Latest News

Wednesday, June 7, 2017

တရုတ်တွင် လမ်းကူးလမ်းပြောင်း စနစ်သစ်ကြောင့် လမ်းပျောက်မည်ကို ယာဉ်မောင်းများ စိုးရိမ်နေ

တရုတ်တွင် လမ်းကူးလမ်းပြောင်း စနစ်သစ်ကြောင့် လမ်းပျောက်မည်ကို ယာဉ်မောင်းများ စိုးရိမ်နေ

တရုတ်တွင် အရပ်ရှစ်မျက်နှာသို့ ဦးတည်ထားသော ငါးထပ်ပါ အဝေးပြေး လမ်းကူးလမ်းပြောင်း စနစ်သစ်ကြောင့် ယာဉ်မောင်းများ ဇဝေဇ၀ါဖြစ်ကာ စိတ်ရှုပ်ထွေးနေရကြောင်း သိရသည်။ စပါဂတ်ဒီပြား ပုံစံတူ ကွန်ကရိဝင်္ကပါတွင် ယာဉ်မောင်းများ လမ်းပျောက်ခဲ့ရကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့ကြသည်။ ရှစ်နှစ်ကြာတည်ဆောက်ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က ဖွင့်လှစ်ခဲ့သော Huangjuewan အဝေးပြေးလမ်းကူး လမ်းပြောင်းစနစ်သည် တရုတ်အနောက်တောင်ပိုင်း ချုံကင်းမြို့စွန်တွင် တည်ရှိသည်။

မြေပြင်မှအထက် ၃၇ မီတာတွင် အမြင့်ဆုံးလမ်းပိုင်းကို တည်ဆောက်ထားပြီး အလွှာငါးခုပါသော ယင်းလမ်းသည် တစ်လွှာနှင့် တစ်လွှာကားများ ကူးပြောင်းနိုင်ရန်အတွက် ဆင်ခြေလျှောလမ်း ၁၅ ခုထက်မနည်း ရှိပြီး အရပ်ရှစ်မျက်နှာကို သွားလာနိုင်ကြောင်း
ချုံကင်း မြူနီစီပယ် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ခေတ်မီဆန်းပြားသော အဆိုပါလမ်းဒီဇိုင်းသည်မြို့၏ ပင်မအပိုင်း၊ လေဆိပ်နှင့် အမြန်လမ်းမတို့ကို ချိတ်ဆက်ပေးရန် လိုအပ်ကြောင်း လမ်းအနိမ့်ပိုင်းနှင့် အမြင့်ပိုင်းတို့ ကို ချိတ်ဆက်ပေးသည့် ဆင်ခြေလျှောလမ်း တစ်ခုချင်းစီသည် ဇုန်တစ်ခုစီချင်းဆီသို့ ဦးတည်ထားကြောင်း ချုံကင်းမြို့ပြနှင့် ကျေးလက်ဆောက်လုပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရှုပ်ထွေးသောလမ်းသည် အင်တာနက်တွင် အငြင်းပွားမှုများကို ဖြစ်လာစေခဲ့သည်။

“လမ်းပြောင်း ဆင်ခြေလျှောတစ်ခုကို ခင်ဗျား လွဲသွားပြီဆိုရင် ချုံကင်းကို နောက်တစ်ရက်ကြာမှ ရောက်လိမ့်မယ်”ဟု လမ်းအသုံးပြုသူတစ်ဦးက လူမှုမီဒီယာ ဝေပိုတွင် သတိပေးခဲ့သည်။

အခြားတစ်ဦးကလည်း “ကျွန်တော့် GPS က ပြောတယ်။ မင်းသွားချင်တဲ့နေရာသွား ငါ့ကိုတော့ ထားခဲ့လို့” ဟု လှောင်ပြောင်ခဲ့သည်။ နောက်ထပ် ယာဉ်မောင်းတစ်ဦးကလည်း “ Huangjuewan ဒဏ္ဍာရီတံတား အရပ်မျက်နှာသွားနှင့် ငါးထပ်လမ်း၊ ကျွန်တော်ကတော့ GPS မပါဘဲ သွားတယ်။ လမ်းလည်း မပျောက်ဘူး” ဟု လှောင်ပြောင်ခဲ့သည်။

သို့သော်လည်း စီမံကိန်းတာဝန်ရှိသူတစ်ဦးက လမ်းကူးဆင်ခြေလျှောလမ်း တစ်ခုချင်းစီတွင် ရွေးစရာ နှစ်လမ်းသာရှိသဖြင့် လမ်းမှန်ရောက်ရန် ယာဉ်မောင်းများအတွက် ခက်ခဲမည်မဟုတ်ဟု ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment