Latest News

Wednesday, June 28, 2017

အတိုးနှုန်း များနေတဲ့ အတွက် တရုတ် ချေးငွေတွေကို ပြန်လည် ဆန်းစစ်ဖို့ ပုလဲ အမတ် တောင်းဆို

အတိုးနှုန်း များနေတဲ့ အတွက် တရုတ် ချေးငွေတွေကို ပြန်လည် ဆန်းစစ်ဖို့ ပုလဲ အမတ် တောင်းဆို

နေပြည်တော် ၊ ဇွန် ၂၈

ပြည်ပချေးငွေ စုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံ က ဖြစ်ပြီး အတိုးနှုန်း များနေတဲ့ အတွက် ပြန်လည် စိစစ် သင့်တယ်လို့ ပုလဲ မဲဆန္ဒနယ်က ဒေါ်ခင်စန်းလှိုင်က ဒီနေ့ လွှတ်တော်မှာ တောင်းဆိုလိုက်ပါတယ်။ သူက တရုတ်နိုင်ငံရဲ့ ချေးငွေ အတိုးနှုန်းဟာ ၄ ဒသမ ၅ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ ချေးငွေ ပမာဏ အတိုးနှုန်းဟာ ကျွန်မတို့ နိုင်ငံရဲ့ ကြွေးမြီ ဝန်ထုတ်ဝန်ပိုးမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတယ် ဆိုတာ လက်ခံရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် တရုတ်နိုင်ငံရဲ့ ချေးငွေတွေနဲ့ ပတ်သက်ပြီး စာချုပ် စာတမ်းတွေကို ပြန်လည် ဆန်းစစ်ခြင်း ၊ လျော့ပေါ့နိုင်တဲ့ အခွင့်အလမ်းတွေ ရှိရင် နှစ်နိုင်ငံ အစိုးရခြင်း ညှိနှိုင်းတာတွေကို နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုး ရှေးရှုပြီး လုပ်ဆောင် သင့်ပါတယ်” လို့ သူမက ပြောပါတယ်။

ယနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အတွင်း ၂၀၁၇ ခုနှစ် ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာ ထုတ်ပြန်ရေးနဲ့ စပ်လျဉ်းပြီး ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီရဲ့ လေ့လာ တွေ့ရှိချက် အစီရင်ခံစာ အပေါ်  ဒေါ်ခင်စန်းလှိုင် က ဆွေးနွေးစဉ် အထက်ပါ အတိုင်းပြောကြားခဲ့တာပါ။

နိုင်ငံရဲ့ ပြည်ပကြွေးမှီ စုစုပေါင်း ဟာ အမေရိကန် ဒေါ်လာ သန်း ၉၀၀၀ ကျော်နဲ့ ပြည်တွင်း ကြွေးမှီ ကျပ်သန်း ၁၈၀၀၀ ကျော် ရှိကြောင်း သိရပါတယ်။

စိုင်းလမင်း/Popular News

No comments:

Post a Comment