Latest News

Monday, June 26, 2017

အဆိပ်ချဖမ်းခြင်း၊ ရှော့တိုက်ဖမ်းခြင်းနှင့် စည်းကမ်းလိုက်နာမှု အားနည်းခြင်းတို့ကြောင့် ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်တွင် ကမ္ဘာ့ရှားပါး ငါးမျိုးစိတ်စာရင်းဝင် ၁၀ မျိုးခန့် မျိုးသုဉ်းပျောက်ကွယ်လာ

ခိုင်ကမ်းရိုးတန်း
ပင်လယ်ပြင်တွင် ကမ္ဘာ့ရှားပါးငါးမျိုးစိတ်စာရင်းဝင် ၁၀ မျိုးခန့် မျိုးသုဉ်းရှားပါး ပျောက်ကွယ်လာကြောင်း ရခိုင်ကမ်း ရိုးတန်းဒေသ ရေလုပ်ငန်းရှင်များထံမှ သိရသည်။

ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသရှိ စစ်တွေ၊ ကျောက်ဖြူ၊ မာန် အောင်၊ သံတွဲ၊ ဂွကမ်းလွန်ပင်လယ် ပြင်များတွင် ရေ၀က်၊ ငါးမန်း၊ လင်းပိုင်၊ ရေနဂါး၊ ဝေလငါး၊ သိတ္တာဆည် စသည့် ကမ္ဘာ့ရှားပါး ငါးမျိုးစိတ် စာရင်းဝင် ၁၀ မျိုးခန့်မှာ ရေလုပ်သားများ စည်းကမ်းလိုက်နာမှု အားနည်းပြီး အဆိပ်ချဖမ်းဆီးခြင်း၊ ရှော့တိုက်ဖမ်းဆီးခြင်း၊ မိုင်းခွဲဖမ်းဆီးခြင်းတို့ကြောင့် ပင်လယ်ပြင် သယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ် လာရခြင်းဖြစ်ကြောင်း သိရသည်။

“ပင်လယ်ပြင်မှာကတော့ ကျွန်တော်တို့ သိရသလောက် အသုံးများတာက ဆေးချတာ၊ ဓာတုဗေဒဆေး ၀ါးသုံးစွဲတာရှိတယ်။ နောက် မိုင်းခွဲတာတွေရှိတယ်။ အဓိကလုပ်ကိုင်နေတာ ကျောက်ပုစွန်ငုပ်တဲ့လူတွေ၊ ကျောက်ငါးဖမ်းတဲ့လူတွေပေါ့။ ဒါ တွေကို ကာကွယ်ထိန်းသိမ်းဖို့အ တွက် လောလောဆယ်မှာ ပင်လယ် ပြင်စိုးမိုးဖို့အရေးဟာ လက်ရှိအခြေအနေအရ ဆိုရင်တော့ သိပ်မသေချာသေးဘူး။ ငါးလုပ်ငန်းအနေနဲ့ကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ရခိုင်ပြည် နယ်ရဲ့သယံဇာတတွေနဲ့ပတ်သက် တဲ့ အစည်းအဝေးတွေ၊ ၀ပ်ရှော့တွေတိုင်းမှာ ကျွန်တော်တို့တင်ပြခဲ့တာ ရှိပါတယ်။ ပင်လယ်ပြင်ကိုထိန်းသိမ်း တဲ့အပိုင်းကျတော့ ငါးလုပ်ငန်းဦးစီး ဌာနအနေနဲ့က သူတို့မှာ ကင်းလှည့် ဖို့အတွက် ရေယာဉ်ကအစ ပစ္စည်း ပစ္စယ လုံလုံလောက်လောက်မရှိ သေးတဲ့အဆင့်မှာ ရှိတယ်။ အဲဒီ တော့ ကျွန်တော်တို့ပင်လယ်ပြင်ဟာ ကိုယ့်ပြည်တွင်းက လူတွေရော၊ ပြည်ပက ခိုးဝင်တဲ့သင်္ဘောတွေရော သူတို့ဖမ်းချင်တဲ့ဟာကို ဖမ်း၊ ဖမ်းချင်သလိုဖမ်းဆိုတဲ့ အနေအထားမျိုးမှာ ရှိနေတယ်” ဟု ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (RCA) အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က ပြောကြားသည်။

တရားမ၀င် ဓာတုပစ္စည်းများ သုံးစွဲကာ ငါးဖမ်းဆီးမှုများကြောင့်  ရခိုင်ကမ်းရိုးတန်းဒေသ ပင်လယ်ပြင်တွင် ကမ္ဘာ့ရှားပါး ငါးမျိုးစိတ်များမှာ မကြာခဏ ဆိုသလို ကမ်းတင်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလ အတွင်းက မာန်အောင်ကျွန်း ရေလက်ကြားတွင် လင်းပိုင်အသေတစ်ကောင် တွေ့ရှိခဲ့ရပြီး ၂၀၁၇ ခုနှစ် ဧပြီ ၉ ရက်ကလည်း ဂွမြို့နယ် လိပ်ထိန်းသိမ်းရေး ကမ်းခြေတွင် အရှည်ပေ ၄၀ ကျော်ရှိ ဝေလငါး တစ်ကောင်နှင့် ဧပြီ ၂၁ ရက်ကလည်း မာန်အောင်ကမ်းခြေ၌ လင်းပိုင်တစ်ကောင် ကမ်းတင်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရှားပါးငါးမျိုးစိတ်များ မျိုးသုဉ်းရှားပါး ပျောက်ကွယ်လာခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ပြည်နယ်မှူး ဒေါက်တာညွန့်ဝေက “အမိန့်တွေ ထုတ်ထားတယ်။ ညွှန်ကြားချက်တွေ ထုတ်ထားတယ်။ သို့သော်လည်း လူတွေက မလိုက်နာဘူး။ အဆိပ်ချဖမ်းတယ်။ ရှော့တိုက်ဖမ်းတယ်။ မျိုးသုဉ်းရှားပါး သတ္တ၀ါတွေထဲမှာ ရေ၀က်လို့ခေါ်တဲ့ ဒူးခေါင်းတို့၊ ငါးမန်းတို့က ကျွန်တော်တို့ဆီမှာ ရှိတယ်။ နောက်ပြီး ရေနဂါး၊ သိတ္တာဆည်တို့ ဒါတွေလည်းရှိတယ်။ တို့နိုင်ငံကဆိုရင် ၁၀ ခု လောက်ပေါ့နော်။ သူတို့ထိန်းသိမ်းပါ၊ ဖမ်းမိရင်လည်း ပြန်လွှတ်ပေးပါ။ အသိပညာပေးတွေတော့ လုပ်နေတာပေါ့။ သို့သော်လည်း လူတွေက လိုက်နာမှု အားနည်းတယ်။ နောက်တစ်ခါ နိုင်ငံတကာက WCS ပေါ့လေ။ သူတို့တွေကလည်း ဒါတွေကို ကူညီနေတယ်။ သူတို့ကူညီတယ် ဆိုတာလည်း ဘယ်နှကောင်ရှိလဲ၊ အခုဘယ်လောက်တွေ့သလဲ စသဖြင့် ဒီလောက်ပဲ သူတို့လာပြီး ကြည့်ရှုနိုင်တဲ့ သဘောပါပဲ။ သူတို့လည်း ဘယ်လိုမလုပ်နဲ့ ဒီလိုမလုပ်နဲ့ ဆိုတာလည်း မတတ်နိုင်ပါဘူး” ဟု ပြော ကြားသည်။

Eleven

No comments:

Post a Comment