၂၀၁၄ ခုနှစ်မှ ၂၀၁၇ ဧပြီလအထိ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၃၅၀၀ ခန့်ရှိ
၂၀၁၄ ခုနှစ်မှ ၂၀၁၇ ဧပြီလ အထိမြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သင် အလုပ်သမားဦးရေ ၃၅၀၀ ခန့်ရှိကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အလုပ်သင်အလုပ်သမား အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်သူဦးရေမှာ ၂၀၁၄ ခုနှစ်မှ စတင်၍ မြင့်တက်လာခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဧပြီလအထိ မြန်မာ အလုပ်သင်အလုပ်သမား ဦးရေ (၃၅၀၀) ခန့် လာရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင် အိုလံပစ် အားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်သဖြင့် မြန်မာ နိုင်ငံ အပါအ၀င် အခြားနိုင်ငံအသီးသီးမှ ကျွမ်းကျင်လုပ်သား၊ အလုပ်သင် အလုပ်သမားများ ခေါ်ယူလျက်ရှိကြောင်း ဂျပန်နိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင် အိုလံပစ်အားကစားပြိုင်ပွဲများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ စတင်ပြုလုပ်လျက်ရှိရာ ဂျပန်နိုင်ငံ၏ အလုပ်သမား လိုအပ်မှုအရေအတွက်မှာ ဦးရေ(၁)သန်းခန့်ရှိကြောင်း၊ ထိုသို့လိုအပ်လျက်ရှိသော ဂျပန် နိုင်ငံ၏ ပြည်တွင်း အလုပ်သမားလိုအပ်ချက်ကို မြန်မာနိုင်ငံ အပါအ၀င် အခြားနိုင်ငံအသီးသီးမှ နိုင်ငံခြားသား အလုပ်သမားများအား Technical Intern Training Programme အောက်မှ အလုပ်သင် အလုပ်သမားအဖြစ်လည်းကောင်း၊ ကျွမ်းကျင် အလုပ်သမားအဖြစ် လည်းကောင်း ခေါ်ယူ၍ ဖြည့်တင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Technical Intern Training Programme အစီအစဉ်သည် နိုင်ငံခြားသားအလုပ်သမားများကို သက်ဆိုင်ရာ အလုပ်အကိုင် အမျိုးအစား၌ လုပ်ငန်းကျွမ်းကျင်မှုနှင့် နည်းပညာ ကျွမ်းကျင်မှု ရရှိစေရန်တို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အလုပ်အကိုင် လုပ်ငန်းခွဲအမျိုးအစား(၁၃၆)မျိုးတွင် လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုထားကြောင်း၊ ယင်းအစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်ကြမည့် အလုပ်သင် အလုပ်သမားများအနေဖြင့် လက်ရှိအခြေအနေတွင် ဂျပန်နိုင်ငံ၌(၃)နှစ် အလုပ်လုပ် ကိုင်နိုင်မည်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ အလုပ်သင် အလုပ်သမားဆိုင်ရာ ဥပဒေအသစ်အား ပြင်ဆင် အတည်ပြုပြီးချိန်တွင်(၅)နှစ်ကြာ ကာလအထိ တိုးမြှင့်၍ အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
Sunday, June 25, 2017
၂၀၁၄ ခုနှစ်မှ ၂၀၁၇ ဧပြီလအထိ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၃၅၀၀ ခန့်ရှိ
၂၀၁၄ ခုနှစ်မှ ၂၀၁၇ ဧပြီလအထိ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၃၅၀၀ ခန့်ရှိ
Reviewed by Ar Ti
on
10:02 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment