Latest News

Saturday, June 3, 2017

YBS အတွက် တရုတ်ဘတ်စ်ကားသစ်အစီး ၃၅၀ သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိ၊ နောက်ထပ် စီးရေ ၆၅၀ တပတ်အတွင်း ရောက်ရှိမည်

YBS အတွက် တရုတ်ဘတ်စ်ကားသစ်အစီး ၃၅၀ သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိ၊ နောက်ထပ် စီးရေ ၆၅၀ တပတ်အတွင်း ရောက်ရှိမည်



ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရုတ်နိုင်ငံအစိုးရနှင့်ချိတ်ဆက်ကာ ဘတ်စ်ကားအသစ်အစီး ၁၀၀၀ ၀ယ်ယူထားရာ ယင်းတို့အနက် ပထမအသုတ် အစီး ၃၅၀ သည် ဇွန် ၂ ရက်တွင် ရန်ကုန်သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိသည်။

 တရုတ်နိုင်ငံ Yutong ကုမ္ပဏီမှ ဘတ်စ်ကားသစ်အစီး ၅၀၀ နှင့် Ankai ကားကုမ္ပဏီမှ ဘတ်စ်ကားသစ်အစီး ၅၀၀ စုစုပေါင်းအစီး ၁၀၀၀ ၀ယ်ယူထားပြီး ၂၀၁၇ မိုဒယ် ဘတ်စ်ကားတစီးလျှင် အမေရိကန်ဒေါ်လာ ၅၆၀၀၀ ပေးရကြောင်း၊ အဆိုပါကုမ္ပဏီနှစ်ခုလုံးမှ ကားများကိုသယ်ဆောင်လာသည့် သင်္ဘောများသည် ဇွန်လဆန်းတွင် သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

''ဇွန် ၆ ရက်မှာ ဒုတိယအသုတ် အစီး ၃၅၀ နဲ့ ဇွန် ၉ ရက်မှာ တတိယ အသုတ်အစီး ၃၀၀ သီလ၀ါဆိပ်ကမ်းကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

 ကားတွေကို ထုတ်ယူပြီး ပြည်သူ့ရင်ပြင်ထဲမှာ ယာယီထားရှိဖို့ စီစဉ်ဆောင်ရွက်နေပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါယာဉ်များ ရောက်ရှိလာသည်နှင့် ဆိပ်ကမ်းမှ ချက်ချင်းထုတ်ယူနိုင်ရန် ဆောင်ရွက်နေပြီး YBS ယာဉ်လိုင်းများတွင် အမြန်ဆုံးထည့်သွင်းပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရသည်။

Photo - U Mint Thaung
News Watch

No comments:

Post a Comment