Latest News

Thursday, June 29, 2017

ပုဂ္ဂလိကရောင်းချမယ့် ဝန်ထမ်းအိမ်ရာ ပင်စင်စားဝယ်ယူဖို့ ငွေချေးမည်

ပုဂ္ဂလိကရောင်းချမယ့် ဝန်ထမ်းအိမ်ရာ ပင်စင်စားဝယ်ယူဖို့ ငွေချေးမည်

ရန်ကုန်၊ ဇွန် ၂၇ – ပုဂ္ဂလိက ဆောက်လုပ်ရေးကုမဏီတွေက တည် ဆောက်မယ့် ဝန်ထမ်းအိမ်ရာဝယ်ယူမယ့် အငြိမ်းစားဝန်ထမ်းတွေကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်(CHDB) က ချေးငွေ ထုတ်ချေးပေးမယ်လို့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်က မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောပါတယ်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက လာမယ့် ဇူလိုင်လအတွင်း ဆောက် လုပ်အကောင်အထည်ဖော်မယ့် ဝန်ထမ်းအိမ်ရာဝယ်ယူချင်တဲ့ အစိုးရဝန်ထမ်းတွေကို ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အရစ်ကျဘဏ်ချေးငွေစနစ်နဲ့ ဝယ်ယူနိုင်ဖို့စီစဉ်နေတာ ဖြစ်ပါတယ်။

အငြိမ်းစားဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းအိမ်ရာ အရစ်ကျ ဝယ်ယူနိုင်ဖို့အတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေ ရှိပါတယ်။ သည် စည်းကမ်းချက်တွေက အငြိမ်းစားဝန်ထမ်းတွေအနေနဲ့ အရစ်ကျပေးသွင်းရမယ့် အခန်းတန်ဖိုးကို ပေးချေနိုင်တဲ့ အခြေအ နေရှိရပါမယ်။ တိုက်ခန်းဝယ်ဖို့ အမွေစားအမွေခံ မိသားစုဝင်တစ်ဦးရဲ့ လက်မှတ်လိုအပ်ပြီး မိသားစုဝင် ကလည်း အစိုးရဝန်ထမ်းဖြစ်ဖို့ လို အပ်ပါတယ်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဇော်က “အငြိမ်းစားဝန်ထမ်းတွေအတွက် ငွေပေးသွင်းမှုကို ပေးဆပ်နိုင်ဖို့ လုံလောက်တဲ့ ဝင်ငွေအနေအထားရှိရမယ်၊ဒါကို ဝယ်ယူတဲ့ သူဘက်က မပေးနိုင်တဲ့ အခါ တစ်ခါတည်းပေးနိုင်တဲ့ အမွေစားအမွေခံမိသားစုဝင်တစ်ယောက်ရဲ့ လက်မှတ် လိုအပ်မယ်၊ ပြီးရင် ဒါကို  အဲဒီသူက ဆက်ပေး ချေရမယ့်ကိစ္စ တွေကို လုပ်ဆောင်ရမယ်၊ တစ်ခုကတော့ မိသားစုဝင်က အစိုးရ ဝန် ထမ်းဖြစ်ဖို့တော့ လိုမယ်၊ အခုပေးရမယ့် အိမ်ရာတွေက ဝန်ထမ်းအိမ်ရာတွေ ဖြစ်တယ်” လို့ ရှင်းပြပါတယ်။

အစိုးရဝန်ထမ်းအိမ်ရာတွေကို ပင်စင်ယူပြီး အစိုးရဝန်ထမ်းအပြင် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ အစိုးရဝန်ထမ်းတွေပါ အခန်းဝယ်ယူခွင့်ပြုသွားမှာ ဖြစ်တယ်။


အခန်းဝယ်ယူချင်တဲ့သူတွေက ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက CHD ဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျရောင်းချတဲ့ ပုံစံအတိုင်းဝယ်ယူရမှာ ဖြစ်ပါတယ်။ အခန်းဝယ်ယူချင်တဲ့သူတွေက CHD ဘဏ်မှာ ဘဏ်စာရင်းဖွင့်လှစ်ရမှာဖြစ်ပြီး ကနဦးအခန်း တန်ဖိုး ၃၀ ရာခိုင်နှုန်းကို ဘဏ်မှာငွေစုထားရမှာ ဖြစ်ပါတယ်။

မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်တဲ့ အိမ်ခန်းတွေကို ဝယ်ယူဖို့ ဘဏ်စာရင်း ဖွင့်လှစ်ထားပြီး စာရင်းသွင်းထားပြီးဖြစ်တဲ့ အစိုးရဝန်ထမ်းတွေလည်း ပုဂ္ဂလိကက တည်ဆောက်မယ့် ဝန်ထမ်းအိမ်ရာကို မိမိစိတ် ကြိုက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဝန်ထမ်းအိမ်ရာတွေကို အကောင်အထည်ဖော်ဖို့အတွက် အစိုးရဘက်က မြေနေရာရှာပေး ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (MCEA) က တာဝန်ယူတည်ဆောက်မှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး အတွက် ကုန်ကျစရိတ်ကိုတော့ ဘဏ်ချေးငွေရယူဖို့ ပြည်တွင်း ဘဏ်လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။

အငြိမ်းစားဝန်ထမ်းတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေကို တစ်ပေပတ်လည် ကျပ်၂၀,ဝ၀ဝ နှုန်းခန့်နဲ့တည်ဆောက်ပေးဖို့ အဆို ပြုလွှာတင်ထားတာ ဖြစ်ပါတယ်။ အခန်းအကျယ်တွေကိုတော့ သုံး မျိုးခန့် တည်ဆောက်ပေးမှာဖြစ်ပြီး အနည်းဆုံး စတုရန်းပေ ၄၅၀ က နေ အများဆုံး စတုရန်းပေ ၆၅၀ ခန့် တည်ဆောက်မှာ ဖြစ်ပါတယ်။ သည်နှုန်းထားအတိုင်းတွက်ပါက အခန်းတန်ဖိုးတွေကို ကျပ်သိန်း ၉၀ ကနေ ကျပ်သိန်း ၁၃၀ ခန့်နဲ့ ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ် ငန်းရှင်များ  အသင်း (MCEA) က သိရပါတယ်။

နှစ်စဉ်အငြိမ်းစားယူတဲ့ ဝန် ထမ်း ၁၅,ဝ၀ဝ ဝန်းကျင်ရှိပြီး သည်ဝန်ထမ်းတွေနေထိုင်ဖို့ နှစ်စဉ် အိမ်ခန်း၊ တိုက်ခန်း ၁၅,ဝ၀ဝ ခန့် ပုံမှန် ဆောက်လုပ်ဖို့ စီစဉ်သွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သိရတယ်။

ပို့ပို့၊ အေးအေးအောင်

Kumudra

No comments:

Post a Comment