Latest News

Tuesday, June 27, 2017

ကျိုက်ထီးရိုးစေတီတော် ယခုနှစ်အလှူငွေ ယမန်နှစ်ထက် ကျပ် သုံးဘီလျံခွဲကျော် ပိုမိုရရှိ

ကျိုက်ထီးရိုးစေတီတော် ယခုနှစ်အလှူငွေ ယမန်နှစ်ထက် ကျပ် သုံးဘီလျံခွဲကျော် ပိုမိုရရှိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်သည်၂၀၁၆ စက်တင်ဘာ ၂၂ ရက်တွင် ဂေါပက အဖွဲ့ ဟောင်းကို ဖျက်သိမ်းပြီး ဂေါပကအဖွဲ့ အသစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ - ၂၀၁၇ ပွဲတော် ရာသီအတွင်း အလှူခံ ရရှိငွေမှာ ကျပ် ၅ ဒသမ ၁၇ ဘီလျံဖြစ်ပြီး ယခင်ပွဲတော် ရာသီ ၂၀၁၅ - ၂၀၁၆ ခုနှစ် အလှူခံ ရရှိငွေထက် ကျပ် ၃ ဒသမ ၅၇ ဘီလျံ ပိုကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက ယမန်နေ့ က ထုတ်ပြန်သော ၎င်းဌာန၏ တစ်နှစ်တာ ဆောင်ရွက်ချက်များတွင် ဖော်ပြပါရှိသည်။

ကျိုက်ထီးရိုး ရင်ပြင်တော် တိဿဆောင်၊ ဆီမီး ကိုးထောင်၊ ပြည့်စုံ ဓမ္မာရုံတို့ တွင် ဘုရားဖူးဧည့်သည် ၁၂၆၇ ဦးအား တစ်ပြိုင်တည်း အခမဲ့ တည်းခိုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ စေတီတော် ရင်ပြင်  ပေ ၄၀ ဓမ္မာရုံ၊ သုံးထပ် ဓမ္မာရုံ၊ ဂေါပက ဓမ္မာရုံ၊ တည်းခိုဆောင် (၁)၊ (၂)၊ (၃) တို့ တွင် လေအေးစက် အပါအ၀င် ၀န်ဆောင်မှုများဖြင့် ဧည့်သည် ၁၄၄၀ ဦးတို့ အား သက်သာသော ဈေးနှုန်းများဖြင့် တစ်ပြိုင်တည်း တည်းခိုနိုင်စေရန် စီစဉ်ပေးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ရွှေတိဂုံစေတီတော်တွင်လည်း ပြန်လည် ဖွဲ့ စည်းသော ဂေါပက အသစ် လက်ထက်တွင်ေ၇ွှတိဂုံ စေတီတော်၏ ၂၀၁၇ ခုနှစ် ရရှိသော ဘဏ္ဍာငွေမှာ ၂၀၁၆ ခုနှစ်ထက် ကျပ်ငွေ နှစ်ဘီလျံ ကျော်နှင့် အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ပိုမိုရရှိခဲ့ကြောင်း၊ မန္တလေး မဟာမုနိဘုရားကြီးတွင် ဂေါပကအဟောင်း လက်ထက် ၂၀၁၅ ခုနှစ်၌ ဘဏ္ဍာငွေ ၆ ဒသမ ၄၆ ဘီလျံကျော်နှင့် အမေရိကန် ဒေါ်လာ ၃၄၈၈၅၈၊ ၂၀၁၆ ခုနှစ်တွင် ဘဏ္ဍာငွေ ကျပ် ၈ ဒသမ ၇၁ ဘီလျံကျော်နှင့် အမေရိကန် ဒေါ်လာ ၃၆၃၁၄၇ ရရှိခဲ့ပြီး ပြန်လည် ဖွဲ့ စည်းသည့် ဂေါပကအသစ် လက်ထက်၌ ၂၀၁၇ ခုနှစ်တွင် ကျပ် ၁၁ ဒသမ ၉၃ ဘီလျံကျော်နှင့် အမေရိကန်ဒေါ်လာ ၉၁၁၂၉ ရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။
(Xinhua)

No comments:

Post a Comment