Latest News

Wednesday, June 28, 2017

တိုကျို ကမ်းလွန်၌ တိုက်မိခဲ့သော အမေရိကန် စစ်သင်္ဘော ဂျပန် ဆိပ်ကမ်း၌ပင် ပြန်လည်ပြင်ဆင်

တိုကျို ကမ်းလွန်၌ တိုက်မိခဲ့သော အမေရိကန် စစ်သင်္ဘော ဂျပန် ဆိပ်ကမ်း၌ပင် ပြန်လည်ပြင်ဆင်

တိုကျို၊ ဇွန် ၂၇

ယခုလအတွင်းက ဂျပန်ကမ်း ခြေပင်လယ်ပြင်တွင် အမေရိကန်စစ်သင်္ဘောနှင့် ဖိလစ်ပိုင်ကုန်တင် သင်္ဘောတို့ တိုက်မိခဲ့ကြပြီး ခုနစ်ဦး သေဆုံးခဲ့ရသော အမေရိကန်ဖျက် သင်္ဘော USS Fitzgerald သည် ဂျပန်ဆိပ်ကမ်း၌ ဇွန် ၂၇ ရက်က လွန်းတင်ပြင်ဆင်နေသည်ဟု အမေရိကန်ရေတပ်ပြောရေးဆိုခွင့်ရှိသူ က ဇွန် ၂၇ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တောင်ဘက် ယိုကိုဆူကာရေတပ်အခြေစိုက် စခန်း၌ စစ်သင်္ဘောရပ်နားပြီး အပျက်အစီးများကို လွန်းတင်ပြင်ဆင်နေခြင်းဖြစ်သည်။ သင်္ဘောနှစ်စင်းတိုက်မိမှုကို ဂျပန်နှင့် အမေရိကန်စစ်ဆေးရေးမှူးများက စုံစမ်းစစ်ဆေးနေကြပြီး တိုက်မိသော Fitzgerald  စစ်သင်္ဘောအတွင်းတွင်အသက်(၁၉)နှစ်မှ (၃၇)နှစ်ရှိသော သေဆုံးသူများကိုရှာ ဖွေတွေ့ရှိခဲ့ကြသည်။ အမေရိကန်စုံ စမ်းစစ်ဆေးရေးမှူးချုပ်အဖြစ် ရေတပ်ဗိုလ်ချုပ်ကြီး ဘရိုင်ယန်ဖို့အားခန့်အပ်ထားသည်။ သင်္ဘောနှစ်စင်း တိုက်မိမှုကို ဖိလစ်ပိုင်ကုန်တင်သင်္ဘော ACX Crystal မှ ဦးစွာ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းသတင်းကို ဂျပန်ကမ်းခြေစောင့်တပ်က ယင်းနေ့နံနက်ပိုင်း ၂း၂ဝ၊ ဂရင်း နစ်စံတော်ချိန် ၁၇း၂ဝ နာရီကလက်ခံရရှိခဲ့သည်။

Ref:AFP

Democracytoday

No comments:

Post a Comment