Latest News

Saturday, June 3, 2017

ဆန္ဒပြပွဲအတွင်းသေဆုံးသည့် အာဖဂန်နိုင်ငံရေးသမား သား၏ အသုဘတွင် ပေါက်ကွဲမှုဖြစ်၍ သေဆုံးဒဏ်ရာရမှုများရှိ

ဆန္ဒပြပွဲအတွင်းသေဆုံးသည့် အာဖဂန်နိုင်ငံရေးသမား သား၏ အသုဘတွင် ပေါက်ကွဲမှုဖြစ်၍ သေဆုံးဒဏ်ရာရမှုများရှိ

ကဘူးလ်၊ ဇွန် ၃ ။                   ။ အာဖဂန်နစ္စနိုင်ငံ ကဘူးလ်မြို့တော်၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်ပြီး အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုအတွင်း သေဆုံးခဲ့သော နိုင်ငံရေးသမားတစ်ဦး သား၏အသုဘတွင် ပေါက်ကွဲမှုဖြစ်ရာ သေဆုံးဒဏ်ရာရသူ ၁၅ ဦးရှိခဲ့သည်။

ဆန္ဒပြပွဲအား လူစုခွဲရန် ရဲက ပစ်ခတ်မှုတွင် သေဆုံးခဲ့သူ လေးဦးအနက်တစ်ဦးဖြစ်သော ဆာလမ်အီဇာဒရာ၏ အသုဘတွင် သုံးကြိမ်တိုင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။

အသုဘအခမ်းအနားမှာ သွေးသံရဲရဲဖြင့် ရုပ်အလောင်းများ ဖုံးလွှမ်းသွားကြောင်း၊ ပေါက်ကွဲမှုအရှိန်ကြောင့် လူတွေ အပိုင်းအစဖြသါသွားကြောင်း မျက်မြင်များက အေအက်ဖ်ပီသို့ ပြောသည်။

"ဘာကြောင့်ပေါက်ကွဲရလဲဆိုတာ ကျွန်တော်တို့ မသိပါ။ အစောပိုင်းကြားရတဲ့ သတင်းတွေအရ သေဆုံးဒဏ်ရာရသူ ၁၅ ဦးရှိတာ သိရပါတယ်။"ဟု   ပြည်ထဲရေးဝန်ကြီးဌာန   ပြောရေးဆိုခွင့်ရှိသူက   ပြောခဲ့သည်။

အဆိုပါ အသုဘသို့ အစိုးရတာဝန်ရှိသူ တစ်ချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ လက်ရှိအထိ သေဆုံးဒဏ်ရာရသူစာရင်း အသေးစိတ်မသိရသေးပေ။

Mizzima

No comments:

Post a Comment