Latest News

Wednesday, June 7, 2017

လေယာဉ်ပျက်ကျမှုကြောင့် အလောင်းများ ပေါ်နေသည်ဆိုသည့် မြင်းခွာအော်ကမ်းခြေသို့  ကယ်ဆယ်ရေးများ သွားရောက် ရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်း မရှိသေး

လေယာဉ်ပျက်ကျမှုကြောင့် အလောင်းများ ပေါ်နေသည်ဆိုသည့် မြင်းခွာအော်ကမ်းခြေသို့  ကယ်ဆယ်ရေးများ သွားရောက် ရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်း မရှိသေး


လေယာဉ်ပျက်ကျရာမှ အလောင်းများ ပေါ်နေသည်ဟု ဒေသခံများထံမှ ကနဦး သတင်းပေးပို့ ချက်အရ အလောင်းတွေ့ရှိသည်ဟုဆိုသည့် လောင်းလုံးမြို့ နယ် မြင်းခွာအော်ကမ်းခြေသို့  ထားဝယ်ဒေသရှိ အရေးပေါ်လူနာတင်ယာဉ်များ အားလုံးနှင့် ကယ်ဆယ်ရေးအဖွဲ့ များ သွားရောက်ရှာဖွေခဲ့သော်လည်း ယင်းနေရာတွင် အလောင်းများ တွေ့ ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့သော် ဒေသခံအချို့ ၏ ပြောပြချက်အရ ၄င်းစစ်လေယာဉ်ကို ယနေ့ မွန်းလွဲ ၁ နာရီကျော် အချိန်ခန့်တွင် လောင်းလုံးကမ်းရိုးတန်း (မြင်းခွာအော်နှင့် တီဇစ်ကျေးရွာအကြား) တွင် လေပေါ်၌ ဝေ့ဝဲပြီး ထိုးကျသွားသည်ကို မြင်တွေ့ ခဲ့သူရှိပြီး မည်သည့်နေရာတွင် ကျသွားသည်ကိုမူ မသိရှိသေးသည့် အနေအထား ဖြစ်နေကြောင်း သိရသည်။

လက်ရှိအချိန်၌ အလောင်းတွေ့ ရှိသည်ဟု ကနဦးသတင်းရရှိခဲ့သည့် မြင်းခွားအော်ကမ်းခြေမှ ကယ်ဆယ်ရေးဖွဲ့ များ ပြန်လည်ထွက်ခွာလာခဲ့ပြီး အနီးရှိ ညောပြင်ကျေးရွာတွင် စခန်းချကာ ယင်းဒေသတစ်ဝိုက်တွင် ဒေသခံများနှင့် ပူးပေါင်း၍ ရှာဖွေမှုများပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လေယာဉ်ပျက်ကျသည်ဟု ယူဆရသည့် လောင်းလုံးကမ်းရိုးတန်းတစ်လျှောက်တွင်လည်း တပ်မတော်(ရေ)မှ စစ်သဘောင်္များဖြင့် ရှာဖွေမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် တပ်မတော် (လေ) မှ လေယာဉ်တွင် စစ်သည်/မိသားစု ၉၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးတို့ ပါဝင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထပ်မံထုတ်ပြန်ခဲ့သည်။

အဆိုပါ ပျောက်ဆုံးလေယာဉ်သည် ရန်ကုန်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း တပ်မတော်သားများ နှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8-200 F အမျိုးအစား လေယာဉ်အမှတ်-၅၈၂၀) တစ်စီးသည် မြိတ်လေတပ်စခန်းဌာနချုပ်မှ စစ်သည်/မိသားစု ၉၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအ၀င် ကုန်တန်ချိန် ၂.၄ တန်ခန့် သယ်ဆောင်၍ မွန်းလွဲ ၁ နာရီ ၆ မိနစ်ခန့်တွင် ရန်ကုန်မြို့သို့ အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းခဲ့ရာ ၁ နာရီ ၃၅ မိနစ်၌ ထားဝယ်မြို့၏ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ရုတ်တရက်ဆက်သွယ်မှု ပြတ်တောက်ခဲ့သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Credit to Eleven Media Group
Writer:
ဖြိုးဇင် (ထားဝယ်)

No comments:

Post a Comment