာဓက အနေနဲ့ပြ ရရင် လပွတ္တာ မြို့နယ် ကတရားသူကြီး
တစ်ဦး ရဲံ့ဓါတ်ပုံ နဲ့ အမည် ကို အသုံးပြု ပြီး နိုင်ငံ အကြီးအကဲ တွေ ကာချုပ် ပါမကျန် သတင်းသမား လည်းမချန် ဆဲဆိုရေးသား နေတဲ့ အကောင့် က သက်သေ တစ်ခုပါပဲ။
ဒိတော့ ပြည်သူ တွေအကြားချစ်သူ မုန်းသူ ဆိုတာရှိ နိုင်ပါတယ် ။
ငါ နာမည် ငါ့ဓါင်္တ ပုံနဲ့ များ မလိုသူ တစ်ဦး တစ်ယောက် က နိုင်ငံ အကြီးအကဲ ကို
ဆဲနေတဲ့ POST တင်လိုက်ရင် ဆိုတဲ့ စိုးရိမ် ကြောက်ရွံ့ စိတ်တွေ ဖြစ်ပေါ်နေပါတယ်..။
နိုင်ငံတော် အတိုင်ပင်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က FREEDEN FROM FEAR ကြောက်ရွံ့ခြင်း မှ ကင်းဝေးကြရမယ် ဆိုပါတယ် ခုတော့ ၆၆ ဃ က
ပြည်သူ တွေကိုချိမ်းခြောက် နေပါတယ်။ ပြည်သူတွေ ကြောက်ရွံ့နေရပါတယ်။ စိုးရိမ်နေရပါတယ်။
NO NEED 66 D (၆၆ -ဃ ) အလိုမရှိ ပါဘူး။
နိုင်ငံ အကြီးအကဲဒါမဟုတ် တာဝန်ရှိသူ တစ်ဦး က အဖွဲ့အစည်း တစ်ခုက နိုင်ငံသား
တစ်ဦး တစ်ယောက် ဒါမှ မဟုတ် နိုင်ငံသား အားလုံး ရဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်အောင်
ပြော ဆိုရေးသား ထုတ်လွင့်ခဲ့ရင် အဲလို ကျူးလွန်ခဲ့ရင် နိုင်ငံသား တစ်ဦးတစ် ယောက်
က နိုင်ံငံ သားများက ဘယ်လို များတရားစွဲဆို နိုင်ပါသလဲ ..ဥပမာ ၆၆ ဃ နဲ့ တရားစွဲ
ဆိုရင် အာမခံ မပေးပဲ ဖမ်းချုပ် မှလား ။ခင်ဗျ…။
ဥပမာ ပေးတာပါ ။ နိုင်ငံအကြီးအ့ကဲ များ ရိုးသားစွာ တာဝန် ထမ်းဆောင် နေသူ များ
ကို ကျွန်တော် မစော်ကားရဲ ပါ ခင်ဗျာ။
ပြည်သူတွေ အကြား လတ်လပ်မှုတွေ တရား မျှတ တွေ ညီမျှတွေ မရှိတော့ တရားဥပ
ဒေ စိုးမိုးမှု ကင်းမဲ့နေပါတယ် လို့ပြောရ မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ အတွက် ကျီးလန့်စာစား ဖြစ်နေတဲ့ ၆၆ ဃ လို ပုဒ်မမျိုး အလိုမရှိ ပါဘူး။
သတင်း သမားတွေ သတင်းယူတာ ထောင်မကျ စေရဘူး ဆိုပြိး၂၀၁၄ ခုနှစ်က အာမခံ ချက်ပေး ခဲ့တာရှိ တယ် ဒါပေမဲ့ ကိုပါကြီးအသတ်ခံ ရတယ် လူသတ်မှူ ရာဇ၀တ်မှု ကျူး
လွန် သူအပြစ်မကျခဲ့ဘူး..။
။လက်ပတန်း ကျောင်းသား အရေးအခင်းမှာ Voice က ကိုမင်းမင်းအောင် ကို ရဲက ရိုက်တယ် တရားခံ ဘယ်မှာလဲ၊ တရားဥပဒေ တုံနိဘာဝေ ဖြစ်ခဲ့ပါတယ်။
မင်းတုန်းမင်း လက်ထက်မှာ ငါမကောင်း ရင် ငါကို့ရေး ငါ့မိဘုရား မကောင်းရင် ငါ့မိ
ဘုရား ကိုရေး အပြစ် မရှိစေရ လို့ ရတနာပုံ သတင်းစာ တည်ထောင်ကာ စကတည်း
က သက်ဦး ဆံပိုင် ဘုရင်စနစ် မှာတောင် ရှိခဲ့တယ် ။
ခုတော့ သတင်းစာဆရာ ၂ ဦး အဖမ်းခံနေရ တယ်။ဒိအရင် အဖမ်းခံ နေရတာလည်း
ရှိတယ်။ ပြောချင် တာ သတင်းလွတ်လပ် ခွင့်ရှိစေရမယ်။ ခုမရှိဖြစ်နေတယ်။
FREEDEN OF PRESS သတင်း လွတ်လပ်ခွင့် ရှိစေရ မယ်။ ပြည်သူ ဒီမိုကရေစီ
အစိုးရ အဓွန့်ရှည်ပါစေ။
ကျွန်တော် ဟောပြော မှူကို ဒိနေရာ မှာ အဆုံးသတ်ပါ့မယ် နောက်မှာ ကျွန်တော် နောင်
တော် ကြီး နဲညီတော် တွေ ကဟောကြပြောကြပါ အုန်းမယ် ။
သူတို့က အပြောကောင်း အကောင်းလည်း ပြောမယ့်သူတွေ ကျွန်တော် အနေနဲ့ ဟော
ပြောမှု မည်သူ မည်သည့် အဖွဲ့အစည်း ကိုမှ ထိခိုက်နစ်နာ စေလိုခြင်း မရှိပါ ။
ပြည်သူ တို့ အတွက် သတင်းလွတ်လပ် မှုနဲ့ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင် ကို မချိုးဖဲ့မိစေ ဖို့သာရည်ရွှယ်တာ ဖြစ်ပါတယ်။
ပုဒ် ၆၆ (ဃ) (အလိုမရှိ)
သတင်းမီဒိယာ လွတ်လပ်ခွှင့် ရရှိရေး (ဒို့အရေး)
ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲ ဆို ဖမ်းဆီး ထားသည့် သတင်းသမားများ အား အမြန်ဆုံးလွှတ်ပေးရေး ( ဒို့အရေး)
မီဒီယာ ဖိနှိပ်မှု (ချက်ခြင်းရပ်)

No comments:

Post a Comment