Latest News

Sunday, June 25, 2017

ရွေးကောက်ပွဲမှာရုရှားဝင်နှောက်ခဲ့တယ်လို့ သမ္မတထရမ့် နောက်ဆုံးမှာဝန်ခံ

ရွေးကောက်ပွဲမှာရုရှားဝင်နှောက်ခဲ့တယ်လို့ သမ္မတထရမ့် နောက်ဆုံးမှာဝန်ခံ

အိုဘားမားကို အပြစ်ဖို့

မနှစ်ကအမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားကြားဝင်စွက်ဖက်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ဆုံးမှာ ၀န်ခံစကားဆိုခဲ့ပေမယ့် ဒါကိုအရေးမယူခဲ့တဲ့ သမ္မတဟောင်းဘာရက်အိုဘားမား ကို ချက်ချင်းအပြစ်တင်စကားဆိုခဲ့တယ်လို့ သိရပါတယ်။

‘ အိုဘားမားအစိုးရဟာ နိုဝင်ဘာ ၈ ရက်မတိုင်ခင်တည်းက ရွေးကောက်ပွဲမှာ ရုရှားမွှေနှောက်ခဲ့တာကို သိနေ ခဲ့ပေမယ့် ဘာတစ်ခုမှ အရေးယူမဆောင်ရွက်ခဲ့တာ ဘာကြောင့်လဲ’ လို့ ထရမ့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဖောက်စ်သတင်းအစီအစဉ်ဖြစ်တဲ့ ဖောက်စ်အင်န်ဖရန့်စ်ကဏ္ဍရဲ့ အင်တာဗျူးတစ်ခုမှာ ထရမ့်က အိုဘားမား တုံ့ပြန်တာကို မီဒီယာတွေ၊ သတင်းတွေမှာပေါ်မလာဘူးလို့ အပြစ်တင်ပြောဆိုခဲ့ပါတယ်။

သူက သည်ရွေးကောက်ပွဲမတိုင်ခင်တည်းက စီအိုင်အေဟာ ရုရှားသတင်းတွေကို အိုဘားမားကိုပေးထားပြီး ဖြစ်ပေမယ့် တစ်ခါမှဖော်ပြတာမတွေ့ခဲ့ရဘူးလို့ သောကြာနေ့မှာထုတ်ပြန်ခဲ့တဲ့ သည်အစီအစဉ်ရဲ့ ထုတ်နုတ်ချက် တစ်ရပ်မှာ ပြောပါတယ်။

‘ သူသာ သတင်းတွေရခဲ့တယ်ဆိုရင် ဘာလို့ တစ်ခုခု မလုပ်ခဲ့တာလဲ။ ဒါနဲ့ပတ်သက်ပြီးတော့ တစ်ခုခုတော့ လုပ်သင့်တာပေါ့။ ခင်ဗျားရော ဖတ်မိရဲ့လား။ ဒါအတော်လေးစိတ်မကောင်းစရာပါပဲ’ လို့ သူကပြောပါတယ်။
FBI နဲ့ လွှတ်တော်ဆိုင်ရာကော်မတီအများအပြားဟာ ထရမ့်ရွေးကောက်ပွဲလှုံ့ဆော်မှုနဲ့ရုရှားကြားဖြစ်နိုင်တဲ့ပူးပေါင်း လုပ်ဆောင်မှုတွေနဲ့ တရားမျှတမှုကိုထရမ့်ကအဟန့်အတားပြုနိုင်ခြေတွေကိုစုံစမ်းဖို့ အမျိုးမျိုးသောစုံစမ်းစစ်ဆေးမှု တွေပြုလုပ်နေပါတယ်။ ထရမ့်ကတော့ သည်စုံစမ်းမှုကို အတုအယောင်ဇာတ်လမ်းတစ်ခု၊ သူ့ကိုမလိုလားသူတွေရဲ့ လုပ်ဇာတ်တစ်ခုလို့ ထပ်တလဲလဲခေါ်ဆိုထားပါတယ်။

ထရမ့်ရဲ့သည်နောက်ဆုံးမှတ်ချက်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရအောင် ကူညီပေးမယ့် လုပ်ငန်းတစ်ခုလုပ်ဖို့ ရုရှားသမ္မတက ပုဂ္ဂိုလ်ရေးအရ အမိန့်ပေးထားတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကို စီအိုင်အေက ရရှိခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်ရဲ့ ရေးသားချက်ကို တုံ့ပြန်လိုက်ပုံရပါတယ်။

သည်သတင်းကြောင့် အိုဘားမားအစိုးရ အံ့သြထိတ်လန့်သွားပြီး အမေရိကန်လုံခြုံရေးဆိုင်ရာအကြီးအကဲတွေ ကိုလည်း သည်သတင်းအတွက်တုံ့ပြန်ရမယ့်နည်းလမ်းကိုရှာဖွေစေခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအတွင်း ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်အနိုင်ရမယ်ယုံကြည်မှုနဲ့ ရွေးကောက်ပွဲမှာ အိုဘားမားဟာ ကြိုးကိုင်သူတစ်ဦးလို့ထင်ခံရမှာစိုးရိမ်မှုကြောင့် အမေရိကန်အစိုးရဟာ မဲပေးမှုပြီးဆုံးသွားတဲ့အချိန်အထိ တန်ပြန်ဆောင်ရွက်ချက်မလုပ်ခဲ့ဘဲ ရုရှားအစိုးရကို သတိပေးမှုတွေသာ လုပ်ခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်က ရေးသားထားပါတယ်။

ထရမ့်အံ့အားသင့်ဖွယ်အနိုင်ရသွားပြီးနောက် အစိုးရအရာရှိတွေကြား ပြင်းထန်တဲ့အရေးယူမှုတွေ မလုပ်ခဲ့တဲ့ အတွက် နောင်တရခဲ့ကြပါတယ်။ သမ္မတပူတင်အပေါ် ထောက်လှမ်းမှုတွေပြုလုပ်လာတာနဲ့တပြိုင်နက် အိမ်ဖြူတော်က သည်အချက်ကို နိုင်ငံတော် လုံခြုံရေးအပေါ်ပြင်းထန်တဲ့ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

အခြေအနေတွေပိုပြီးဆိုးလာမှာကိုစိုးရိမ်တဲ့ အိုဘားမားအစိုးရဟာ လက်တုံ့ပြန်တာတွေရပ်ဆိုင်းထားပြီး အဲ့သည့်အစား ရုရှားကို နောက်ထပ်မပြုလုပ်ဖို့ တိုက်ရိုက်သတိပေးချက်လေးခုထက်မနည်းကို ထုတ်ပြန်ခဲ့ပါတယ်။ သည့်နောက်မှာတော့ ရုရှားဟာ အမေရိကန်မဲပေးမှုကို ဖျက်ဆီးဖို့အစီအစဉ်တွေအားလုံးကို ရုပ်သိမ်းခဲ့တယ်လို့ သူတို့ ယုံကြည်ခဲ့ကြပါတယ်။
ချိုလေးငယ်/Kumudra

No comments:

Post a Comment