Latest News

Friday, June 9, 2017

နှစ်သန်း ၁ဝဝ က ငှက် ပယင်းထဲမှာ တွေ့ရှိ

နှစ်သန်း ၁ဝဝ က ငှက် ပယင်းထဲမှာ တွေ့ရှိ

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁ဝဝ ပတ်ဝန်းကျင်က အသက်ရှင်ခဲ့တဲ့ ငှက်မျိုးတခုက ငှက်ပေါက်လေးတကောင်ကို မြန်မာနိုင်ငံက ရရှိတဲ့ ပယင်းကျောက်အတွင်း ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တွေ့ရှိခဲ့တယ်လို့ New scientist မဂ္ဂဇင်းမှာ ဖေါ်ပြပါတယ်။

တွေ့ရှိတဲ့ ပယင်းကျောက်က မြန်မာနိုင်ငံဘယ်အရပ်က ဆိုတာပြောဆိုထားခြင်းမရှိပေမဲ့ ၂လက္မ အရွယ် ကျောက်အတွင်းတွေ့ရတဲ့ ငှက်ပေါက်လေးဟာ ကိုယ်အင်္ဂါအစိတ်အပိုင်း အပြည့်အစုံပါနေတာကို အံသြဘွယ်ရတွေ့ရတယ်လို့ ကနေဒါနိုင်ငံက သုတေသန ပညာရှင်အဖွဲ့က တရုတ်ပြည်မှာ လေ့လာခဲ့ရတယ်လို့ဆိုပါတယ်။

ပယင်းတွင်းထွက်ဟာ တခြားသော တွင်းထွက်တွေနဲ့မတူဘဲ ထင်းရူးလို အပင်တမျိုးရဲ့ အစီးကနေ ကျောက်ဖြစ် လာတာကြောင့် ငှက်ပေါက်ဟာ အစီးအတွင်းကို ပြုတ်ကျခဲ့တာဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။ ဒီငှက်ဟာ ဒိုင်နိုဆောသတ္တာဝါများ ရှင်သန်ခဲ့တဲ့ အချိန်က ရှိခဲ့တဲ့ ငှက်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၆၆သန်းခန့်က ဒိုင်နိုဆောတွေနဲ့ အတူပျောက်ကွယ်ခဲ့တာပါ။ ခုခေတ်ငှက်မျိုးတွေနဲ့ ခြေတံနဲ့ ပုခုန်းကျပုံတွေကွာခြားပါတယ်။ ဒီရုပ်ကြွင်းကို မြန်မာနိုင်ငံမှာရှိတဲ့ ငှက်မျိုးဖြစ်တဲ့ -ဘီလုံး လို့ ချစ်စနိုးနာမည်ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပယင်း တွင်းထွက်ကို ကချင်ပြည်နယ်မှာ အများ အပြားတွေရပါတယ်။  ကချင်ပြည်နယ်ကို ရောက်ရှိလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လည်း ပယင်းကို ဒေသထွက်ကုန်အနေနဲ့ ဝယ်ယူလေ့ရှိကြပါတယ်။

RFA

No comments:

Post a Comment