Latest News

Thursday, June 8, 2017

မန္တလေးတိုင်းဝန်ကြီးချုပ် နေအိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်

မန္တလေးတိုင်းဝန်ကြီးချုပ် နေအိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက် တာ ဇော်မြင့်မောင်သည် ကျပ် သိန်း ၄,၀၀၀ အကုန်အကျခံ ဆောက်လုပ်ထားသည့် အစိုးရပိုင်နေအိမ်သစ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သတင်းရရှိ သည်။

‘‘ပြီးခဲ့တဲ့လ ၂၁ ရက်နေ့ကစ ရွှေ့တာ။ အိမ်တက်ဆွမ်းကပ် တယ်’’ဟု အစိုးရအဖွဲ့နှင့် နီးစပ် သူတစ်ဦးက ပြောသည်။

ယခင်စည်ပင်သာယာပိုင် နေအိမ်တွင် နေထိုင်သော ဒေါက် တာဇော်မြင့်မောင်သည် မန္တလေး မြို့အောင်မြေသာစံမြို့နယ် ၆၅ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြားတွင်ရှိသော အစိုးရပိုင်နှစ်ထပ်အဆောက်အအုံနေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခြင်း ဖြစ်သည်။

နေအိမ်သစ်သည် ယခင် တိုင်းအစိုးရ၀န်ကြီးချုပ်ဟောင်း ဦးရဲမြင့်လက်ထက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့ပြီး ဒေါက်တာ ဇော်မြင့်မောင် ၀န်ကြီးချုပ်တာဝန်ယူပြီး တစ်နှစ်ကျော်ကြာချိန်တွင် တည်ဆောက်ခြင်းလုပ်ငန်းများ အပြီးသတ်ခဲ့သည်။

၂၀၁၄ ဧပြီလက ၀န်ကြီးချုပ်ဦးရဲမြင့်နေထိုင်နေသည့် တရားရေးဌာန၏ ဧည့်ဂေဟာဖြစ်ခဲ့သော နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဦးရဲမြင့်သည် လွှတ်တော်၏ အတည်ပြုချက်ဖြင့် မီးလောင်ခဲ့သည့် အဆောက်အအုံနေရာတွင် ကျပ်သိန်း ၄,၀၀၀ တန် အဆောက်အအုံသစ်ကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် အစားထိုးဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က မီးလောင်မှုဖြစ်ပွား ခဲ့သည့် အိမ်ပိုင်ရှင်ကို အရေးယူမှု မရှိခြင်းနှင့် ၀န်ကြီးချုပ်နေအိမ် သစ်ကို ကျပ်သိန်း ၄,၀၀၀ အ ကုန်ကျခံတည်ဆောက်ရန် စီစဉ် ခဲ့ခြင်းအပေါ် မြို့ခံအချို့ဝေဖန်မှု များရှိခဲ့သည်။ သို့သော် တိုင်းအစိုးရတာဝန်ရှိသူများက ၀န်ကြီးချုပ် အိမ်သစ်ဆောက်လုပ်မှုသည် ၎င်းတို့ အစိုးရသက်တမ်းတစ်ခုတည်းအတွက်မဟုတ်ဘဲ နောင်တက်လာမည့် ၀န်ကြီးချုပ်များအတွက်ပါ ရည်ရွယ်တည်ဆောက်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာ ဇော် မြင့်မောင်နေအိမ်သစ်သို့ စတင် ပြောင်းရွှေ့နေထိုင်ပြီဖြစ်၍ ပြီး ခဲ့သည့် လွှတ်တော်သက်တမ်းအ တွင်း စတင်တည်ဆောက်ခဲ့သည့် လွှတ်တော်သစ်အဆောက်အအုံ များသည် တည်ဆောက်ပြီးစီးလုနီး ဖြစ်ကာလွှတ်တော်အစည်းအဝေး များကို အဆောက်အအုံသစ်သို့ ယခုနှစ်အတွင်း ပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက  ပြော သည်။

7Day News

No comments:

Post a Comment