Latest News

Saturday, June 3, 2017

"ကျောက်မဲရှိ စတိုးဆိုင်တစ်ဆိုင်သို့ ပါဆယ်ဗုံး ပို့၍ ခြိမ်းခြေက်မှု ဖြစ်ပွား "

"ကျောက်မဲရှိ စတိုးဆိုင်တစ်ဆိုင်သို့ ပါဆယ်ဗုံး ပို့၍ ခြိမ်းခြေက်မှု ဖြစ်ပွား "

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှ စတိုးဆိုင်တစ်ဆိုင်အား ဗုံးပါသော ပါဆယ်ဘူးပို့၍ ခြိမ်းခြောက်ခံခဲ့ရပြီး ရေပူစစ်ဆေးရေးစခန်းတွင်လည်း မိုင်းတစ်လုံးပေါက်ကွဲကာ မပေါက်ကွဲသေးသော မိုင်းတစ်လုံး တွေ့ရှိမှု ဇွန်လ ၃ ရက်ည က ဖြစ်ပွားခဲ့သည်။

ကျောက်မဲမြို့မှ စတိုးဆိုင်တစ်ဆိုင်တစ်ဆိုင်သို့  ဖန်ခွက်အချို့ထည့်ထားသော စက္ကူဘူးအတွင်း ဗုံး တစ်လုံးထည့်ကာ ဆိုင်ကယ်စီး လူတစ်ဦးက လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းခိုင်က ပြောသည်။

ည ၈ နာရီခန့်က လာရောက်ပို့ဆောင်ခြင်းဖြစ်ပြီး ဆိုင်ရှင်၏ ထွက်ဆိုချက်ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၄င်းက ဆိုသည်။
ထို့ပြင် လားရှိုး- သိန္နီ ပြည်ထောင်စု လမ်းမပေါ်ရှိ ရေပူစစ်ဆေးရေးစခန်းအနီးတွင်လည်း မိုင်းတစ်လုံး ပေါက် ကွဲမှု ဇွန်လ ၃ ရက် ည ၉ နာရီကျော်က ဖြစ်ခဲ့ပြီး ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း ရေပူစစ် ဆေးရေးဂိတ်အဖွဲ့ခေါင်း ဆောင် အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတက် ထွန်း အောင်က ပြောသည်။

ချိန်ကိုက်မိုင်းကို ဒေသတွင်းလုံခြုံရေးတာဝန်ယူထားသော တပ်မတော်၏ အစီအစဉ်ဖြင့် ယနေ့(ဇွန် ၄ရက်) နံနက်တွင် ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း ဦးတက် ထွန်းအောင်က ပြောသည်။မိုင်းကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင်း လတ်တလောအခြေအနေများကြောင့် ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး အထူး တင်းကြပ်ထားကာ လူထုနှင့် ပူပေါင်းဆောင်ရွက်နေကြောင်း ရှမ်ပြည်နယ် ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

Credit - 7Day News

No comments:

Post a Comment