Latest News

Sunday, June 4, 2017

ရန်ကုန်မြို့တွင် ရေစုကန် များလုံးဝမရှိခြင်းကြောင့် ရေကြီးရခြင်းဖြစ် ကြောင်း မြို့တော်ဝန်ဆို

ရန်ကုန်မြို့တွင် ရေစုကန် များလုံးဝမရှိခြင်းကြောင့် ရေကြီးရခြင်းဖြစ်
ကြောင်း မြို့တော်ဝန်ဆို

နေပြည်တော်၊ ဇွန် ၅

ရန်ကုန်မြို့တွင်းမိုးရွာသွန်းမှုပမာဏ များပြားပါကရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရခြင်းမှာ စည်းကမ်းမဲ့အမှိုက်စွန်ပစ်မှုကြောင့်ရေမြောင်းများ ပိတ်ဆို့ရခြင်းအပြင် ရန်ကုန်မြို့ဧရိယာအတွင်းရေစုကန်များ လုံးဝမရှိခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က နေပြည်တော်တွင်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား၌ သတင်းထောက်များအား ပြောဆိုလိုက်သည်။

"ရန်ကုန်က တနေ့လုံးမိုးရွာ ၊မိုးရေချိန် (၆)လက်မအထိ ရေစီးအားရှိနေတယ်၊မနေ့ကကျတော့မိုးရွာတာက (၂)နာရီအတွင်းမှာမိုးရေချိန်(၄)လက်မအထိ တပြိုင်ထဲတက်လာတဲ့အတွက်အခုလိုဖြစ်သွားတာပါ"ဟုရန်ကုန်မြို့တော်ဝန် ဒေါက်တာမောင်မောင်စိုးကဆိုသည်။

ရန်ကုန်မြို့ရှိရေမြောင်းများသည် ယခင်ကလူဦးရေလေးသောင်းစာ အတွက်သာဖောက်လုပ်ထားခြင်းဖြစ်ပြီးယခုလို လူဦးရေခြောက်သန်းအထိရှိလာချိန်တွင်မူရေနှုတ်မြောင်းပိတ်ဆို့မှုနှင့်အမှိုက်ပြသနာများကိုကြုံတွေ့လာရကြောင်း၎င်းကဆက်လက်ပြောဆိုခဲ့သည်။ယခုနှစ်အတွင် ကမ္ဘာ့ဘဏ်မှချေးငွေ ကန်ဒေါ်လာ (၁၂၄)သန်းရယူထားပြီးရေစီးရေလာကောင်း မွန်ရေးနှင့်အမှိုက်များကြောင့်ရေမြောင်းပိတ်ဆို့မှုများမရှိစေရေး ဆာင်ရွက်သွားမည်ဟုသိရသည်။

ရန်ကုန်မြို့တွင် ယခင်က ရေစုကန် များရှိခဲ့သော်လဲ နောက်ပိုင်းတွင်လူနေအိမ်များအဆောက်အအုံးများဆောက်လုပ်ရာတွင် ရေစုကန်နေရာများပျောက်သွားခဲ့ပြီးနောက်ပိုင်းတွင်ရေကြီးရေလျှံမှုများကို ကာကွယ်နိုင်စေရန်အတွက် ရေစုကန်များ ပြန်လည်ပြုလုပ်ရန်လိုအပ်နေကြောင်း မြို့တော်ဝန်က ပြောပါသည်။

အောင်ပြည့်စုံ/Popular News

No comments:

Post a Comment