Latest News

Wednesday, June 14, 2017

အမေရိကန်လွှတ်တော်အမတ်များ၏ ဘေ့စ်ဘောပြိုင်ပွဲအတွက် လေ့ကျင့်ရာနေရာတွင် ပစ်ခတ်မှုဖြစ်

အမေရိကန်လွှတ်တော်အမတ်များ၏ ဘေ့စ်ဘောပြိုင်ပွဲအတွက် လေ့ကျင့်ရာနေရာတွင် ပစ်ခတ်မှုဖြစ်

ဝါရှင်တန်၊ ဇွန် ၁၄ ။          ။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဆင်ခြေဖုံးတွင် ကျင်းပရန်ရှိသည့် လွှတ်တော်အမတ်များကြား နှစ်စဉ်ဘေ့စ်ဘောပြိုင်ပွဲအတွက် အကြိုလေ့ကျင့်ရာ နေရာတွင် ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်ရပ်တွင် ပစ်ခတ်ခံရကာ ဒဏ်ရာရသူများကြား အကြီးတန်း ရီပတ်ဘရီကန်လွှတ်တော်အမတ် စတိဗ်စကေးလက်စ် ပါဝင်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဇွန် ၁၄ ရက်တွင် အေအက်ဖ်ပီသို့ ပြောသည်။

စကေးလက်စ်သည် တင်ပါးကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာ တာဝန်ရှိသူနှစ်ဦးနှင့် လွှတ်တော်ဝန်ထမ်းတစ်ဦးတို့လည်း ဒဏ်ရာရကြောင်း လွှတ်တော်အမတ် မိုဘရော့ခ်က ဆိုသည်။

ပစ်ခတ်မှု ကျုးလွန်သည် သံသယရှိသူကို ဖမ်းဆီးစစ်ဆေးလျက် ရှိနေသည်။ ယင်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရမ့်က အလွန်စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့သည်။

အောက်လွှတ်တော်တွင် ရီပတ်ဘရီကန်ပါတီ၏ အမာခံဖြစ်သူ စကေးလက်စ်က တင်ပါးထိမှန်ခြင်းကြောင့် ၎င်းဘာသာသွားလာလှုပ်ရှားနိုင်ခြင်း မရှိကြောင်း၊ ယင်းကြောင့် သေနတ်ပစ်ခတ်နေသူနှင့် ဝေးရာကို တရွတ်ဆွဲကာ ရှောင်တိမ်းခဲ့ရခြင်းဖြစ်ကြောင်း ဘရော့ခ်က ပြောခဲ့သည်။

Mizzima

No comments:

Post a Comment