Latest News

Wednesday, June 7, 2017

ပျောက်ဆုံးလေယာဉ်အား ဆက်လက်ရှာဖွေနေပြီး ကယ်ဆယ်ရေး အဖွဲ့များမှ ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရန် လောင်းလုံမြို့တွင် စခန်းချ စောင့်ဆိုင်းနေ

ပျောက်ဆုံးလေယာဉ်အား ဆက်လက်ရှာဖွေနေပြီး ကယ်ဆယ်ရေး အဖွဲ့များမှ ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရန် လောင်းလုံမြို့တွင် စခန်းချ စောင့်ဆိုင်းနေ


တပ်မတော်၏ ပျောက်ဆုံးလေယာဉ် Y-8 နှင့် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့သည့် ထားဝယ်ခရိုင် လောင်းလုံးကမ်းရိုးတန်း တစ်လျှောက်၌ မြန်မာ့တပ်မတော် ထားဝယ်အခြေစိုက် တပ်ရင်းများမှ စစ်သည်များနှင့် တပ်မတော်(ရေ)မှ စစ်သဘောင်္များဖြင့် ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက လောင်းလုံးမြို့နယ် ရှင်မော်အငူအနီးရှိ မြင်းခွာအော်ကမ်းခြေတွင် ပျောက်ဆုံးလေယာဉ်၏ အပိုင်းအစနှင့် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ အလောင်းများ လာရောက် သောင်တင်နေသည်ဟု ဒေသခံများထံမှ ကနဦးသတင်းရရှိ၍ ကယ်ဆယ်ရေး အဖွဲ့ များအနေဖြင့် သွားရောက်ရှာဖွေ ခဲ့သော်လည်း တစ်စုံတစ်ရာ တွေ့ ရှိခဲ့ခြင်း မရှိသောကြောင့် ကယ်ဆယ်ရေး အဖွဲ့ ဝင်များအားလုံး လောင်းလုံးမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ပြီး လောင်းလုံးမြို့မရဲစခန်းရှေ့တွင် စခန်းချကာ ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရန် စောင့်ဆိုင်းနေလျက်ရှိကြောင်း သိရသည်။


လက်ရှိ (ဇွန်လ ၈ ရက်နေ့ နံနက် ၃ နာရီအချိန်ထိ) တွင် ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးဘဲ ရှာဖွေနေမှု သတင်းများအပေါ် စောင့်ဆိုင်းနေဆဲဖြစ်ပြီး လောင်းလုံးမြို့နယ် အနှံ့ ၌ နေရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းနေကာ လေပြင်းများလည်း တိုက်ခတ်နေသည်ကို တွေ့ ရသည်။

ဇွန်လ ၈ ရက်နေ့ နံနက်အာရုံတက် အချိန်မှစ၍ ပျောက်ဆုံးလေယာဉ်အား နောက်ဆုံး အဆက်အသွယ် ရခဲ့သည့် နေရာတစ်ဝိုက်နှင့် လေယာဉ်ပျက်ကျ လာသည်ကို မြင်တွေ့ ခဲ့ကြောင်းနှင့် ပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံအချို့  ပြောကြားသည့် နေရာများကို အင်အားအများအပြားဖြင့် ရှာဖွေမှုများ ပိုမိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့ များထံမှ သိရသည်။

ဖြိုးဇင် (ထားဝယ်)

Eleven Media Group

No comments:

Post a Comment