Latest News

Tuesday, June 6, 2017

မွန်အမျိုးသားပညာရေးကျောင်းများကို အစိုးရက ကူညီထောက်ပံ့မည်

မွန်အမျိုးသားပညာရေးကျောင်းများကို အစိုးရက ကူညီထောက်ပံ့မည်

မွန်ပြည်သစ်ပါတီ အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားပညာရေးကျောင်းများကို အစိုးရက ကူညီထောက်ပံ့ရန်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီးထံမှ သတင်းရရှိသည်။

မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်တွင် မိခင်ဘာ သာစကားအခြေပြုသင်ကြားနေ သည့် အမျိုးသားပညာရေးကျောင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသူ၊ ကျောင်းသား တစ်သိန်း ခုနစ် သောင်းကျော် ပညာသင်ကြား လျက်ရှိသည်ဟု မွန်အမျိုးသား ပညာရေးကော်မတီ(MNEC)ထံမှ သိရသည်။

 ‘‘မွန်အမျိုးသားပညာရေး ကျောင်း ပညာရေးထောက်ပံ့ဖို့ ပြည်ထောင်စုကို တင်ထားတယ်။   ပြည်ထောင်စုကနေပြီးတော့ ကျ လာလို့ရှိရင် ကျွန်တော်တို့ပြည် နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်ပညာ ရေးမှူးက နေပြီးတော့ ညှိနှိုင်း ပေါင်းစပ်ပြီးတော့ ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်’’ ဟု လူမှု ရေးဝန်ကြီး ဒေါက်တာထိန်လင်း က ပြောသည်။

 မွန်အမျိုးသား ပညာရေး ကျောင်းများအတွက် ကျောင်း ထောက်ပံ့ကြေးကို ယခင်ပညာ သင်နှစ်များက ယူနီဆက်က ကူညီ ထောက်ပံ့ခဲ့ပြီး ယခုနှစ်ပညာသင် နှစ်အတွက် ယူနီဆက်၏ကူညီထောက်ပံ့ရေးအစီအစဉ် ကုန်ဆုံးသဖြင့် ယင်းနေရာကို ပြည်နယ်အ စိုးရက ကူညီထောက်ပံ့ရန် တင် ပြတောင်းခံထားသည်ဟု မွန်အ မျိုးသားပညာရေး ကော်မတီမှ သိရသည်။

‘‘ဒီ Proposal တင်ထားတဲ့ ကိစ္စကို လူမှုရေးဝန်ကြီးကို မေး ကြည့်တော့ ပြည်ထောင်စုကို တင်ထားပေးတယ်။ ပြည်ထောင်စုကနေပြီးတော့  ဒီမွန်အမျိုးသား ကျောင်းတွေကို ကူညီထောက်ပံ့ ပေးဖို့ အစီအစဉ်ရှိတဲ့အကြောင်း၊ အဲဒါကို သမ္မတရုံးကို တင်ပြထား တဲ့အကြောင်း  အကြောင်းပြန် ကြားတဲ့ စာဝင်ထားတာရှိတယ် လို့ ပြောတယ်ဆိုတော့ ကူညီ ထောက်ပံ့ပေးဖို့တော့ရှိတာပေါ့’’ ဟု မွန်အမျိုးသားပညာရေးကော် မတီတာဝန်ခံ မင်းအောင်ဇေက ပြောသည်။

 မွန်အမျိုးသား  ပညာရေး ကော်မတီအနေဖြင့် မွန်အမျိုးသား ကျောင်းများအတွက် လိုအပ်သည့် ကျောင်းထောက်ပံ့ကြေး၊ ကျောင်း သုံးစာအုပ်၊ စာရေးကိရိယာနှင့် KG သူငယ်တန်းဖတ်စာအုပ်များ ကူညီထောက်ပံ့ရန် တင်ပြတောင်း ခံထားသည်ဟု မင်းအောင်ဇေက ဆိုသည်။

  မွန်အမျိုးသားပညာရေး ကျောင်းများသည် အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည် လျက်ရှိပြီး ရေရှည်ရပ်တည်နိုင် ရန် ရန်ပုံငွေရှာဖွေစုဆောင်းခြင်း ကို လုပ်ဆောင်ရန်ရှိနေသည်။

၂၀၁၆-၁၇ ပညာသင်နှစ် တွင် မွန်အမျိုးသား ကျောင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသား ၁၀,၀၀၀ ကျော်နှင့် အစိုးရကျောင်း နှင့်တွဲဖက်သင်ကြားသည့် မွန်စာ ပေသင်ကျောင်း ၉၂ ကျောင်း၊ ကျောင်းသား ၁၄,၀၀၀ ကျော်ရှိပြီး ကျောင်းဆရာ၊ ဆရာမစုစုပေါင်း ၇၈၀ ခန့်ဖြင့် ပညာသင်ကြားလျက် ရှိသည်ဟု မွန်အမျိုးသားပညာ ရေး ကော်မတီမှ မိကရက်နွန်က ပြောသည်။ မွန်ပြည်သစ်ပါတီ မွန်အမျိုးသားပညာရေးဌာနကွပ် ကဲမှုအောက်တွင် ရှိပြီး ပါတီ တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်၊ ကရင် ပြည်နယ်  ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်၊ တနင်္သာရီ တိုင်း ရေဖြူမြို့နယ်တို့တွင် မွန်စာကို မွန်အမျိုးသားကျောင်းများ၊ အစိုးရကျောင်းနှင့် တွဲဖက်သည့် ကျောင်းများတွင် သင်ကြားလျက် ရှိသည်။

7Day News Journal

No comments:

Post a Comment