Latest News

Tuesday, June 27, 2017

ဖမ်းဆီးခံ သတင်းသမားတွေ ရဲစခန်းကို လွှဲပေးခြင်း မရှိသေး

ဖမ်းဆီးခံ သတင်းသမားတွေ ရဲစခန်းကို လွှဲပေးခြင်း မရှိသေး

တအောင်း လွတ်မြောက်ရေး တပ်မတော်နဲ့  ဆက်သွယ်လို့ ဆိုပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တပ်မတော်ရဲ့ ဖမ်းဆီးထားတာ ခံနေရတဲ့ DVB နဲ့ ဧရာဝတီ သတင်းဌာနက သတင်းသမားတွေကို ကျောက်မဲမြို့ အမှတ် (၁) တပ်မတော်စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ် မှာ ထိန်းသိမ်းထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တဦးက ဘီဘီစီကို အတည်ပြုပါတယ်။

သတင်းသမား ၄ ယောက်၊ ဘုန်းကြီး ၂ ပါး၊ ကားမောင်းသမား ၂ ယောက် ကို မနေ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အဲဒီ တာဝန်ရှိသူက ဆိုပါတယ်။

DVB နဲ့ ဧရာဝတီ သတင်းဌာနတွေကို ဘီဘီစီက ဆက်သွယ်မေးကြည့်ရာမှာတော့ သူတို့ရဲ့ သတင်းထောက်တွေနဲ့ အခု အချိန်အထိ အဆက်အသွယ်မရသေးသလို ဘယ်နေရာမှာ ဖမ်းထားတယ် ဆိုတာလည်း မသိရသေးဘူးလို့ ပြောပါတယ်။

မနေ့က ထုတ်ပြန်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ သတင်းသမား ၃ ဦး အပါအဝင် လူ ၇ ဦး ကို တပ်မတော် ကနေ လားရှိုးရဲစခန်းကို လွှဲပေးပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို သတင်းထောက်တွေ ထိန်းသိမ်းခံရတဲ့ အပေါ် အမေရိကန်သံရုံး (ရန်ကုန်) ကလည်း သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

ပုံစာ - ထိန်းသိမ်းခံရသူ တဦးဖြစ်တဲ့ ဧရာဝတီ သတင်းထောက် ကိုသိန်းဇော် (ခ) Lawi Weng

Photo Credit - Lawi Weng Facebook
BBC

No comments:

Post a Comment