Latest News

Tuesday, June 27, 2017

ဘယ်အဖိုးအိုကို အိမ်ထဲကို ဖိတ်မှာပါလဲ

ဘယ်အဖိုးအိုကို အိမ်ထဲကို ဖိတ်မှာပါလဲ

တစ်နေ့ မှာ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့  အိမ်အပြင်ကိုထွက်လာတဲ့ အခါမှာ့ အဖိုးအို သုံးယောက်အိမ်ရှေ့ က ခုံတန်းလေးမှာ ထိုင်နေတာကို တွေ့ လိုက်ရတယ်။သူမ သူတို့ ကို တစ်ခါမှ မတွေ့ ဖူး မမြင်ဖူးပါဘူး။ဒါပေမဲ့သူတို့ကို ကြည့်ရတာ ဆာလောင်နေတဲ့ ပုံပေါက်နေတာကိုတော့ သူမ သတိထားမိပါတယ်။

ဒါကြောင့် .. “ကျွန်မ အဘိုးတို့ ကို သိတော့မသိပါဘူး။ ဒါပေမဲ့  အဖိုးတို့ ဆာလောင်နေတယ်ဆိုတာကိုတော့ သိပါတယ်။ လာပါ အိမ်ထဲကို ၀င်ပီး တခုခု စားကြပါအုံး”

အဘိုးအိုတို့က…”မင်းရဲ့ ယောကျာ်းအိမ်ထဲမှာ ရှိလား သမီး”

“မရှိပါဘူးရှင်”..”ဒါဆိုရင် အဖိုးတို့  မ၀င်တော့ပါဘူးကွယ်” ဆိုပီး အိမ်အပြင်က ခုံလေးမှာ ဆက်ထိုင်နေကြပါတယ်။ညနေ…သူမ ယောကျာ်းဖြစ်သူ ပြန်လာတော့ အဘိုးအိုသုံးယောက်အကြောင်းကို ပြောပြတယ်။ယောက်ျားဖြစ်သူက ..“သွားပါ အဖိုးအိုတို့ ကို အိမ်ထဲကို ခေါ်လာခဲ့ ပါ။တခုခု စားဖို့ သွားဖိတ်ခဲ့ ပါ”

သူမ အိမ်အပြင်ကို ထွက်တော့ အဖိုးအိုသုံးယောက်ကခုံလေးမှာ ထိုင်လျက်ပါပဲ။သူမက အိမ်ထဲကို လာဖို့ နဲ့  အစားအစာကို သုံးဆောင်ဖို့ဖိတ်လိုက်ပါတယ်။

“ငါတို့ အားလုံး အတူတူ ၀င်လာလို့ မရဘူး သမီး”

“ဘာဖြစ်လို့ လဲရှင်”

အဖိုးအိုတယောက်က ကျန်တဲ့ အဘိုးနှစ်ယောက်ထဲမှ တစ်ယောက်ကို ညွှန်ပြရင်း

“သူရဲ့ အမည်ကတော့  ချမ်းသာခြင်းပါ။”

နောက်ထပ် အဖိုးအို တယောက်ကို ညွှန်ပြရင်း…

“သူ့ ရဲ့ အမည်ကတော့ အောင်မြင်မှုနဲ့ အဖိုး ရဲ့ အမည်ကတော့ ချစ်ခြင်း ပါ။

ကဲ သမီး…သမီးရဲ့  ယောကျာ်းကို သွားမေးလိုက်ပါအုံး။ဘယ်တယောက်ကို အိမ်ထဲကို ၀င်လာစေချင်လဲဆိုတာ….”သူမ အိမ်ထဲဝင်ပီး ယောကျာ်းဖြစ်သူနဲ့ တိုင်ပင်ပါတယ်။ယောက်ျားဖြစ်သူကတော့အံ့သြနေတာပေါ့ ။
“ဘယ်လောက်တောင် အံ့ သြဖို့ကောင်းလိုက်သလဲဟင်။ အင်း ဒီအခြေအနေမှာ ငါ တို့ ချမ်းသာခြင်းကို ဖိတ်ခေါ်သင့် တယ်ထင်တယ်။

ကဲ မိန်းမရေ ချမ်းသာခြင်းဆိုတဲ့ အဖိုးအိုကို အိမ်ထဲကို ဖိတ်လိုက်ပါ။ငါတို့မိသားစုလေးကို ချမ်းသာခြင်းတွေနဲ့ပြည့်အောင်လုပ်ရမယ်”ဒါပေမဲ့ ဇနီးဖြစ်သူကတော့ သဘောမတူပါဘူး။

“ယောကျာ်းရယ်..ဘာလို့ အောင်မြင်မှုဆိုတဲ့ အဖိုးအိုကို မဖိတ်ချင်ရတာလဲ။ကျွန်မတို့ အောင်မြင်မှုကိုလဲ လိုအပ်တယ်လေ”သူတို့ ပြောနေတာကို အခန်းထဲဝင်လာတဲ့  သမီးဖြစ်သူက ကြားပီး အခြေအနေကိုနားလည်သွားပါတယ်။

သူမကလည်း ၀င်ပြီး…”ချစ်ခြင်းဆိုတဲ့ အဖိုးအိုကို ခေါ်တာက အကောင်းဆုံးလို့ သမီးထင်တာပဲ။သမီးတို့ ရဲ့ မိသားစုလေးကိုချစ်ခြင်းတွေနဲ့  ပြည့် နေတာ ပိုကောင်းပါတယ်။”

နောက်ဆုံး သမီးဖြစ်သူရဲ့ စကားကို သူတို့ သဘောတူလိုက်တယ်။အမျိုးသမီးက အိမ်ပြင်ကို ပြန်ထွက်ပီးအဖိုးအို သုံးယောက်ကို ပြောပါတယ်။”အဖိုးတို့ထဲက ချစ်ခြင်းက ဘယ်သူလဲ မသိဘူး။ချစ်ခြင်းဆိုတဲ့ အဖိုးအို
ကျေးဇူးပြုပြီး အိမ်ထဲကို ကြွပါ။ဧည့် သည် အဖြစ် စားစရာတွေကို လာရောက်သုံးဆောင်ပါ”

အဲဒီမှာ ချစ်ခြင်းဆိုတဲ့  အဖိုးအိုက ရှေ့ ကိုထွက်လာပီး အိမ်ထဲကို ဦးတည်သွားပါတယ်။ကျန်တဲ့ အဖိုးအို နှစ်ယောက်ကလည်း သူ့ နောက်ကနေ အိမ်ထဲကို လိုက်လာပါတယ်။

အိမ်ထဲကို အဖိုးအိုသုံးယောက်လုံး ၀င်လာတော့  အမျိုးသမီးဖြစ်သူ အံ့ သြသွားတာပေါ့့ ။အဖိုးအိုသုံးယောက်ကို မေးလိုက်ပါတယ်။

“ကျွန်မ ချစ်ခြင်းဆိုတဲ့ အဖိုးအိုတစ်ယောက်ထဲကိုပဲ ဖိတ်လိုက်တာပါ။ဘာလို့အားလုံး ၀င်လာကြတာလဲရှင်”
ချစ်ခြင်းဆိုတဲ့ အဖိုးအိုက ပြန်ဖြေပါတယ်။။

“တကယ်လို့ သမီးက အောင်မြင်မှုနဲ့ ချမ်းသာမှုထဲက တစ်ယောက်ယောက်ကို ဖိတ်လိုက်မယ်ဆိုရင် ကျန်တဲ့ နှစ်ယောက်က အိမ်အပြင်မှာ နေခဲ့ ရမှာပါ။ဒါပေမဲ့ သမီးက ချစ်ခြင်းကို ဖိတ်ခေါ်လိုက်တော့သူ ဘယ်သွားသွား သူတို့ နှစ်ယောက် လိုက်ကြပါလိမ့် မယ်။ချစ်ခြင်းရှိတဲ့ နေရာတိုင်းမှာ အောင်မြင်မှုနဲ့  ချမ်းသာခြင်း ရှိတယ် သမီး။”

ဘ၀မှာ ဘယ်အရာက အရေးအကြီးဆုံးလဲ ဆိုတာကို သိဖို့ လိုပါတယ်။ကျွန်တော်အပါအ၀င် အားလုံးသော သူတွေက ချမ်းသာချင်ကြပါတယ် အောင်မြင်ချင်ကြပါတယ်။ဒါပေမဲ့ ချစ်ခြင်းရဲ့ အရေးပါမှုကို သိပ်အရေးမထားမိကြပါဘူး။

ချစ်ခြင်းမရှိတဲ့  အောင်မြင်မှု ချမ်းသာမှုတွေ ရဲ့ အဓိပ္ပါယ်မဲ့မှုကို မတွေးမိကြပါဘူး။ ချမ်းသာမှု အောင်မြင်မှုတွေကို ရှာပီးမှ ချစ်ခြင်းကို ရှာရင်ပိုကောင်းတယ် ပိုလွယ်တယ် ထင်ကြပါတယ်။

ဒါပေမဲ့ ကိုယ် ရှာနေတဲ့ အချိန်မှာပဲ မိသားစု အချင်းချင်းကြားက ချစ်ခြင်း သူငယ်ချင်းတွေ ကြားက ချစ်ခြင်းတွေ မောင်နှမတွေကြားကချစ်ခြင်းတွေ ချစ်သူတွေ ကြားက ချစ်ခင်မှုတချို့ တွေကလက်ပြနှုတ်ဆက်သွားတက်ကြပါတယ်။ သူတို့ ကို ဘယ်လိုမှ ပြန်ရှာလို့ မရတော့  ပါဘူး။

တချို့ သော ချစ်ခြင်းတွေက ဘယ်တော့မှနောက်ထပ်အစားထိုး ပြန်မရတော့ပါဘူး။လက်ရှိအချိန်မှာပဲ ကိုယ့်  ရဲ့ မိသားစု မောင်နှမ သူငယ်ချင်းတွေကြားက ချစ်ခင်မှုတွေကို ရယူတန်ဖိုးထားကြပါ။အောင်မြင်မှုနဲ့ ချမ်းသာမှုက အလိုလို ရလာပါလိမ့်မယ်။

ThreeOldMen(Thet Phyo Aung)
Credit - Kanaung News

No comments:

Post a Comment