Latest News

Monday, June 12, 2017

သူရဦးတင်ဦး ဘဝအကြောင်း တစေ့တစောင်း

သူရဦးတင်ဦး ဘဝအကြောင်း တစေ့တစောင်း

ဂျပန်တော်လှန်ရေးပြီးနောက် အမေကို ပြန်လိုက်ရှာပြီး မူလရွာကို ပြန်နေပါတယ်။ နောက် မြို့တက်ပြီး ပုသိမ်မြို့  အိုးဖိုတန်းတွင် အိမ်ငှါးနေပါတယ်။ `အမေ ကျွန်တော် စစ်ဆိုရင် ရေတောင် စစ်မသောက်တော့ဘူး´ ။ အမေက `ငါ့သား သိပ်ဝမ်းသာတယ် စစ်ဆိုရင် ရေတောင် စစ်မသောက်နဲ့တော့၊ စစ်အတောအတွင်းတုန်းကလည်း ဒုက္ခရောက်တယ်၊ မင်းမရှိတော့ တို့မှာ ဖြစ်သလိုနေရတယ်။ အမေတို့နဲ့ပဲ အတူလုပ်ကိုင်စားပါ´ ။

ထိုအချိန်က တပ်မတော် ပြန်လည်ဖွဲ့စည်းရန် သတင်းစာထဲမှာ ခေါ်နေသည်။ ကန္နီစာချူ ပ်အရ တပ်ကို ပြန်ဖွဲ့မည်ဖြစ်သည်။  ရန်ကုန်ကို ကျောင်းတက်ရန် စာသွားသင်မည် ပြောသည်၊ ဆရာဝန်ဖြစ်ချင်၍ဖြစ်သည်။ ၁၉၄၆ ဖေဖေါ်ဝါရီ ရန်ကုန်ပြန်လာပြီး ရွှေဘုံသာလမ်းက ဦးလေးအိမ်မှာ ကျူ ရှင်ဖွင့် စာသင်ပါသည်။ ကျောင်းဆရာ ဦးလေး ကိုမောင်နုနှင့်အတူ စာသင်၊ ၁၀ တန်းအထိ စာသင်ခဲ့ရ၍ ၄၊ ၅၊ ၆၊ ၇ တန်းများကို စာသင်ပေးပါတယ်။

ညနေသင်တန်းမရှိသည့်အချိန်မှာ မင်းကွန်းတောရတွင် ပြည်သူ့ရဲဘော် ဋ္ဌာနချူ ပ်ဖွင့်ထား၍ ရောက်သွား၊ သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြတာပေါ့။ ဓမ္မိကဘသန်းကြီးက လက်ဖတင်နင် (နောင် ဗိုလ်မှူးကြီးဘသန်း)  မေးမြန်းပြီးနောက် စာအုပ်လှန်ရှာဖွေကာ `ဟာ မင်းကို ဒီမှာ အရာရှိတန်းခန့်ဖို့ ရေးထားတယ်´ လို့ ပြောပါတယ်။ `မင်းတပ်ခွဲမှာ မင်းတစ်ယောက်တည်းကို ရေးထားတယ်၊ စိတ်ကူးမလွဲနဲ့ တပ်ထဲပြန်ဝင်´ ။ `ကျူ ပ် ကျောင်းနေမလို့ မဝင်တော့ဘူးဗျာ´ ။ နောက်ဆုံး ပြောဆိုပြီး ပုံစံတွင် လက်မှတ်ထိုးခိုင်းပြီး နှစ်ပါတ်လောက်ကြာတော့ ဆေးသွားစစ်ရပါတယ်။ ဆေးစစ်အောင်တော့ စစ်ရုံးမှာ အင်တာဗျူးလုပ်။

စစ်ဆေးသူတွေက မေဂျာဂျင်နရယ် သောမတ်စ်၊ သူ့လက်အောက် ရီဂျင်နယ် ဂျင်နရယ် ဗိုလ်လက်ျာ၊ လက်ဖနင် ဂျင်နရယ် စောကြာဒိုး၊ လက်ဖနင် ဂျင်နရယ် ထွန်းအောင်၊ နောက် အင်္ဂလိပ်မေဂျာတစ်ယောက်။ စုစုပေါင်း (၅) ယောက်ပါ။ လိုရင်းကို ဖော်ပြရရင်တော့ ၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် အတူဖြေဆိုသူများထဲမှ တစ်ယောက်တည်း ဗိုလ် ဖြစ်ပါတယ်။ ကန္နီစာချူ ပ်အရ အရာရှိ ၁၅၀ ခန့်ရာတွင် BC (Burma Commission)  နံပါတ်အကြီးစတာက ၃၅၀၀ ။ ၃၅၀၁ က ဗိုလ်လက်ျာ ၊ ၃၅၀၂ က ဗိုလ်ဇေယျ ၊ ၃၅၀၃ က ဗိုလ်နေဝင်း။ အစီအစဉ်အတိုင်း သွားလိုက်ရာမှာ အားလုံး ၁၅၀ စေ့သွားပြီး ၃၆၅၀ စေ့သွားသော်လည်း ဗိုလ်တင်ဦး မပါသေးပါ။ ဒါပေမယ့် ဖြစ်ပုံက ကြည့်မြင်တိုင် ကျောင်းကြီးလမ်းတွင် ဓားပြမှုဖြစ်၍ ပုလိပ်ကဖမ်းတော့ ခြောက်လုံးပြူးသေနတ်တစ်လက် မိ၊ ဓားပြကောင်လေးကို မေးတော့ သေနတ်ပိုင်ရှင်က ဗိုလ်ဖိုးကြင်သေနတ်ဟု ပြော။ ဗိုလ်ဖိုးကြင်က ၃၅၄၉ ။ အဲဒီတော့ သူ့ကို ဗမာ့တပ်မတော်ကော်မရှင်ကနေ ပြန်ပြီးနုတ်ပယ်လိုက်၍ ၁၅၀တိတိ BC / ၃၆၅၁ နှင့် ပါသွားပါတော့သည်။ (တပ်ထဲမှာ ၃၅၄၉ မရှိ၊ ၃၆၅၁ နှင့် ဗိုလ်တင်ဦး)

ကိုးကား - မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး (တက္ကသိုလ်စိန်တင်)

Credit .Aung Kaye Moe

No comments:

Post a Comment