Latest News

Wednesday, June 28, 2017

''ဗိုလ်အောင်ဒင် ချစ်သော မိန်းမများ ဇာတ်ကား အဆက် 'ဂျင်းကောင်' ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ်နဲ့ ရိုက်ကူးသွားမယ်'' ဒါရိုက်တာ ကိုပေါက်

''ဗိုလ်အောင်ဒင် ချစ်သော မိန်းမများ ဇာတ်ကား အဆက် 'ဂျင်းကောင်' ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ်နဲ့ ရိုက်ကူးသွားမယ်'' ဒါရိုက်တာ ကိုပေါက်

သရုပ်ဆောင်ဘဝကနေ ဒါရိုက်တာဘဝ ကိုကူးပြောင်းလာပြီး ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးနေတဲ့ ဒါရိုက်တာကိုပေါက်နှင့် တွေ့ဆုံခိုက် ယခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - အခုလတ်တလောအနုပညာ လှုပ်ရှားမှုတွေရှိရင် ပြောပြပေးပါ။

ဖြေ - အခုကတော့ ကျွန်တော်ဇာတ်လမ်းတွဲတစ်ခုကို ဒါရိုက်တာအနေနဲ့ ရိုက်ကူးနေပါတယ်။

မေး - သရုပ်ဆောင်ဘဝကနေ ဒါရိုက်တာဘဝကို ကူးပြောင်းခဲ့ပြီး ဇာတ် ကားတွေအများကြီးရိုက်ကူးနေတာဆို တော့ သရုပ်ဆောင်ဘက်ကိုရော ရိုက် ကူးဖြစ်သေးလား။

ဖြေ - ရိုက်နေပါတယ်။ ကျွန်တော်က ဒါရိုက်တာကိုဦးစားပေးနေပါတယ်။ ကျွန်တော်က အလုပ်တစ်ခုကိုတစ်နေရာတည်းမှာ ရပ်မနေချင်ဘူး။ အဲဒါ ကြောင့် ပထမသရုပ်ဆောင်လုပ်နေရင်း နဲ့ဇာတ်ညွှန်းရေးတယ်။ နောက် မင်းသားရဲ့သူငယ်ချင်း ကာရိုက်တာကနေ သရုပ်ဆောင်တယ်။ နောက်တွေးမိတာ တစ်ခုက ပရိသတ်ကို ကိုယ်ဘယ်လိုဆွဲ ဆောင်နိုင်မလဲဆိုတာ တွေးကြည့်တော့ ဒီကာရိုက်တာပဲလုပ်နေလို့တော့မရဘူး။ ငါဗီလိန်ကာရိုက်တာလုပ်မယ်ဆိုပြီး အဲဒီကာရိုက်တာကိုလုပ်တယ်။ အဲဒီကာရိုက်တာမှာလည်း ခေတ်အဆက်ဆက်က သရုပ်ဆောင်တွေလည်းများတယ်။ ပြီးတော့ကိုယ်အသက်ကြီးလာရင်လည်း ဒီလိုင်းတွေက သိပ်အဆင်မပြေနိုင်ဘူးဆို တော့ နောက်တစ်ဆင့်ကို ကြိုတင်ပြင်ဆင်တယ်။ အဲဒီမှာ ကိုယ်ကလည်း ဒါရိုက်တာအလုပ်ကို ဝါသနာပါတော့ အဲဒီလိုင်းဘက်ကို ကူးပြောင်းဖြစ်သွားတာပါ။

မေး-ဒါရိုက်တာအနေနဲ့ ရှေ့ဆက်ဘယ် လိုဇာတ်လမ်းမျိုးတွေရိုက်ကူးဖို့ရှိလဲ။

ဖြေ - ရှိပါတယ်။ ပရိသတ်တွေ အမြင်ဆန်းစေမယ့် ဇာတ်လမ်းလေးတွေရှိပါတယ်။ နောက် ကျွန်တော် ဇာတ်ညွှန်း ရေးထားတဲ့ ထူးခြားတဲ့ဇာတ်လေးတွေလည်းရှိပါတယ်။ ကျွန်တော်ရိုက်ကူးချင်တဲ့ဇာတ်လမ်းပုံစံမျိုးကတော့ အချစ်၊ ဒရာမာဇာတ်လမ်းမျိုးကိုပဲ ကြိုက်ပါတယ်။ နောက်ကျွန်တော် အခုရိုက်နေ တဲ့ဇာတ်လမ်းတွဲပြီးသွားရင် အောင်ရဲလင်းနဲ့ တစ်ကား၊ ပြီးရင် မြင့်မြတ် ''ဂျင်း ကောင်'ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီနှစ်ထဲမှာရိုက်ပါမယ်။

မေး - ရုပ်ရှင်နဲ့ ဗီဒီယို ဘယ်ဟာပို အရိုက်များနေလဲ။

ဖြေ - ကျွန်တော် ရိုက်တာမျှပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဇာတ်ကားတွေအများကြီးရိုက်ပြီး ထုတ်လုပ်သူတွေများတဲ့ဒါရိုက်တာတစ်ယောက်လည်း မဟုတ်ပါဘူး။ ဇာတ်ကားတစ်ကားရိုက်ရင် မရိုက်ခင်ကြိုတင်ပြင်ဆင်တယ်။ သေချာအချိန်ပေးရိုက်ကူးတယ်။

မေး - ကိုယ့်မိသားစုကိုရော ဘယ် လိုအချိန်ပေးဖြစ်လဲ။ နောက်ကိုယ့် သားသမီးတွေကိုရော အနုပညာလမ်း ကြောင်းကိုပဲ လျှောက်စေချင်လား။

ဖြေ - မိသားစုကို အချိန်သိပ်မပေး ဖြစ်လို့ အိမ်မှာတောင်ပြဿနာရှိပါတယ်။ ကိုယ့်အနုပညာအလုပ်နဲ့အပြင် စီးပွားရေးကလည်းလုပ်တော့ အလုပ်များပါတယ်။ သားကြီးကိုတော့ မအားတဲ့ကြားကပဲ ကျောင်းပို့ပေးပါတယ်။ အလုပ်ကို ပိုဦးစားပေးလုပ်ဖြစ်နေပါတယ်။ ကိုယ့်ရဲ့ကလေးတွေကိုတော့ ကိုယ့်အလုပ်ကိုလုပ်လည်း လုပ်စေချင်တယ်။ မလုပ်လည်းမလုပ်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အလုပ်တွေက အကျပ်အတည်းတွေ ကြားကနေလုပ်ရတယ်။မင်းသားမျက်နှာကြည့်ရ မင်းသမီးမျက်နှာကြည့်ရနဲ့ အရမ်းကိုအာရုံများရပါတယ်။

KZYH

Democracytoday

No comments:

Post a Comment