၂၀၁၇ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၂၉-၆-၂၀၁၇)ရက် နံနက် (၀၉း၀၀)နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တို့မှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်း ဒေသတွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အသင့် အတင့် ဖြစ်ထွန်း နေပါ တယ်။
အနောက်တောင်မုတ်သုံလေအခြေအနေ။
ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေ အားအသင့်အတင့် မှ အားကောင်းနေပါသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် မှာ လှိုင်းအသင့်တင့် ရှိပါမယ်။မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၃)ပေခန့် မှ (၆)ပေခန့် ရှိနိုင် ပါတယ်။
နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များ ဟာ ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှာ 23°C–28°C ခန့်၊ကျန်ဒေသ တွေမှာ 29°C–34°C ရှိနိုင်ပါ တယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊
တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း အလွန်မြင့်မားအဆင့် တွင် ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေ။ မြန်မာနိုင်ငံတ၀ှမ်းတွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ခြေရှိနေပြီး မန္တလေးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ တနင်္သာရိတိုင်းတို့မှာ မုန်တိမ်တောင်ဖြစ်ဖို့အလားအလား ၂၅% မှ ၃၅% ရှိပြီး ကျန်ဒေသများတွင် မိုးတိမ်တောင်ဖြစ်ဖို့ သေချာမှု ၅၅% မှ ၆၅% အထိရှိနိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။၊
မန္တလေးတိုင်းဒေသကြီး မှာ နေရာကွက်ကျား၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး နေရာကျဲကျဲ၊ ကျန် ဒေသ တွေမှာ နေရာစိပ်စိပ် မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပါမယ်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။
မုတ်သုံလေ အားအသင့်အတင့် မှ အားကောင်း နိုင်ပါတယ်။
ဒေါက်တာထွန်းလွင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment