Latest News

Sunday, June 4, 2017

ရန်ကုန်နှင့် ဧရာဝတီတွင် မိုးတိမ်တောင် အန္တရာယ်ကြီးမားဆဲဖြစ် ကြောင်း ဒေါက်တာထွန်းလွင်သတိပေး

ရန်ကုန်နှင့် ဧရာဝတီတွင် မိုးတိမ်တောင် အန္တရာယ်ကြီးမားဆဲဖြစ်
ကြောင်း ဒေါက်တာထွန်းလွင်သတိပေး

ရန်ကုန်နှင့်ဧရာဝတီတွင် နေရာကွက်မိုးကြီးကာ ရေကြီးနစ် မြုပ်မှုများနှင့် မိုးကြိုးပစ်ခြင်းများ ရင်ဆိုင်နေရပြီး မိုးတိမ်တောင် အန္တရာယ်ကြီးမားနေကြောင်း မိုး လေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

ဇွန်လ ၄ ရက်တွင် ရန်ကုန် တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ၌ နေရာကွက်မိုးကြီးခြင်း၊ လေ ပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ် ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့ တွင် ရေကြီးနစ်မြုပ်မှု ဆိုးရွားစွာ ကြုံတွေ့ခဲ့သည်။ လျှပ်စီးလက် ခြင်း၊ မိုးကြိုးပစ်မှုများ အကြိမ် ရေများစွာဖြစ်ခဲ့သည်။ ဧရာဝတီ တိုင်းဒေသကြီး လပွတ္တာမြို့နယ် တွင် မိုးကြိုးပစ်ခံရ၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း လပွတ္တာမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။

‘‘ကချင်ပြည်နယ်မှ လွဲပြီး တစ်နိုင်ငံလုံးမှာ မိုးတိမ်တောင် ဖြစ်နိုင်ခြေများနေတယ်။ အထူး သဖြင့် ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်းကတော့ မိုးတိမ်တောင်အန္တ ရာယ်အများဆုံးပဲ။ ပေါ့တန်တန် မနေသင့်ဘူး’’ဟု ဒေါက်တာထွန်း လွင်က ပြောသည်။

ယနေ့(ဇွန်လ ၅ ရက်)အ တွက် မိုးတိမ်တောင်အခြေအနေ ကို ဒေါက်တာထွန်းလွင်က ရာခိုင် နှုန်းဖြင့် တွက်ချက်ခန့်မှန်းထား သည်။ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် မိုးတိမ်တောင်ဖြစ် နိုင်ခြေ ၇၅ ရာခိုင်နှုန်းမှ ၉၅ ရာ ခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး၊ ချင်း နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ် တောင်ဖြစ်ရန်သေချာမှု ၅၅ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းနှင့် ကျန်ဒေသ များတွင် ၃၅ ရာခိုင်နှုန်းမှ ၅၅ ရာ ခိုင်နှုန်းအထိ ရှိနိုင်ကြောင်း သတိ ပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးသည်။ထို့အပြင် ကမ်းရိုးတန်းဒေသများ၌ လေပြင်းအန္တရာယ် သတိပြုရန် သတင်းထုတ်ပြန်ထားသည်။

7Day News

No comments:

Post a Comment