Latest News

Tuesday, June 27, 2017

ကျောင်းသားလူငယ် အများစု မူးယစ်ဆေးဝါး သုံးစွဲနေ


ကျောင်းသားလူငယ် အများစု မူးယစ်ဆေးဝါး သုံးစွဲနေ

ဧရာဝတီတိုင်းဒေသကြီးအတွင်းကျောင်းသားလူငယ်အများစု သည် WY စာတမ်းပါ မူးယစ်ဆေးဝါးတစ်မျိုးကိုသုံးစွဲနေကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး ရဲမြင့်က ဇွန်လ (၂၆)ရက်နေ့ တွင်ပြောသည်။

"ဖြစ်နေတာကတော့ ကျောင်းသား လူငယ်တွေပေါ့။ ဖြစ်နေတာက သူတို့ ကစူးစမ်းချင်စိတ် များတယ်။
လေ့ လာတယ်။ စူးစမ်းတယ်။ သုံးစွဲတယ်။ သူတို့ ကထူးထူးဆန်းဆန်း မှန်သမျှလူငယ်ရဲ့  သဘာဝ
လုပ်ချက်ကြတော့ သူတို့ သုံးစွဲသူအချင်းချင်းဆက်စပ်မိပြီး သုံးကြတာပဲ။" ဟု၎င်းကပြောသည်။

လူငယ်များအကြား ပျံ့ နှံလာသော မူးယစ်ဆေးဝါးကို ကျောင်းသားလူငယ်များက စူးစမ်းချင်စိတ်ဖြင့် စမ်းသပ်ရန်မသင့်ကြောင်း လည်းရဲမှူးကြီးရဲမြင့်ကဆက်ပြောသည်။

 “ကျောင်းသားတွေက ဘာဖြစ်သွားလည်းဆိုတော့ ဒီခေတ်မှာ အားကစားနဲသွားတယ်။ အဲတော့ သူတို့ မှာစာနဲ့  Facebook ယဉ်ကျေးမှုရယ် အပျော်အပါးနဲ့  မူးယစ်ဆေးဝါး တွေကို သုံးစွဲလာကြတာပဲ။
ဒီအရာမကောင်းမှန်းသိတယ်။ ဒါပေမဲ့ စမ်း သပ်ချင်တဲ့  လူငယ်စိတ် သို့ သော် သူအာရုံ စိုက်စရာတစ်ခုမရှိတဲ့ အခါ အဲဘက်ရောက်သွားတယ်။
အဲတော့ ကျောင်းသားတွေကိုပြောချင်တာက မကောင်းမှန်းလည်းသိနေတာပဲ။ နောက်  ဒါက စမ်းလို့ ရတဲ့ အရာမဟုတ်ဘူး။ ငါမစွဲပါဘူး ကိုယ်စိတ် ကိုယ်နိုင်ပါတယ်လို့ ပြောလို့မရဘူး ။ဒီကောင်ကရကိုမရဘူး။
စိတ်ကိုစွဲလမ်းစတဲ့ အရာဖြစ်တာကြောင့် စမ်းသပ်လို့ တောင်မရပါဘူးလို့  ပြောချင်တယ်။”ဟုပြောသည်။

ကျောင်းသားများကြား မူးယစ်ဆေးဝါးသုံးစွဲမှုမြင့်တက်လာခြင်းသည် တာဝန်ရှိသူများက
ထိထိရောက်ရောက်ဖမ်းဆီးခြင်းမရှိခြင်းကြောင့် ဟု မအူပင်ပျိုးခင်းသစ်ဖောင်ဒေးရှင်းက
ကိုထိုက်ထိုက်ကဝေဖန်သည်။

"ရောင်းနေတာ ရပ်ကွက်ထဲမှာ လူတိုင်းသိနေတာ။ မဖမ်းတော့ရောင်းတာပေါ့။ သူတို့ သွားပြောရင်
သူတို့ မသိပါဘူး သတင်းပေးပါ လို့ ပဲပြောတယ်။ အသုံးများတာကတော့ နဲနဲ အပြင်မှာ ခပ်ဟော့ဟော့နေတတ်တဲ့ ကလေးတွေပေါ့ ။မိဘနဲ့ စနစ်တကျနေတဲ့ ကလေးတွေတော့ သိပ်မဖြစ်ဘူး။ ခုပြဿနာက
ရှစ်တန်းအရွယ် ကလေးတွေပါ။ ဒါကို သုံးနေကြပြီ ။အရင်က ဒီဆေးက(၃၅၀၀)၀ယ်ရတာ (၁၅၀၀)
 လောက်နဲ့ ရနေပြီ။ ဒါကိုသေသေချာချာမကိုင်တွယ်ရင် ရွာသားကြီးမှာ ကလေးတွေစုသွားမယ်။
ကျွန်တော် တို့ဆီက တောင်မနည်းရောက်နေပြီ " ဟု ၄င်းကပြောသည်။

ကျောင်းသားလူငယ်များအကြားမူးယစ်ဆေးဝါးသုံးစွဲမှုကို လျော့ချနိုင်ရန် စနစ်တကျ
ထိန်းသိမ်းစောင့်ရှောက် မှုများလိုအပ်ကြောင်း ကျောင်းသားမိဘတစ်ဦးကပြောသည်။

"ရောင်းတဲ့ သူတွေကိုလည်းဖိဖိစီးစီးဖမ်း။  ကလေးတွေကိုလည်း ပညာပေးတွေလုပ် ။ဆေးဖြတ်တဲ့ 
ကန့် တွေပါလိုအပ်တယ်။  အခုတစ်ချို့ မိဘတွေက သူတို့ သားသမီးဆေးဆွဲနေတာသိပေမဲ့  ဖြတ်ဖို့ နည်းလမ်းမသိဘူး ။ကိုယ့် သားမီးကိုတော့ ဘယ်မိဘမှရွာသာကြီးမပို့ ချင်ကြဘူးလေ။ အဲတော့ရွာသာကြီးမှာ
ပဲဖြတ်တာက အမြင့်ဆုံးဖြစ်နေတော့ ကြားအဆင့်မှာ ကလေးတွေကိုဖြတ်ပေးနိုင်အောင်
အခြေနေတစ်ခုလိုအပ်တယ်။ မြို့ တိုင်းမှာ စိတ်ကျန်းမာရေးဆရာတွေနဲ့ တိုင်ပင်ပြီး
ကုသပေးနိုင်တဲ့ အရာတွေရှိဖို့ လိုအပ်တယ်။"ဟု ၄င်းကပြောသည်။

ယင်းကဲ့ သို့ သုံးစွဲမှုများပြားလာမှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကျောင်းသားလူငယ်အတွင်း
ထိုးဖောက်ဝင်ရောက်စုံစမ်းရန်မှာခက်ခဲနေသော်လည်း  ရဲတပ်ဖွဲ့ ကကြိုးပမ်းဆောင်ရွက်နေကြောင်း
ရဲမှူးကြီးရဲမြင့်ကပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲမှုများလျှော့ချနိုင်ရေးအတွက် တက္ကသိုလ်ကျောင်းသားကျောင်းသူများအပါဝင်
အလယ်တန်း နှင့်အထက်တန်းကျောင်းသားကျောင်းသူများကို ပညာပေးဟောပြောမှုများကို အခြေခံပညာ
 ကျောင်းများတွင်တိုးမြှင့်  လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။
မျိုးမင်းပိုင်

No comments:

Post a Comment