Latest News

Monday, June 12, 2017

ဥဇဘက်ကစ္စတန်ကို အနိုင်ရခဲ့သည့် အီရန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်

ဥဇဘက်ကစ္စတန်ကို အနိုင်ရခဲ့သည့် အီရန်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်

အီရန်အသင်းသည် တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစစ်ပွဲတွင် ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ၀င်ခွင့်တစ် နေရာကို ရယူနိုင်ခဲ့သည်။

 ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ၌ အီရန်အသင်းသည် ပြိုင်ပွဲပြီးဆုံးရန် (၂)ပွဲအလိုတွင်ပင် ခြေစစ်ပွဲ အောင်မြင်ရန် သေချာသွားခဲ့ခြင်းဖြစ်သည်။

အီရန်အသင်းသည် ပွဲစဉ်(၈)အဖြစ် အုပ်စုတတိယနေရာတွင် ရပ်တည်နေသည့် ဥဇဘက်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ် ပြီး (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ တောင်ကိုရီးယားနှင့် ဥဇဘက်ကစ္စတန် နှစ်သင်းစလုံး ၎င်းကို လိုက်မီနိုင်ခြင်းမရှိတော့သည့်အတွက် ခြေ စစ်ပွဲအောင်မြင်သွားခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဘရာဇီးလ်အသင်းက ပြီးခဲ့သည့်မတ်လကတည်းကပင် ပထမဆုံးခြေစစ်ပွဲအောင်မြင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အီရန်အသင်းက ဒုတိယမြောက်ခြေစစ်ပွဲအောင်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရှိရသည်။

အီရန်အသင်းသည် ခြေစစ်ပွဲအောင်မြင်ခဲ့သည့်အတွက် ဥဇဘက်ကစ္စတန်နှင့်ပွဲတွင် ကွင်းအတွင်း အောင်ပွဲခံမှုများ ပြုလုပ်ခဲ့သလို၊ ပရိသတ်များကလည်း ကွင်းပြင်ပတွင် အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

 အီရန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ယခင်က ၁၉၇၈၊ ၁၉၉၈၊ ၂၀၀၆ နှင့် ၂၀၁၄ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

အီရန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် စွမ်းဆောင်ပေးခဲ့သူမှာ ရီးယဲလ်နှင့် ပေါ်တူဂီ နည်းပြဟောင်း ကားလို့စ်ကွီရော့ဇ်ဖြစ်သည်။

Photos: AFP
Eleven Sports

No comments:

Post a Comment