Latest News

Friday, June 2, 2017

ဆာလာကို လီဗာပူးလ်အသင်းမှ ပေါင်(၂၈)သန်းဖြင့် ကမ်းလှမ်းမှုအား ရိုးမားအသင်း ပယ်ချ

ဆာလာကို လီဗာပူးလ်အသင်းမှ ပေါင်(၂၈)သန်းဖြင့် ကမ်းလှမ်းမှုအား
ရိုးမားအသင်း ပယ်ချ

ရိုးမားအသင်းသည် ၎င်းတို့၏တောင်ပံကစားသမား ဆာလာကို လီဗာပူးလ်အသင်းမှ ပေါင်(၂၈)သန်းဖြင့် ကမ်းလှမ်းမှုအား ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရသည်။

ချယ်လ်ဆီးကစားသမားဟောင်း ဆာလာသည် ရိုးမားအသင်းအတွက် အဓိက ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိနေပြီး လီဗာပူးလ်အသင်းမှာ အသင်း၏တိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် ဆာလာအားခေါ်ယူလိုနေခြင်းဖြစ်သည်။

ဆလာမှာလည်း ပရီးမီးယားလိဂ်သို့ ပြန်ရန်ဆန္ဒရှိနေရာ ၎င်းကို လီဗာပူးလ်အသင်းက ပေါင်(၂၈)သန်းဖြင့် စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ရိုးမားအသင်းက ဆာလာအတွက် ပေါင်သန်း(၄၀)အထိအလိုရှိနေသဖြင့် လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းအနေဖြင့် ဆာလာကို ခေါ်ယူခွင့်ရရန် ဆက် လက်ကြိုးပမ်းသွားဖွယ်ရှိပြီး ရိုးမားအသင်းနှင့်ထပ်မံဆွေးနွေးရန် စီစဥင်္နေကြောင်းသိရသည်။ လီဗာပူးလ်အသင်းသည် ယခုနွေရာသီတွင် ချယ်လ်ဆီးလူငယ်ကစားသမား ဆိုလန်ကီကို ပထမဆုံးခေါ်ယူခဲ့ပြီး ကစားသမားသစ်များစွာ ထပ်မံခေါ်ယူသွားဖွယ်ရှိကြောင်းလည်းသိရသည်။

REF:Daily Mail
Eleven Sports

No comments:

Post a Comment