Latest News

Tuesday, June 27, 2017

အမှိုက်ပုံးတွင်း ရက်ရက်စက်စက် စွန့်ပစ်ခံခဲ့ရသည့် မွေးကင်းစကလေးကို စည်ပင်ဝန်ထမ်း ကယ်တင်

အမှိုက်ပုံးတွင်း ရက်ရက်စက်စက် စွန့်ပစ်ခံခဲ့ရသည့် မွေးကင်းစကလေးကို စည်ပင်ဝန်ထမ်း ကယ်တင်

အမှိုက်ပုံးတွင်း ရက်ရက်စက်စက် စွန့်ပစ်ခံထားခဲ့ရတဲ့ မွေးကင်းစကလေးငယ်တဦးကို စည်ပင်ဝန်ထမ်းတဦးက တွေ့ရှိပြီး ကယ်တင်ခဲ့ရတယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ မန်နေဂျာအွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အဲဒီကလေးငယ်ဟာ မိန်းကလေးတဦးဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်ထဲက အမှိုက်ပုံထဲမှာ စွန့်ပစ်ခံထားခဲ့ရကာ ညပိုင်း ၁း၃၀ နာရီလောက်မှာမှ ရွန်ဂရော့ဂ်ျ အက်ထရာ အမည်ရတဲ့ စည်ပင်ဝန်ထမ်းတဦးက တွေ့ခဲ့ပြီး ကယ်တင်နိုင်ခဲ့တာပါ။

ကလေးငယ်ကို တွေ့ရှိချိန်မှာ Hello Kitty တံဆိပ် ပန်းရောင်စောင်တထည်နဲ့ ပတ်ထားခဲ့ပြီး ခန္ဓာကိုယ်အနှံ့ ပုရွက်ဆိတ်ကိုက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ခရိုင်တွင်း ရဲအရာရှိတဦးဖြစ်တဲ့ နတ်သဝပ် နာချင်းမိုင်က “ကလေးငယ်ကို အဆင်အခြင်မရှိ ဒီမှာစွန့်ပစ်ခဲ့တာပါ။ ဒါဟာ ကလေးငယ်ကို သေစေချင်လို့ ခုလိုလုပ်ခဲ့တာလို့ ကျနော်တို့ သံသယရှိပါတယ်။ အမှိုက်တွေဟာ သူ့အပေါ် ဖုံးသွားနိုင်ပြီး ပုရွက်ဆိတ်တွေကိုက်ပြီး သေသွားအောင်လို့ပေါ့” လို့ ပြောပါတယ်။

အသက် ၅၀ အရွယ်ရှိတဲ့ စည်ပင်ဝန်ထမ်း ရွန်ဂရော့ဂ်ျဟာ အဲဒီနေ့က တာဝန်ထမ်းဆောင်နေချိန်မှာ ကလေးငယ်ကို တွေ့ရှိခဲ့ရတာဖြစ်ပြီး အသက်ရှူနေသေးတဲ့အတွက် ရဲတွေဆီ အကြောင်းကြားပေးခဲ့တာပါ။

ခုလိုစွန့်ပစ်ခဲ့တဲ့ မိဘတွေကိုတော့ သူက ဝေဖန်ရှုတ်ချချင်တယ်လို့ ပြောလိုက်ပါတယ်။

လက်ရှိမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ကလေးငယ်ကို ချောင်ဘူရီခရိုင် ဆေးရုံတရုံဆီ ဆေးကုသမှု ခံယူနိုင်ဖို့ ပို့ဆောင်ထားခဲ့ရပါတယ်။

DVB

No comments:

Post a Comment