Latest News

Friday, June 9, 2017

ရှေ့နေဦးဇော်ဝင်း ကို ဆေးစာအတုလုပ်တယ်ဆိုပြီး ထောင် ၁ နှစ်ခွဲချမှတ်

ရှေ့နေဦးဇော်ဝင်း ကို ဆေးစာအတုလုပ်တယ်ဆိုပြီး ထောင် ၁ နှစ်ခွဲချမှတ်

တရားရုံးကို ဆေးစာအတုတင်သွင်းတယ်ဆိုပြီး တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို လိမ်လည်မှု ပုဒ်မ ၄၂ဝနဲ့ မတ္တရာမြို့နယ်တရားရုံးက ဒီကနေ့ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ဦးဇော်ဝင်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အမှုတစ်ခုမှာ အမှုသည်အတွက် တရားရုံးကို ဆေးစာအတု တင်ခဲ့တယ်ဆိုပြီး ပုဒ်မ ၄၂ဝ၊ ၄၆၈၊ ၄၇၁ တို့နဲ့ တရားစွဲခံထားရာကနေ အခြား ပုဒ်မနှစ်ခုကို တရား သေလွှတ်ပြီး ပုဒ်မ ၄၂ဝ အရ ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ မတ္တရာမြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းထိန်က ပြောပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့မှာ ဦးဇော်ဝင်းက မတ္တရာမြို့နယ် တရားသူကြီးကို ဆဲဆိုပြီး ဖိနပ်နဲ့ ပေါက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့အတွက် ဦးဇော်ဝင်းကို မတ္တရာမြို့နယ် တရားသူကြီးက ဆဲဆိုမှု ပုဒ်မ ၂၉၄ြ ပည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့ တရားစီရင်မှုရပ်ဆိုင်းစေမှု ၂၂၈ အရ အမှုဖွင့်တရားစွဲဆိုထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း ဟာ တရားရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် ပြင်ဦးလွင်မြို့မှာ အကြိမ်ကြိမ်ဆန္ဒပြ တောင်းဆိုနေသူတစ်ဦးဖြစ်ပြီး မြေယာသိမ်းဆည်းခံ တောင်သူလယ်သမားအရေး တွေမှာလည်း တက်ကြွလှုပ်ရှားနေသူ ဖြစ်ပါတယ်။

Photo: Hset Paing Toe/RFA

No comments:

Post a Comment