Latest News

Friday, June 2, 2017

အရှေ့တောင်အာရှတွင် ပထမဆုံးကွန်တိန်နာထိန်းချုပ်ရေးယူနစ် မြန်မာနိုင်ငံတွင်ဖွင့်လှစ်

အရှေ့တောင်အာရှတွင် ပထမဆုံးကွန်တိန်နာထိန်းချုပ်ရေးယူနစ်
မြန်မာနိုင်ငံတွင်ဖွင့်လှစ်

ရန်ကုန်  ဇွန်  ၁

မူးယစ်ဆေးဝါးနှင့် လက်နက်များကိုပါ စစ်ဆေးမှုပြုလုပ်နိုင်သည့် အရှေ့တောင် အာရှနိုင်ငံများ၏ ပထမဆုံး သော ဆိပ်ကမ်းကွန်တိန်နာ ထိန်းချုပ်စစ်ဆေး ရေးယူနစ်ကို မေ ၃၁ ရက်က သခင်မြ ပန်းခြံအနီး မြန်မာ့စက်မှု ဆိပ်ကမ်း MIP ၌ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
“ဒီစနစ်ရဲ့ အဓိကရည်ရွယ်ချက်က တော့ ကွန်တိန်နာတွေကိုစနစ်တကျ စစ်ဆေးနိုင်ဖို့၊ တရားမဝင်မူးယစ် ဆေးဝါး နဲ့လက်နက်တွေရောင်းဝယ်ဖောက်ကား မှုကိုတားဆီးနိုင်ဖို့၊ ဒီကမှတစ်ဆင့် အကောက်ခွန်ဝင်ငွေ တိုးတက်ရရှိပြီး နိုင်ငံတကာနဲ့ ကုန်သွယ်မှုကို တိုးမြှင့် သွားနိုင်ဖို့ ဖြစ်ပါတယ်” ဟု အကောက် အခွန်ဦးစီးဌာန òန်ကြားရေးမှူးချုပ် ဦးကျော်ထင်က အဆိုပါ အခမ်းအနား တွင် ပြောကြားသည်။

“ကျွန်တော်တို့ ဒီစနစ်က ပနားမား တူးမြောင်းမှာ သန်းနဲ့ချီတဲ့ကွန်တိန်နာ တွေကို ထိန်းချုပ်ဖြေရှင်းရာမှာ အောင် မြင်ခဲ့တဲ့စနစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း ဒီစနစ်ကအောင်မြင်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ အထူး သဖြင့် ဒီစနစ်ကို အရှေ့တောင်အာရှနိုင်ငံ တွေထဲမှာ မြန်မာနိုင်ငံက ပထမဆုံးဖွင့် လှစ်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။မြန်မာ နိုင်ငံရဲတပ်ဖွဲ့နဲ့ အကောက်ခွန်ဌာနအတွက် ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ ကျွန်တော် တို့အနေနဲ့ က္ဘာတစ်ဝန်းလုံးရှိ ကွန်တိန်နာထိန်းချုပ်ရေး ယူနစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်”  ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်မှုခင်း ဆိုင်ရာရုံး (UNODC) ဒေသဆိုင်ရာ မန်နေဂျာမစ္စတာ ထရိုးလ်ဗက်စတာကယင်းအခမ်းအနားတွင် ပြောသည်။

အဆိုပါ အခမ်းအနားတွင် ဩစတြေးလျသံရုံးမှ First Secretar  မစ္စတာနာသန်မင်ချင်းနှင့် ကနေဒါသံရုံးမှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ကလောဒီစိန့်ဒင်းနစ်တို့ကလည်း အမှာ စကားများ ပြောကြားခဲ့သည်။
“ဒီစနစ်ဖွင့်လှစ်နိုင်တာ ဩစတြေး လျနဲ့ ကနေဒါနိုင်ငံ အစိုးရတွေ၊ UNODC တို့ရဲ့ ကတိကဝတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဒါ့အပြင် မြန်မာ နိုင်ငံအကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ကူးသန်းရောင်း ဝယ်ရေးဦးစီး ဌာနတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာ ကွန်တိန်နာတွေ သန်း နဲ့ချီပြီး ကူးသန်းရောင်းဝယ်နေတာဖြစ်လ အမှန်တကယ်ပဲ အရေးတကြီးလိုအပ်တဲ့ စနစ်ဖြစ်ပါတယ်”ဟု မြန်မာ့စက်မှု ဆိပ်ကမ်းမှ တာဝန်ခံအရာရှိ မစ္စတာခရစ်ကပြောသည်။
လက်ရှိအချိန်တွင် မြန်မာ့စက်မှု ဆိပ်ကမ်းတွင် ကွန်တိန်နာများကို အိတ်စ် ရေးစနစ်ဖြင့် စစ်ဆေးလျက်ရှိရာ သံသယရှိသော ကွန်တိန်နာများကို သတင်းအချက်အလက်များပေါ်မူတည်၍ ကွန်တိန်နာထိန်းချုပ်ရေးယူနစ် (Port Control Unit) ဖြင့် စစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းစနစ်အတွက် ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့မှ ငွေကြေးထောက် ပံ့ကူညီခဲ့ပြီး လုပ်ငန်းတွင်တာဝန်ထမ်း
ဆောင်မည့် အကောက်ခွန်ဦး စီးဌာနမှ ဝန်ထမ်းများနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား UNODC နှင့် WCO တို့မှ တာဝန်ရှိသူများက သင်တန်းများ ပို့ချသင်ကြားပေးခဲ့ကြောင်းသိရသည်။

သတင်း-မြင့်မောင်စိုး
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment